နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အခိုင်အမာ ရရေး အကြိတ်အနယ် ကစားကြမယ့် ရိုးမားနဲ့ ဘိုလော့ဂ်နာ | စီးရီးအေ (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရိုးမား – ဘိုလော့ဂ်နာ

စီးရီးအေ ပွဲစဉ် (၃၃) ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ရိုးမားနဲ့ ဘိုလော့ဂ်နာတို့ အိုလံပီကိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၄နဲ့ ၅ နေရာမှာ အထက်အောက် ရပ်တည်နေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်လို့ စိတ်ဝင်စားစရာပါပဲ။

စီးရီးအေမှာ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ရိုးမားက ဒီရော့ဆီ လက်ထက်မှာ ပုံစံကောင်း ရနေမှုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ရိုးမားဟာ ယူရိုပါလိဂ် မှာလည်း အေစီမီလန်ကို နှစ်ကျော့စလုံး အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ထားခဲ့ပြီ ဖြစ်သလို စီးရီးအေ မှာတော့ ထိပ်ဆုံး ၄ သင်းနေရာ ဝင်ရေး အခြေအနေကောင်းလျက် ရှိပါတယ်။ ဒီရော့ဆီဟာ သူ့ရဲ့ အသင်းကို ခံစစ်ပိုင်း ကျစ်လျစ်စွာ ကစားနိုင်အောင် တည်ဆောက်ထားပြီး ပြိုင်ဘက်တိုင်းကို ခက်ခဲအောင် လုပ်နေတာ ဖြစ်ပါတယ်။ ရိုးမားရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲသာ ရှုူံးထားပါတယ်။

သီယာဂို မော့တာရဲ့ ဘိုလော့ဂ်နာ ကတော့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီးတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေပါတယ်။ ဘိုလော့ဂ်နာဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၀ ပွဲမှာ အင်တာမီလန် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲ အားလုံး ရလဒ်ကောင်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲမှာတော့ ဖရိုဆီနုန်း၊ မွန်ဇာ တို့ကို သရေသာ ကစားထားနိုင်ခဲ့ပါတယ်။ ဘိုလော့ဂ်နာရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၄ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

သီယာဂို မော့တာရဲ့ ဘိုလော့ဂ်နာ ကတော့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီးတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေပါတယ်။
အဝေးကွင်း နောက်ဆုံး ၄ ပွဲဆက် မရှုံးထားတဲ့ ဘိုလော့ဂ်နာ

အခုပွဲကိုတော့ ရိုးမား ဘက်က အန်ဒစ်ကာ တစ်ဦးတည်း လွဲချော်ဖို့ ရှိပြီးတော့ ဘိုလော့ဂ်နာ ဘက်မှာတော့ လီဝစ် ဖာဂူဆန်၊ အာ့ဒ်ဂတ်၊ ဆူမာအိုရိုတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရိုးမား – ဆဗီလာ၊ ဆီလစ်ခ်၊ မန်ချီနီ၊ ယော်ရန်းတေး၊ အိန်ဂျယ်လီနို၊ ခရစ္စတန်တီ၊ ပါရီဒက်စ်၊ ပယ်လီဂရီနီ၊ ဒီဘားလား၊ အေဘရာဟမ်၊ အဲလ်ရှာရာဝီ

ဘိုလော့ဂ်နာ – စကိုရပ်စကီး၊ ပေါ့ရှ်၊ လူကူမီ၊ ကာလာဖီအိုရီ၊ ခရစ္စတန်ဆန်၊ ဖရီအူလာ၊ အော်ဆိုလီနီ၊ အဘစ်ချာ၊ ဖေဘီယန်၊ ဆယ်လီမေကာစ်၊ ဇီရက်ခ်ဇီး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရိုးမားက ၁၂ ကြိမ်နိုင်၊ ဘိုလော့ဂ်နာက ၅ ကြိမ်နိုင်ပြီး ၈ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ရိုးမားက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဘိုလော့ဂ်နာက ၂ ကြိမ် နိုင်ကာ၊ ၂ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ရိုးမားက ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပြီးတော့ ဘိုလော့ဂ်နာက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ ရိုးမား နိုင်ရင် ၂.၄၀ ဆ၊ ဘိုလော့ဂ်နာ နိုင်ရင် ၂.၉၁ ဆ၊ သရေ ဆိုရင်တော့ ၂.၉၃ ဆရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ရိုးမားက သရေ တစ်ဝက် ရှုံး၊ သရေ အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းနီးပါး သွင်းဂိုးတွေ နည်းခဲ့ပြီးတော့ လက်ရှိမှာ နှစ်သင်းစလုံးက ခံစစ်ပိုင်း ကျစ်လျစ်နေတာကြောင့် သွင်းဂိုး အနည်းကို ဦးတည်နိုင်ပါတယ်။ ရိုးမားဟာ နိုင်ပွဲတွေနဲ့ အတူ ရှေ့ဆက်နေပြီးတော့ စိတ်ဓာတ်ပိုင်းကလည်း မြင့်တက်နေပါတယ်။ ရိုးမားတို့ ၁ ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ် ထင်ပါတယ်။


ခန့်မှန်းရလဒ်

ရိုးမား ၀-၂ ဘိုလော့ဂ်နာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်