နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁၂-၁၃ နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဒေါ့မန် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပီအက်စ်ဂျီ ၀-၁ ဒေါ့မန်

မနေ့ညက ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဒေါ့မန်က ပီအက်စ်ဂျီကို ပြင်သစ်မြေမှာ ၀-၁ ရလဒ်နဲ့ ထပ်မံ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ဒေါ့မန်ဟာ နှစ်ကျော့ပေါင်း ၂-၀ ရလဒ်နဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဒေါ့မန်ဟာ ပထမအကျော့တုန်းက လူစာရင်း အတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ၄-၂-၃-၁ ကနေ ၄-၁-၂-၃ အခင်းအကျင်းပဲ ပြောင်းလဲလာခဲ့ပါတယ်။ ကိုဘယ်၊ ဟမ်းမဲလ်စ်၊ ရှလော့တာဘက်ခ်၊ ရိုင်ယာဆန်၊ မတ်ဆန်၊ ဆဘစ်ဇာ၊ ဘရန့်တ်၊ ဆန်ချို၊ အဒီရီမီ၊ ဖူးလ်ခရက်ဂျ် တို့ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ ပထမအကျော့ လူစာရင်းကို နှစ်နေရာ အပြောင်းအလဲ လုပ်လာခဲ့ပြီး ဒဏ်ရာရနေတဲ့ ဟာနန်ဒက်ဇ် နေရာမှာ ဘာရဲလ်ဒို ပါဝင်လာခဲ့ပြီး တိုက်စစ်က ဘာကိုလာ နေရာမှာ အမ်ဘာပေးကို ထားပြီး အထောင်တိုက်စစ်မှာ ဂွန်ဆာလို ရာမို့စ် ပွဲထွက်လာခဲ့ပါတယ်။ 

ပထမအကျော့ ဒေါ့မန် အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရတဲ့ ပီအက်စ်ဂျီဟာ အခုပွဲ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ပြန်လည် အနိုင်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နည်းပြ အန်နရီကေးရဲ့ နည်းစနစ်ပိုင်းက ထင်သလောက်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဓိက ကတော့ အမ်ဘာပေးလည်း မျှော်လင့်ထားတဲ့ အတိုင်း ခြေစွမ်းမပြခဲ့သလို ဂွန်ဆာလို ရာမို့စ်နဲ့ ဒမ်ဘီလီ ကလည်း ထိထိရောက်ရောက် တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဓိက ကတော့ Winning Mental မြင့်မားစွာနဲ့ လာရောက် ကစားခဲ့တဲ့ ဒေါ့မန်ဟာ အိမ်ရှင် အသင်းထက် ပိုပြီး ထိရောက်စွာ ကစားနိုင်ခဲ့သလို လျင်မြန်တဲ့ တိုက်စစ် ကူးပြောင်းမှုတွေ ကလည်း အားရစရာပါပဲ။ မက်ဆန်၊ အဒီရီမီ၊ ဆန်ချို တို့ရဲ့ လျင်မြန်တဲ့ မွှေနှောက် ထိုးဖောက်မှုတွေက ပီအက်စ်ဂျီ နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပြီး တစ်ဖက်က အမ်ဘာပေး၊ ဂွန်ဆာလို ရာမို့စ်နဲ့ ဒမ်ဘီလီ တို့ ကတော့ မယောင်ရာဆီလူး ဖြစ်နေခဲ့ကြတာပါ။ ဇိုင်းအမ်မရီရဲ့ ကန်ချက် တစ်ကြိမ် တိုင်ထိခဲ့တာ ကလည်း ပီအက်စ်ဂျီ အတွက် ကံဆိုးခဲ့တယ်လို့ပဲ ဆိုရပါမယ်။ 

ဒီနှစ်သင်းက ဘေယန်မြူးနစ် တက်လာခဲ့ရင်တော့ ၂၀၁၂-၁၃ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မကျေပွဲ အဖြစ် ဒေါ့မန်တို့ နွှဲခွင့်ရမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ မအောင်မြင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ တက်ခဲ့တဲ့ ဒေါ့မန်

ဒုတိယပိုင်း မှာတော့ ဒေါ့မန် အတွက် နောက်တစ်ဆင့် တက်ရေး သေချာစေမယ့် ဂိုးကို ပထမအကျော့တုန်းက MOTM ရခဲ့တဲ့ ဟမ်းမဲလ်စ်က ဘရန့်တ်ရဲ့ ထောင့်ကန်ဘော ကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဂိုးထပ်ပေးလိုက်ရတဲ့နောက် အဆန်စီရို၊ ဘာကိုလာ၊ လီကန်အင် တို့ ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ဒေါ့မန် ကလည်း မာကိုရိုက်စ်၊ ဇူလာ၊ အန်မီချာတို့ ထည့်ပြီး အနိုင်ရလဒ်ကို ထိန်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီတို့ ချေပဂိုးတွေ ရဖို့ အသည်းအသန် လိုက်ကစားခဲ့ပေမယ့် တိုင်ထိလိုက်၊ ဘားတန်းထိလိုက်နဲ့ ဂိုးကံခေခဲ့ရပြီး ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ 

ဒေါ့မန်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ မကစားခင်မှာ ပီအက်စ်ဂျီကို ပဲရစ်မှာ အနိမ့်ဆုံး သရေ ကစားဖို့ လိုအပ်တယ်လို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဝါရောင်တွေဟာ ပီအက်စ်ဂျီလို တောင့်တင်းလွန်းတဲ့ အသင်း တစ်သင်းကို နှစ်ကျော့စလုံး အနိုင်ကစားပြသွားခဲ့ပြီး ၂၀၁၂-၁၃ နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အီဒင် တာဇစ် ကတော့ အမာခံပရိသတ်၊ ကင်းထောက်၊ လက်ထောက် နည်းပြ၊ အသင်းကြီး နည်းပြ ဘဝတွေကို အဆင်ဆင့် ဖြတ်သန်းပြီး နောက်ဆုံး မှာတော့ သူချစ်တဲ့ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အရောက် ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့ပေမယ့် ဥရောပရဲ့ ဂုဏ်သိက္ခာ အမြင့်ဆုံး ပြိုင်ပွဲ တစ်ခုရဲ့ နောက်ဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပါပြီ။ ပီအက်စ်ဂျီ ကတော့ သူတို့ အသေအလဲ လိုချင်နေတဲ့ ချန်ပီယံလိဂ် ဖလားနဲ့တော့ နောက်ထပ် တစ်ကြိမ် ထပ်ဝေးခဲ့ရပြန်ပြီး ဒီနေ့ခေတ်မှာ ငွေသုံးဖို့ လိုအပ်သလို ငွေသုံးတိုင်းလည်း မအောင်မြင်နိုင်ဘူး ဆိုတာ နောက်ထပ် တစ်ကြိမ် သက်သေပြခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

ပထမအကျော့ ၂-၂ ရလဒ် ထွက်ပေါ်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် ပွဲကတော့ နက်ဖြန် မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းက ဘေယန်မြူးနစ် တက်လာခဲ့ရင်တော့ ၂၀၁၂-၁၃ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မကျေပွဲ အဖြစ် ဒေါ့မန်တို့ နွှဲခွင့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ရီးရဲလ်မက်ဒရစ် တက်လာခဲ့ရင်တော့ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်း တစ်သင်းကို အားအနည်းဆုံး အသင်း တစ်သင်းက ဘယ်လို မထင်မှတ်တာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာဖို့တော့ ရှိနေခဲ့ပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်