နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ်အိုးပင်းရဲ့ စံချိန်တင် ချန်ပီယံ မြေစေးကွင်းဘုရင် နဒါးလ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဖက်ဒါရာ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း မှာ ၁၃ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ မြေစေးကွင်းဘုရင် ရာဖေးလ်နဒါးလ် ကို ရော်ဂျာဖက်ဒါရာ က ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

စပိန် တင်းနစ် အကျော်အမော် ရာဖေးလ် နဒါးလ် ကတော့ အသက် ၃၄ နှစ်အရွယ် ရှိလာခဲ့ပေမယ့် လက်စွမ်း ပိုင်း ကျဆင်း လာခြင်း မရှိသေးတဲ့အပြင် တင်းနစ်လောကရဲ့ အမြင့်ဆုံး ဖြစ်တဲ့ ဂရန်းဆလမ်း ပြိုင်ပွဲတွေမှာ ဆုဖလား တွေ သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။ နဒါးလ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ပြင်သစ်အိုးပင်းမှာ ပြိုင်ဘက် ကမ္ဘာ့ နံပါတ် ၁ ဆားဘီးယား တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ကို  ၂နာရီနဲ့ ၄၁မိနစ်ကြာ ကစားပြီး ၆-၀၊ ၆-၂၊ ၇-၅နဲ့ ၃ ပွဲပြတ် အနိုင်ရရှိပြီး သူ့အတွက် အကြိမ် ၂၀ မြောက် ဂရန်းဆလမ်း ဆုဖလားကို ရယူနိုင်ခဲ့တာပါ။ တင်းနစ် သမိုင်း တစ်လျှောက် အမျိုးသားတစ်ဦးချင်းကနေ ဂရန်းဆလမ်း ဆုဖလား အကြိမ် ၂၀ အထိ ရယူထားနိုင်တဲ့ ကစားသမား တွေဆိုရင် ရော်ဂျာဖက်ဒါရာနဲ့ ရာဖေးလ်နဒါးလ်တို့ နှစ်ဦးပဲရှိပါတယ်။ သူတို့နောက်မှာမှ ဂျိုကိုဗစ်က ၁၇ ကြိမ်၊ ပိထ်ဆမ်းပရက်စ်က ၁၄ကြိမ် ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆွစ်ဇာလန်တင်းနစ်အကျော်အမော် လက်ရှိကမ္ဘာ့နံပါတ် ၄ ရော်ဂျာဖက်ဒါရာက “ ကျွန်တော်ဟာ နဒါးလ်ကို ပုဂ္ဂိုလ်ရေးအရရော ချန်ပီယံတစ်ယောက်အနေနဲ့ပါ အစဉ်အမြဲလေးစားခဲ့ပါတယ်။ နဒါးလ်ဟာ ကျနော့်အတွက် အကောင်းဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်းများစွာ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်လာခဲ့ကြ ရင်း ပိုပြီး တော်သထက်တော်၊ ကောင်းသထက်ကောင်း လာခဲ့ကြတာပါ။ အခုလည်း သူရရှိခဲ့တဲ့ အကြိမ် ၂၀မြောက် ဂရန်းဆလမ်း အောင်ပွဲအတွက် တလေးတစားနဲ့ကို ဂုဏ်ပြုပါတယ်။ ’’လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ပြင်သစ်အိုးပင်းဖလား စတင်ရရှိခဲ့တဲ့ နဒါးလ်ဟာ လက်ရှိအချိန်ထိ ချန်ပီယံ ၁၃ ကြိမ်ဖြစ်ထားပြီး
တင်းနစ်လောကကို ဆယ်စုနှစ် နှစ်ခုအကြာလွှမ်းမိုးထားနိုင်တဲ့ ဖက်ဒရာနဲ့ နဒါးလ်

၂၀၀၅ ခုနှစ်မှာ ပြင်သစ်အိုးပင်းဖလား စတင်ရရှိခဲ့တဲ့ နဒါးလ်ဟာ လက်ရှိအချိန်ထိ ချန်ပီယံ ၁၃ ကြိမ်ဖြစ်ထားပြီး သူ့နောက်မှာမှ ဆွီဒင်တင်းနစ်ကစားသမားကြီး ဘီဂျွန်ဘော့ဂ်က ၆ ကြိမ်နဲ့  ချန်ပီယံဆု ဒုတိယအများဆုံး ရရှိထားခဲ့ပါတယ်။ ခေတ်ပြိုင်အဓိက ပြိုင်ဘက် ၂ ဦးဖြစ်တဲ့ ဖက်ဒါရာနဲ့ ဂျိုကိုဗစ်တို့တောင် ပြင်သစ်အိုးပင်းမှာ တစ်ကြိမ်စီ ဗိုလ်စွဲထားနိုင်ပါတယ်။ ၂၀၁၈ ခုနှစ် တစ်ခုလုံး ဒဏ်ရာနဲ့ ရုံးကန်ခဲ့ရတဲ့ နဒါးလ်ဟာ မနှစ်ကလည်း ယူအက်စ်အိုးပင်းနဲ့ ပြင်သစ်အိုးပင်းမှာသာ ဗိုလ်စွဲနိုင်ခဲ့ပြီး ဩစတြေးလျအိုးပင်းမှာတော့ ဂျိုကိုဗစ်ကို အရေးနိမ့် ထားခဲပါတယ်။

ရော်ဂျာဖက်ဒါရာနဲ့ ဂရန်းဆလမ်းစံချိန် တူညီသွားခဲ့ပြီ ဖြစ်တဲ့ ရာဖေးလ်နဒါးလ်ဟာ ဝင်ဘယ်ဒန် ၂ကြိမ်၊ ယူအက်စ်အိုးပင်း ၄ကြိမ်၊ ဩစတြေးလျအိုးပင်း ၁ကြိမ် နဲ့ ပြင်သစ်အိုးပင်း ၁၃ကြိမ်ရရှိထားခဲ့ပါတယ်။ ရော်ဂျာ ဖက်ဒါရာ ကတော့ ဝင်ဘယ်ဒန် ၈ ကြိမ်၊ ယူအက်စ်အိုပင်း ၅ကြိမ်၊ ဩစတြေးလျအိုးပင်း၆ ကြိမ်၊ ပြင်သစ်အိုးပင်း တစ်ကြိမ်ရရှိထားပါတယ်။ ဩစတြေးလျအိုးပင်း ၈ ကြိမ်အထိရရှိထားတဲ့ ဂျိုကိုဗစ်ကတော့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၅ကြိမ်၊ ယူအက်စ်အိုးပင်းမှာ ၃ကြိမ်နဲ့ ပြင်သစ်အိုးပင်းမှာတော့ ၁ကြိမ် ချန်ပီယံဖြစ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ နဒါးလ်၊ ဖက်ဒါရာ၊ ဂျိုကိုဗစ်တို့ ၃ ဦးဟာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွေကို လွှမ်းမိုးထားနိုင် ဆဲ ဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း ပြိုင်ပွဲတွေ ဆက်ပြီး ဝင်ပြိုင်သွားဖို့ရှိနေသေးကြောင်း ပြောကြားထားခဲ့ကြလို့ တင်းနစ်လောကရဲ့ အအောင်မြင်ဆုံးစံချိန်တွေကို ဘယ်သူတွေ ဆက်ပြီး ပိုင်ဆိုင်သွားဦးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေဆဲ ဖြစ်ပါတယ်။

ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကိုတော့ အသက် ၁၉နှစ်အရွယ် ပိုလန်တင်းနစ်မယ် အီဂါ ဆီရာတက်ခ်က သူမရဲ့ကစားသမားဘဝ ပထမဆုံး ဂရန်းဆလမ်းဆုဖလား အဖြစ် သိမ်းပိုက် သွားနိုင်ခဲ့ပါတယ်။ ဆီရာတက်ခ် အနေနဲ့ဗိုလ်လုပွဲမှာ ၂၀၂၀ ဩစတြေးလျ အိုးပင်းချန်ပီယံ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကီနင်ကို ၆-၄၊ ၆-၁ နဲ့ နှစ်ပွဲပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ အားကစားများ STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်