နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ (ဗိုလ်လုပွဲ) – ပထမဦးဆုံး ရွှေတံဆိပ်ဆု အတွက် အကြိတ်အနယ် နွှဲကြမယ့် ဆွီဒင်နဲ့ ကနေဒါ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဆွီဒင် – ကနေဒါ

ဩဂုတ်လ ၆ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် မနက် ၈:၃၀ နာရီ။

၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ ကိုတော့ လာမယ့် သောကြာနေ့ မနက် မြန်မာစံတော်ချိန် မနက် ၈:၃၀ နာရီမှာ ကျင်းပသွားဖို့ ရှိနေပြီး ဆွီဒင်နဲ့ ကနေဒါတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀ အိုလံပစ်မှာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ အသင်းနဲ့ မထင်မှတ်တဲ့ အခြေအနေ တွေကနေ အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်သလို နှစ်သင်းလုံး အတွက် ပထမဦးဆုံး ရရှိနိုင်မယ့် အိုလံပစ် ရွှေတံဆိပ် ဖြစ်နေလို့ ထင်ထားတာထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် သဘော ရှိပါတယ်။
 

လက်ရှိ ခြေစွမ်း

ကနေဒါဟာ ၂၀၂၀ အိုလံပစ်မှာ ဗြိတိန်၊ ဂျပန်၊ ချီလီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ ရမှတ် ၅ မှတ်နဲ့ အုပ်စု ဒုတိယနေရာ ကနေ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ဘရာဇီးလ်၊ အမေရိကန် တို့ကို ကျော်ဖြတ်ပြီး အိုလံပစ် အမျိုးသမီ ဘောလုံး ရွှေတံဆိပ်ဆုကို မျှော်လင့်နိုင်ခဲ့တဲ့ ကနေဒါ

ဆွီဒင် အမျိုးသမီး အသင်းဟာ နောက်ပိုင်း ကစားတဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲမရှိ ဆိုတာထက် နိုင်ပွဲတွေ ဆက်နေတဲ့ အသင်း လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ၂၀၂၀ စက်တင်ဘာလ နောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၄ ပွဲ အနိုင်ရထားပြီး ၃ ပွဲသာ သရေကျထားတာ တွေ့ရပါတယ်။ ယူရို ခြေစစ်ပွဲမှာ အိုက်စလန်နဲ့ ၁ဂိုးစီ သရေ၊ ခြေစမ်းပွဲတွေမှာ အမေရိကန်နဲ့ တစ်ဂိုးစီ သရေ၊ ဩစတြေးလျနဲ့ တစ်ဂိုးစီ သရေကျထားတာက လွဲရင် ကျန်ပွဲ အများစုမှာ ဂိုးပြတ် နိုင်ပွဲတွေချည်း ရရှိထားခဲ့တာပါ။ ၈-၀၊ ၇-၀၊ ၆-၀ ရလဒ်တွေနဲ့ အနိုင်ရထားတဲ့ ပွဲတွေတောင် ရှိပြီး ၂၀၂၀ အိုလံပစ် အဖွင့်ပွဲမှာ နာမည်ကြီး အမေရိကန်ကို ၃ ဂိုးပြတ် အနိုင်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် ဆွီဒင်ရဲ့ ခြေစွမ်း ဘယ်လောက်ထိ မှန်နေတယ် ဆိုတာ သိနိုင်ပါတယ်။ အမေရိကန်ကို ၃ ဂိုးပြတ် အနိုင်ယူပြီးလို့ အားမရသေးတဲ့ ဆွီဒင်တို့ နောက်ထပ် အသင်းကောင်း တစ်သင်း ဖြစ်တဲ့ ဩစတြေးလျကို ၄-၂၊ နယူးဇီလန်ကို ၂-၀၊ အိမ်ရှင် ဂျပန်ကို ၃-၁ ရလဒ်တွေနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဩစတြေးလျကို ၁-၀ နဲ့ ထပ်မံ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာတဲ့ ဆွီဒင်ရဲ့ ခြေစွမ်းက လက်ရှိပြိုင်ပွဲရဲ့ ခြွင်းချက် မရှိ အကောင်းဆုံး အသင်းလို့တောင် သတ်မှတ်ထားလို့ ရပါတယ်။ တစ်ချက်ရှိတာက ကနေဒါလို ခံစစ် ကစားပုံ ကောင်းတဲ့ အသင်းကို ရိုလ်ဖို၊ ဂျကော့ဗ်ဆန်၊ ဘလက်ခ်စတန်နီးယပ်စ် တို့ရဲ့ တိုက်စစ်က ကျော်ဖြတ်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ် အမျိုးသမီး အသင်းမှာ ကစားနေတဲ့ ကိုဆိုဗာရီ အဆဲလ်လာနီရဲ့ ဖန်တီးမှုတွေ အပြင် ကယ်ရိုလင်း ဆီဂါ၊ အဲရစ်ခ်ဆန်၊ ဂလက်စ်၊ အမန်ဒါ အီလီစတက်ဒ်တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆွီဒင်တို့ ဂိုးရဖို့ ခက်ခဲတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

ဗိုလ်လုပွဲ ရောက်လာတဲ့ ဘယ်အသင်းကို မဆို အထင်သေးလို့ မရပါဘူး။ ကနေဒါဟာ ၂၀၂၀ အိုလံပစ်မှာ ဗြိတိန်၊ ဂျပန်၊ ချီလီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ ရမှတ် ၅ မှတ်နဲ့ အုပ်စု ဒုတိယနေရာ ကနေ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ကျိန်းသေပေါက် တွက်ဆခဲ့ကြပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ် ရောက်ခဲ့ပါတယ်။ အဲ့နောက် တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ အမေရိကန်ကို ထပ်မံ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ အထိ ‌တက်လှမ်းလာခဲ့တဲ့ ကနေဒါတို့ စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေမှာ သေချာပါတယ်။ ဘယ်လိုပုံစံနဲ့ ဗိုလ်လုပွဲ ရောက်လာတယ် ပြောပြော၊ ကနေဒါဟာ ကြိုးစားအားထုတ်မှု အပြည့်ရှိတဲ့ အသင်းဆိုတာတော့ လက်ခံရပါလိမ့်မယ်။ အခုပွဲမှာလည်း ဆွီဒင်လို အသင်းမျိုးကို ဘယ်လိုမှ ယှဉ်ကန်ဖို့ မဖြစ်နိုင်တဲ့ အတွက် ထုံးစံအတိုင်း ခံစစ်ကို အကျစ်လျစ်ဆုံး ကစားပြီး အခွင့်အရေး ရရင် ရသလို တန်ပြန် တိုက်စစ်တွေ ကနေ ဂိုးရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ နောက်ဆုံး ပင်နယ်တီ အထိ တောင့်ခံပြီး ကံတရားရဲ့ ဖေးမမှုကိုပါ မျှော်လင့်လာမယ့် ကနေဒါတို့ ဆွီဒင်ရဲ့ တိုက်စစ်ကို အကောင်းဆုံး တောင့်ခံနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

ထိပ်တိုက်တွေ့ဆုံမှုမှာ ကနေဒါတို့ အနည်းငယ် အသာရနေပြီး ပြီးခဲ့တဲ့ ၁၁ ကြိမ်မှာ ကနေဒါက ၅ ကြိမ်နိုင်ပြီး ဆွီဒင်က ၄ ကြိမ် အနိုင်ရထားပါတယ်။ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ နောက်ဆုံး တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး လက်ရှိ ၂၀၂၀ အိုလံပစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဘလက်ခ် စတန်နီးယပ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဆွီဒင်တို့ ကနေဒါကို အနိုင်ယူကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
 

ခန့်မှန်းရလဒ် : ဆွီဒင် ၂-၁ ကနေဒါ

၂၀၁၆ ရီယို အိုလံပစ် ဗိုလ်လုပွဲမှာ ဂျာမနီကို ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဆွီဒင်တို့ ဒီတစ်ကြိမ် မှာတော့ ရွှေတံဆိပ်ဆု အရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ပဲ ထင်ပါတယ်။ ကနေဒါတို့ ဘယ်လောက်ပဲ မထင်မှတ်တာတွေ လုပ်ပြနေပါစေ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဗိုလ်လုပွဲ တက်လာတဲ့ ဆွီဒင် ကိုတော့ ယှဉ်ကစားဖို့တော့ မဖြစ်နိုင်ပါဘူး။ အခန့်မသင့်ရင် ဆွီဒင် ဂိုးပြတ် အနိုင်ရသွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံး ရွှေတံဆိပ် ကတော့ ကျိန်းသေပေါက် ဆွီဒင် အတွက်လို့ပဲ ပြောချင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်