နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBOTOP APP Welcome Freebet – MM | Jul 18 2023
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေပဲလ်မှာ နိုင်ပွဲ ပြန်ရှာရမယ့် နာပိုလီ | စီးရီးအေ (ပွဲကြိုသုံးသပ်ချက်)

00 Days
00 Hours
00 Minutes

နာပိုလီ – ရိုးမား

အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် စီးရီးအေ ပွဲစဉ် တွေထဲက အကောင်းဆုံး တွေ့ဆုံမှုလည်း ဖြစ်ပြီး နာပိုလီက ရိုးမားကို နေပဲလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

မနှစ်က ပုံစံကောင်း တစ်ခုနဲ့ စီးရီးအေ ချန်ပီယံ ဖြစ်ထားတဲ့ နာပိုလီ ကတော့ ဒီရာသီမှာ တော်တော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။ နာပိုလီဟာ လက်တလော စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ရောက်ရှိနေပြီး လာမယ့် ရာသီ ဥရောပဝင်ခွင့် ရဖို့တော့ မသေချာတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ နာပိုလီဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၅ ပွဲမှာ မွန်ဇာ တစ်သင်းတည်းကို အနိုင်ရထားပြီး ကျန် ၄ ပွဲ မှာတော့ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ နာပိုလီရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၆ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပါတယ်။

ရိုးမား ကတော့ ဒီရော့ဆီ လက်ထက်မှာ ပုံစံကောင်း ရနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ ဘိုလော့ဂ်နာကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ရိုးမားကို ခံစစ်ကောင်းတဲ့ အသင်းလို့ ချီးကျူးနေခဲ့ပေမယ့် ဘိုလော့ဂ်နာ ကိုတော့ ၃ ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ရိုးမားဟာ လက်ရှိ စီးရီးအေ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ယူအီးအက်ဖ်အေရဲ့ သတ်မှတ်ချက် အရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။ ရိုးမားရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၆ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

ရိုးမားဟာ လက်ရှိ စီးရီးအေ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ယူအီးအက်ဖ်အေရဲ့ သတ်မှတ်ချက် အရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။
စီးရီးအေ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ရိုးမား

အခုပွဲကို နာပိုလီ ဘက်က အိုလစ်ဗီယာ တစ်ဦးတည်း ဒဏ်ရာရနေလို့ လွဲချော်မှာ ဖြစ်ပြီးတော့ ရိုးမား ဘက်မှာတော့ ယောရန်းတေးနဲ့ ပါရီဒက်စ်တို့ ပွဲပယ်ခံထားရသလို လူကာကူ ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နာပိုလီ – မီရတ်၊ ဂျေဇုစ်၊ အော့စ်တီဂတ်၊ ဒီလော်ရန်ဇို၊ နာတန်၊ လိုဘွတ်ကာ၊ အန်ဂစ်ဆာ၊ ဇီလင်းစကီး၊ ပိုလီတာနို၊ ခဗရာစခီလီယာ၊ အိုဆင်မ်ဟန်

ရိုးမား – ဆဗီလာ၊ မန်ချီနီ၊ ဆီလစ်ခ်၊ အိန်ဂျယ်လီနို၊ စမောလင်း၊ ခရစ္စတန်တီ၊ ပယ်လီဂရီနီ၊ ဘိုဗီ၊ ဒီဘားလား၊ အယ်ရှာရာဝီ၊ အေဘရာဟမ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ နာပိုလီက ၁၄ ကြိမ်နိုင်၊ ၅ ကြိမ် သရေကျပြီးတော့ ရိုးမား ကတော့ ၁၀ ကြိမ် အနိုင်ရခဲ့ပါတယ်။ စီးရီးအေ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ရိုးမားက ၁ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး နာပိုလီက ၂ ကြိမ် နိုင်ခဲ့ပါတယ်။ နာပိုလီ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ နာပိုလီက ၂ ကြိမ် နိုင်ပြီး ရိုးမားက ၁ ကြိမ် နိုင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နာပိုလီ နိုင်ရင် ၁.၉၈ ဆ၊ ရိုးမား နိုင်ရင် ၃.၄၉ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာတော့ နာပိုလီက သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းရင် ပျော်ရွှင်ရပါပြီ။ နာပိုလီ တို့ ခြေပျက်နေချိန်မှာ ဒီလိုကြေးမျိုးပေးထားတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ နာပိုလီတို့ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလာမှာ ဖြစ်ပြီး ဒီပွဲမှာတော့ အရဲစွန့်ပြီး အိမ်ရှင် ဘက်က ရပ်တည်ထားချင်ပါတယ်။ နာပိုလီတို့ ကပ်နိုင်သွားဖို့ များပါတယ်။

 

ခန့်မှန်းရလဒ်

နာပိုလီ ၂-၁ ရိုးမား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Live Chat