နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သွင်းဂိုး အများနဲ့ အတူ နာပိုလီဘက်မှာ ခြေစုံပစ် ရပ်တည်သင့်တယ် | နာပိုလီ – ဘိုလော့ဂ်နာ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နာပိုလီ – ဘိုလော့ဂ်နာ

ဒီတစ်ပတ် ပွဲစဉ်တွေထဲ မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီနဲ့ အီတလီ စီးရီးအေ ဝါရင့်နည်းပြ မီဟိုင်းဂျီလိုဗစ်  တာဝန်ယူ ကိုင်တွယ်နေတဲ့ ဘိုလော့ဂ်နာတို့ ထိပ်တိုက်တွေ့ဆုံ နေပါတယ်။ ရှုံးပွဲမရှိ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ နာပိုလီနဲ့ ပုံစံကောင်းတစ်ခု ရှိနေတဲ့ ဘိုလော့ဂ်တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုက သာမန် အခြေအနေထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပါတယ်။

နာပိုလီရဲ့ ပုံစံကောင်းက စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပွဲစဉ် ၉ ပြီးတဲ့ အထိ ရှုံးပွဲမရှိ ရလဒ်ရရှိအောင် စွမ်းဆောင် ထားခဲ့ပြီး ခံစစ်၊ တိုက်စစ် အမျှတဆုံး အသင်းအဖြစ် ရှိနေခဲ့တာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ရိုးမားနဲ့ ပွဲစဉ်မှာ သရေကျခဲ့တယ် ဆိုပေမယ့် နာပိုလီရဲ့ စီးရီးအေ နောက်ဆုံး ၅ ပွဲက ၄ ပွဲနိုင် ၁ ပွဲ သရေ ရလဒ်ဖြစ်လို့ အထင်ကြီးစရာ ရလဒ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ နောက်ခံလူ မာနိုလက်စ် တစ်ဦးတည်းသာ ဒဏ်ရာကြောင့် မပါဝင်နိုင် တဲ့ အခြေအနေမှာ ပိုလစ်တာနို၊ အိုဆင်ဟမ်၊ အင်စ်ဂနီ၊ ကာလူဘယ်လီ၊ လော်ရန်ဇို၊ အော့စပီနာ တို့ကို ပွဲထွက်  ကစားသမား စာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ လိုအပ်ချက်တွေ ရှိနေဆဲ ဆိုပေမယ့် နာပိုလီရဲ့ တိုက်စစ်က နောက်ဆုံး ပွဲချိန်တွေ အထိ အလုပ် ဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။ တစ်ခုရှိတာက နာပိုလီ အနေနဲ့ အေစီမီလန်ရဲ့ ဖိအားကြောင့် အမှတ်ပေးဇယား ဦးဆောင်သူ နေရာအတွက် ဒီပွဲကို လုံးဝမှားလို့  မရတော့တာပါပဲ။ နာပိုလီ တိုက်စစ်ရဲ့ ရသအပြည့် ဖျော်ဖြေမှု နဲ့အတူ သွင်းဂိုးတွေ မြင်တွေ့ရမလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်လို့ပဲ ဆိုရမှာပါ။

လက်ရှိ စီးရီးအေ ပွဲစဉ် အနေအထား အရ ၉ ပွဲ ကစားပြီးချိန်မှာ  ၃ ပွဲနိုင် ၃ ပွဲ သရေ၊ ၃ ပွဲရှုံး ဆိုတဲ့ ရလဒ်က အဓိက သက်သေလို့ ပြောရမှာပါ။
စီးရီးအေ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဘိုလော့ဂ်နာ

ဘိုလော့ဂ်နာ ကတော့ ပုံမှန်ခြေစွမ်း နဲ့အတူ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲကို အနိုင်ကစားပြီး အသင်းကြီးတွေ ဆီက  အမှတ် ခွဲယူနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိ စီးရီးအေ ပွဲစဉ် အနေအထား အရ ၉ ပွဲ ကစားပြီးချိန်မှာ  ၃ ပွဲနိုင် ၃ ပွဲ သရေ၊ ၃ ပွဲရှုံး ဆိုတဲ့ ရလဒ်က အဓိက သက်သေလို့ ပြောရမှာပါ။ ဒါပေမဲ့  တစ်ခါတစ်ရံ အမှားများတတ်တဲ့ ဘိုလော့ဂ်နာ ခံစစ်ကတော့ အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ပေးဂိုး  ၁၉ ဂိုး ဆိုတဲ့ ပမာဏက တစ်ပွဲပျှမ်းမျှ ၂ ဂိုး အထက်မှာ ရှိနေတာ ကတော့ နာပိုလီလို အသင်းမျိုးကို  ပွဲချိန်ပြည့် ထိန်းထားနိုင်ဖို့ မလွယ်ကူပါဘူး။ တစ်ခုရှိတာက ဘိုလော့ဂ်နာရဲ့ တန်ပြန် တိုက်စစ်ကိုလည်း မဖြစ်မနေ ထည့်သွင်းရမှာပါ။ ဝါရင့်နည်းပြ နှစ်ဦးဖြစ်လို့ ကစားသမား တွေထက်  နည်းဗျူဟာပိုင်း အားပြိုင်မယ့် ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ သေချာတာ တစ်ခုကတော့ နာပိုလီရဲ့ ချန်ပီယံ အိပ်မက်ကို ဘိုလော့ဂ်နာတို့ အထိုက် အလျောက် အခက်အခဲ ဖြစ်စေမှာတော့ သေချာပါတယ်။ အာနျူတိုဗစ်၊ ဘာရိုးလ်၊ မီဒဲလ် တို့လို ကစားသမားတွေရဲ့ ရုန်းအား နဲ့အတူ မာရာဒိုနာစတေဒီယံမှာ ဘိုလော့ဂ်နာတို့ ဘယ်လိုရ လဒ်မျိုး ရယူနိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာ ထိပ်တိုက်တွေ့ဆုံမှု အရ နာပိုလီတို့ အပြတ်အသတ် အသာရနေခဲ့ပြီး နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃၄ ကြိမ် မှာ နာပိုလီတို့ ၁၈ ကြိမ်နိုင်၊ ၅ ကြိမ် သရေကျထားခဲ့ပြီး ဘိုလော့ဂ်နာက ၁၁ ကြိမ် ပြန်ပြီး အနိုင်ရထားခဲ့ပါတယ်။ ၂၀၂၁ မတ်လက ရင်ဆိုင်ခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၆ မှာတော့ နာပိုလီက ၃-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိ ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နာပိုလီ vs ဘိုလော့ဂ်နာ ဂိုးအောက် 3.00 @ 2.09
October 30, 03:00 (GMT+8)

1X2ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၃၀ ဆ၊ သရေ အတွက် ၅.၅၀ ဆ၊ ဧည်သည့် အသင်းအတွက် ၉.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ ဘိုလော့ဂ်နာ အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရတိုင်း ဂိုးများလေ့ရှိတဲ့ အခြေအနေ တွေကြောင့် နှစ်သင်းပေါင်း သွင်းဂိုး အများဘက်ကို ပိုပြီး မျှော်လင့်မိပါတယ်။ နှစ်သင်းလုံးမှာ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပါဝင်နေခဲ့တာ ကလည်း အဓိက အချက် တစ်ခုအဖြစ် ရှိနေတာပါ။ သရေ ရလဒ်က နှစ်သင်းလုံး အတွက် အမျှတဆုံး ရလဒ်တစ်ခု ဖြစ်ပေမယ့် အကျိုးအမြတ် အရ ရွေးချယ်မှု တစ်ခုအဖြစ် အိမ်ရှင် နာပိုလီကိုပဲ ရွေးချယ် အားပေးစေချင်တယ်။ နာပိုလီ အသင်း အနိုင်သေချာပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်