နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“ဒေါ့မန်တို့ ချန်ပီယံလိဂ်ဖလား မရနိုင်စရာ အကြောင်းမရှိဘူး” လို့ ကြုံးဝါးလိုက်တဲ့ ဟမ်းမဲလ်စ် | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒေါ့မန် ကတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၂-၀ ရလဒ်နဲ့ ကျော်ဖြတ်ပြီး ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ပထမအကျော့က ၁-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့လို့ ဒုတိယအကျော့မှာ ခက်ခဲမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် မထင်မှတ်တာတွေ လုပ်ပြပြီး ပီအက်စ်ဂျီကို နှစ်ကျော့စလုံး အနိုင်ကစားပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် အတွက် နောက်တစ်ဆင့် တက်ဖို့ သေချာစေမယ့် ဂိုးကို ပထမအကျော့က MOTM ရခဲ့တဲ့ အသက် ၃၅ နှစ် အရွယ် ခံစစ်မှူးကြီး မတ် ဟမ်းမဲလ်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဟမ်းမဲလ်စ်က သူတို့ အသင်း အနေနဲ့ ချန်ပီယံလိဂ် ဖလား မရနိုင်စရာ အကြောင်းမရှိဘူးလို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဟမ်းမဲလ်စ်က “ ကျွန်တော့် ကစားသမားဘ၀မှာ ချန်ပီယံလိဂ်ဂိုး နည်းနည်းပဲ ရခဲ့ပါတယ်။ ပြောရရင်တော့ ၅ ဂိုးပဲ ရခဲ့တယ်ပေါ့ဗျာ။ အခု ကတော့ အဲဒီ အရည်အတွက်ကို ပေါင်းထည့်ဖို့ အချိန်ကောင်းပါပဲ။” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ဟမ်းမဲလ်စ်က “အုပ်စု အဆင့်ရဲ့ ဒုတိယပွဲစဉ်က စပြီး၊ ပွဲတိုင်းကို အောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပြီး အခု ဝင်ဘလေ မှာလည်း အနိုင်မရနိုင်ဘူးလို့ ကျွန်တော် မထင်မိပါဘူး။ ကျွန်တော်တို့ ဒီနေ့ စိတ်လှုပ်ရှားနေခဲ့ပြီး ကွင်း အပြင်မှာထဲက အရှိန်အဟုန် မြှင့်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒါ ကတော့ ကျွန်တော် အောင်မြင်ဖို့ အတွက် အစီအစဉ် တစ်ခုပါပဲ။”

အနက်ရောင်နှင့် အဝါရောင်တွေဟာ ပီအက်စ်ဂျီကို နှစ်ကျော့စလုံး အကောင်းဆုံး ခံစစ်နဲ့ ရင်ဆိုင်ခဲ့ပြီး အခွင့်အရေး ရရင် ရသလို အသုံးချကာ ထိထိရောက်ရောက် ကစားပြီး ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ပေးဂိုး မရှိပွဲ ၆ ပွဲ အထိ ရှိလာခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံး ခံစစ် ကစားပုံကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီ ကလည်း ချန်ပီယံလိဂ်နဲ့ တော်တော်လေး ကံမစပ်ဘူးလို့ ပြောလို့ ရပြီး အကြိမ်ကြိမ် ဂိုးကန်သွင်းခဲ့ပေမယ့် ဂိုးတိုင် ၆ ကြိမ် အထိ ထိပြီး ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၇ နှစ် အကြာက နောက်ဆုံး အကြိမ် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒေါ့မန်ဟာ ဇွန်လ ၁ ရက်နေ့ ဝင်ဘလေကွင်းမှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟမ်းမဲလ်စ် ဟာလည်း ၂၀၁၃ ခုနှစ်က ဘေယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မာကို ရိုက်စ်နဲ့ အတူ ဒေါ့မန် အတွက် ကစားပေးခဲ့ပြီး အဲ့ဒီ အချိန်တုန်းက ၂-၁ ရလဒ်နဲ့ အရေးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဝါရင့်ကွင်းလယ်လူ မာကို ရိုက်စ် ကတော့ ဒီရာသီ အကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ အပတ်က ကြေညာထားခဲ့ပြီး သူ မထွက်ခွာခင်မှာ သူချစ်တဲ့ ကလပ်နဲ့ အတူ ဥရောပ ဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

မာကို ရိုက်စ်က DAZNနဲ့ အင်တာဗျူးမှာ “အဲ့ဒါက ဖော်ပြလို့မရပါဘူး။ ၁၀ နှစ်ကျော် ကြာပြီးနောက်၊ ကျွန်တော် ဘိုရုရှား အသင်းနဲ့ နောက်တစ်ကြိမ် ဖိုင်နယ်ကို ရောက်နေပါပြီ။ အူစမန်နီ (ဒမ်ဘီလီ)နဲ့ အာချက်ဖ် (ဟာကီမီ) တို့ဟာ ကြီးမားတဲ့ အရှိန်အဟုန်ကို ယူဆောင်လာခဲ့ပြီး ကျွန်တော်တို့ အများကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။”

“ကျွန်တော်တို့ ဒီပွဲကို ဘယ်လို အနိုင်ရခဲ့သလဲ ဆိုတာ မနက်ဖြန် ဘယ်သူမှ မေးမှာ မဟုတ်ပါဘူး။ တိုင်ဘယ်လောက် ထိခဲ့သလဲ ဆိုတာလည်း နက်ဖြန်မှာ အရေးမကြီးပါဘူး။ ဘိုရုရှား ဒေါ့မန်က နောက်ထပ်တစ်ကြိမ် ဖိုင်နယ်ကို ရောက်နေပါပြီ။ ဒါကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ဒါဟာ မယုံနိုင်စရာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်