နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူးလ်ခရက်ဂျ်ရဲ့ ဂိုးနဲ့ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ ဒေါ့မန် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒေါ့မန် ၁-၀ ပီအက်စ်ဂျီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယနေ့ ပွဲစဉ် မှာတော့ ဒေါ့မန်က ပီအက်စ်ဂျီကို သူတို့ရဲ့ အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒေါ့မန်ရဲ့ မထင်မှတ်ထားတဲ့ ပုံစံကောင်း တစ်ခုကြောင့် ပီအက်စ်ဂျီတို့ ရုန်းကန်ခဲ့ရပြီး ဒုတိယအကျော့မှာ အခုထက် ပိုပြီး အားထုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒေါ့မန်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့သလို ပီအက်စ်ဂျီ ကတော့ ၄-၃-၃ နဲ့ ဒေါ့မန်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ဒေါ့မန်မှာ ကိုဘယ်၊ ရှလော့တ်တာဘက်ခ်၊ ဟမ်းမဲလ်စ်၊ မတ်ဆန်၊ ရွိုင်ယာဆန်၊ ချန်၊ ဆဘစ်ဇာ၊ ဘရန့်တ်၊ အဒီရီမီ၊ ဆန်ချို၊ ဖူးလ်ခရက်ဂျ် တို့ ပါဝင်ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ မှာတော့ အမ်ဘာပေးက အထောင်တိုက်စစ်မှာ ဦးဆောင်ခဲ့ပြီး ဘာကိုလာ၊ ဒမ်ဘီလီ တို့နဲ့ ဝန်းရံခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဗစ်တင်ဟာ၊ ရူအစ်ဇ်၊ ဇိုင်း အမ်မရီ၊ မာကွင်ညော့စ်၊ ဟာနန်ဒက်ဇ်၊ မန်းဒက်စ်၊ ဟာကီမီ၊ ဂိုးမှာ ဒွန်နာရူးမားပဲ ပွဲထွက်ခဲ့ပါတယ်။ 

ဒီနေ့ပွဲမှာ ဒေါ့မန်က အားလုံး မထင်မှတ်ထားလောက်အောင် ကစားပုံ ကောင်းမွန်ခဲ့ပြီး ပီအက်စ်ဂျီတို့ ရုန်းကန်ခဲ့ရပါတယ်။ တိုက်စစ်က ကီလီယန် အမ်ဘာပေး လည်း ဘာလုပ်ရမှန်း မသိပဲ ကြောင်ပျောက်ခဲ့ရသလို ဘာစီလိုနာနဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘာကိုလာ လည်း ဒေါ့မန် ခံစစ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အူစမန်နီ ဒမ်ဘီလီ ကတော့ သူ့ရဲ့ အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ ဂိုးပေါက်တွေ ချော်ကန်ခဲ့သလို ပီအက်စ်ဂျီဟာ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက် တည့်မှု လုံးဝ မရှိခဲ့ပါဘူး။ အီဒင် တာဇစ်ရဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်ပုံ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ခံစစ်ပိုင်းက ကျစ်ကျစ်လျစ်လျစ် ရှိခဲ့သလို တောင်ပံ နှစ်ဖက်က ဆန်ချိုနဲ့ အဒီရီမီ တို့လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆန်ချိုဟာ ဆိုရင် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား လို့ သတ်မှတ်လို့ ရခဲ့ပြီး တစ်ဦးချင်း စွမ်းဆောင်ရည်လည်း အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာလည်း ဘာစီလိုနာကို ပထမအကျော့မှာ ၂-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ကျမှ အဝေးကွင်းမှာ ၁-၄ နဲ့ ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မန်ကွင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ဒေါ့မန် အတွက် တစ်လုံးတည်းသော သွင်းဂိုး ကိုတော့ နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်က ပွဲချိန် ၃၆ မိနစ်မှာ ခံစစ်က ရှလော့တ်တာဘက်ခ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို လှလှပပ ထိန်းပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ကွင်းလယ်နဲ့ တောင်ပံချင်း အဓိကထား ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆန်ချို၊ အဒီရီမီ တို့ရဲ့ တောင်ပံ နှစ်ဖက်က ပီအက်စ်ဂျီရဲ့ ခံစစ်ကို အပေးအယူ မြန်မြန်ဆန်ဆန်နဲ့ ကျော်ဖြတ်ကာ တော်တော်လေး အလုပ်ရှုပ်စေနိုင်ခဲ့တာ တွေ့ရပါတယ်။ အမ်ဘာပေး က‌တော့ ပထမအကျော့ ဆိုရင် အမြဲတမ်း ခြေစွမ်းပျောက်နေလေ့ ရှိပြီး ဒုတိယအကျော့မှ ထပ်ပြီး ကြမ်းပြနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဒေါ့မန်ရဲ့ ကွင်းမှာ သွားရောက် ကစားတိုင်း အနိုင်မရတဲ့ အစဉ်အလာဆိုး တစ်ခုကို ဆက်လက် ထိန်းသိမ်းသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာလည်း ဘာစီလိုနာကို ပထမအကျော့မှာ ၂-၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ကျမှ အဝေးကွင်းမှာ ၁-၄ နဲ့ ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန်က လာမယ့် မေလ ၄ ရက်နေ့မှာ အော့စ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရဖို့ ရှိပြီး ပီအက်စ်ဂျီ ကတော့ မေလ ၈ ရက်နေ့မှ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။ ကြားကာလ အတွင်းမှာ ပွဲကစားရဖို့ ရှိမနေတဲ့ ပီအက်စ်ဂျီတို့ ဒီအခြေအနေကို အကောင်းဆုံး အသုံးချသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်