နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အံ့အားသင့်စရာ ပြန်လာနိုင်မှုနဲ့ ဗိုလ်လုပွဲ တက်ခဲ့ပြန်တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ် ၂-၁ ဘေယန်မြူးနစ် (နှစ်ကျော့ပေါင်း ရလဒ် ၄-၃)

ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ဘေယန်မြူးနစ်ကို ဟိုဆေးလူရဲ့ နောက်ကျ အသဲခွဲဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။ အသင်းကြီး နှစ်သင်းရဲ့ ရေကုန်ရေခမ်း အားပြိုင်မှုနဲ့ အတူ အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့်လည်း ဝေဖန်မှုတွေ များခဲ့ပါတယ်။

ပထမအကျော့မှာ ၂-၂ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဗိုလ်လုပွဲ တက်ရေး ၅၀/၅၀ စီ မျှော်လင့်ချက် ရှိနေကြလို့ နှစ်သင်းစလုံး  အားစိုက်ခဲ့ကြပြီး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အိမ်ကွင်း အားသာချက်ကို အသုံးချပြီး ပွဲစကတည်းက ဘေယန်မြူးနစ် ဘက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပါတယ်။ ဘေယန်မြူးနစ် ကတော့ ကျစ်လျစ်တဲ့ ခံစစ်နဲ့ ကစားပြီး အခွင့်အရေး ရရင်ရသလို တန်ပြန် တိုက်စစ်နဲ့ တုန့်ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ ပထမပိုင်းမှာ ကစားပုံအသာ၊ ခြေစွမ်းအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဘေယန်မြူးနစ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒိုင်ကူအသင်း ဆိုပြီး ဝေဖန်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ်
ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ ဇွန်လ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘေယန်မြူးနစ်က အနိုင်ဂိုး ရရှိရေး အတွက် တင်ကစားလာခဲ့တာကြောင့် ပွဲက ပိုလို့ မြိုင်ဆိုင်လာခဲ့ပြီး ပွဲချိန် ၆၈ မိနစ် မှာ အဲလ်ဖွန်ဆို ဒေးဗီးစ်က တစ်ချက်ခေါက်ရင်း အားပါတဲ့ ကန်ချက်နဲ့ ဘေယန်မြူးနစ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် တူချယ်က အနိုင်ရလဒ်ကို ထိန်းဖို့ ခံစစ်ပိုင်းကို ထပ်မံ အားဖြည့်ခဲ့ပြီး အန်ဆယ်လော့တီ ကတော့ ဟိုဆေးလူ၊ ဘရာဟင်မ် ဒီးယက်ဇ် တို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က တစ်သင်းလုံး နီးပါး တိုက်စစ်လိုက်ပါ ကစားခဲ့ပြီးနောက် ပွဲချိန် ၈၇ မိနစ် မှာတော့ ဘေယန် ဂိုးသမား နော်အာရဲ့ ဘောလုံး ဖမ်းပုံ မသေသပ်ခဲ့တာကို ဟိုဆေးလူက ပြေးဝင် ပိတ်သွင်းနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ အဲ့နောက် နောက်ထပ် ၃ မိနစ် အကြာမှာ ရီးရဲလ်မက်ဒရစ်တို့ ဂိုးထပ်ရခဲ့ပြီး ရှုပ်ရှပ်ခတ်နေတဲ့ ဧရိယာထဲမှာ ရူဒီဂါရဲ့ ပေးပို့မှုကို ဟိုဆေးလူက ပိတ်သွင်း အဆုံးသတ်ခဲ့လို့ အိမ်ရှင် အသင်း ဂိုးရခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် တို့ ဦးဆောင်ဂိုး ရရှိပြီးနောက် ဘေယန်မြူးနစ်က လက်ကျန် မိနစ်တွေမှာ အစွမ်းကုန် တိုက်စစ်မြှင့်ခဲ့ပြီး ပွဲပြီးခါနီးမှာ ကင်မစ်ချ်ရဲ့ ကန်တင်ပေးပို့မှုကို ဒီလစ်ဂျ်က အဆုံးသတ် ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စည်းကြပ်ဒိုင်က ဒီလစ်ဂျ် ဘောလုံး ရယူဖို့ ကြိုးစားချိန်မှာတင် အလံထောင်ခဲ့သလို ကွင်းလယ်ဒိုင်ကလည်း VAR တောင် ပြန်မကြည့်ပဲ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ရုပ်သံ အနှေးပြကွက်တွေမှာ ပြန်ကြည့်ရင် ဒီလစ်ဂျ် လူကျွံနေခြင်း မရှိတာကြောင့် ဘေယန်မြူးနစ်တို့ နစ်နာခဲ့ရပါတယ်။ ဒါကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ၁၈ ကြိမ်မြောက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့က သူတို့ရဲ့ အမှားတွေ အတွက် တောင်းပန်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ ဒိုင်ကူ အသင်း အဖြစ် ဝေဖန်ခံခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒိုင်ကူကူ၊ မကူကူ ရီးရဲလ်မက်ဒရစ် ကတော့ ရီးရဲလ်မက်ဒရစ် ပါပဲ ဆိုတဲ့ အတိုင်း အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြန်ပါပြီ။ ချန်ပီယံလိဂ် ဘုရင်ကြီးလို့ တင်စားခံထားရတဲ့ အတိုင်း သူတို့ရဲ့ အအောင်မြင်ဆုံး စံချိန်တွေကို ထပ်မံ တိုးမြှင့်နိုင်ဖို့ ရှိနေပြီး ဗိုလ်လုပွဲမှာ ဒေါ့မန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ခြေစွမ်း ကွာဟပေမယ့် ပီအက်စ်ဂျီလို အသင်းကို နှစ်ကျော့စလုံး အနိုင်ကစားပြီး စိတ်ဓာတ်လည်း အမြင့်ဆုံး ရောက်နေတာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပေါ့ဆလို့ မရပါဘူး။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ ဇွန်လ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်