နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး မအံ့ဩဘူး ဆိုတဲ့ တာဇစ် | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျေဒန် ဆန်ချိုဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဒေါ့မန် အတွက် ပါဝင် ကစားပေးခဲ့ပြီး အရေးပါတဲ့ နိုင်ပွဲရဖို့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ဆန်ချိုဟာ အဲ့ဒီပွဲမှာ ပီအက်စ်ဂျီရဲ့ နောက်တန်းကို တောက်လျောက် အလုပ် ရှုပ်စေခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ နိုင်ပွဲ အတွက် အကောင်းဆုံး ပံ့ပိုးပေးခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ဒေါ့မန်ဟာ ဒုတိယအကျော့ ပီအက်စ်ဂျီ ကွင်းမှာ အနိမ့်ဆုံး သရေကစားနိုင်ရုံနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဆန်ချိုဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဒေါ့မန် ကနေ ယူနိုက်တက်ကို ယူရို ၈၅ သန်း (ဒေါ်လာ ၉၁.၁၁ သန်း) နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အချင်းများခဲ့သလို ပုံမှန် ပွဲထွက်ခွင့်လည်း မရခဲ့တာကြောင့် ဂျာမန်မြေကို ပြန်လည် ခြေချခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန်ရဲ့ ညာတောင်ပံ ကနေ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသထားနိုင်တဲ့ ဆန်ချိုကို နည်းပြ အီဒင် တာဇစ်က တော်တော်လေး သဘောကျနေပြီး လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း ဆန်ချိုရဲ့ အရည်အသွေးကို အမြဲတမ်း မြင်တွေ့နေရတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

တာဇစ်က သတင်းထောက်တွေနဲ့ အတွေ့မှာ “အထူးသဖြင့် ကစားပုံ ဟန်ချက် ပျက်လာတာ ကြာတဲ့ အခါမှာ ပွဲထွက်ခွင့်ပေးဖို့က သိပ်မလွယ်ပါဘူး။ သူ့ရဲ့ အရည်အသွေးကို ငါတို့သိပြီး ဒီနေ့မှာလည်း မြင်တွေ့နေရပါတယ်။ ဂျေဒန့် ဆီက ဒီလိုမျိုး စွမ်းဆောင်ရည်မျိုး ကျနော်တို့ လိုအပ်တယ်လို့ နားလည်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒေါ့မန်ဟာ ပီအက်စ်ဂျီကို ပထမအကျော့မှာ နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒုတိယအကျော့မှာလည်း အနိမ့်ဆုံး သရေကစားနိုင်ဖို့ လိုအပ်နေကြောင့် နည်းပြ အီဒင် တာဇစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ၊ ကျဉ်းမြောင်းတဲ့ နိုင်ပွဲ တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းမွန်တဲ့ အသင်းလိုက် ကစားပုံကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအားသာချက်လေးကို ကျွန်တော်တို့ ထပ်ပြီး လိုချင်ပါတယ်။ လာမယ့် ပွဲကတော့ ပြီးခဲ့တဲ့ ပွဲထက် ပိုပြီး ပြင်းထန်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။”

“ဒါက တစ်ဝက်ပဲ ရှိသေးပြီးတော့ နောက်တစ်ပတ်မှာ ကွဲပြားတဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိလာဦးမှာပါ။ အိမ်ကွင်း လူအုပ်ကြီးရှေ့မှာ သူတို့ရဲ့ ပါဝါ အပြည့်နဲ့ ကစားပုံကို ကိုင်တွယ်ဖို့ လွယ်မှာ မဟုတ်ပါဘူး။

“သူတို့ရဲ့ အရည်အသွေးကို ကျွန်တော်တို့ ခံစားမိပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့ အကောင်းဆုံး ကစားပြခဲ့ပေမယ့် လာမယ့် အပတ်မှာ သူတို့ရဲ့ ပရိသတ်တွေ အားနဲ့ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားပါလိမ့်မယ်။

အင်္ဂါနေ့က ဘေယန်မြူးနစ်ဟာ ရီးယဲလ်မက်ဒရစ်နဲ့ သရေကျခဲ့တာကြောင့် ဂျာမန် နောက်ရာသီ ဘွန်ဒက်စ်လီဂါ ကနေ အသင်း ၅ သင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဒေါ့မန်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တာဇစ်က “ ကျွန်တော်တို့က ဒီနည်းနဲ့ မဟုတ်ဘဲ ဘွန်ဒက်လီဂါ ကနေ ချန်ပီယံလိဂ် ဝင်ခွင့်ကို လိုချင်တာပါ။

ဒါပေမယ့် အဆင့် ၅ နေရာနဲ့ ဝင်ခွင့်ရခဲ့ခြင်းက လုံလောက်ပြီး ကျွန်တော် တို့ရဲ့ အောင်မြင်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်