နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူက GOAT လဲ??? | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နယ်သာလန် ဘောလုံးသမိုင်းမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုပြီး နှိုင်းယှဉ်ကြတဲ့ အခါ အရင်ဆုံး တွေးမိကြတဲ့ ကစားသမား နှစ်ဦးက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါလိမ့်မယ်။ ဒီစူပါစတား နှစ်ဦးက ၂၁ ရာစုရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြတယ် ဆိုတာ သံသယ ဖြစ်စရာ လိုမယ် မထင်ပါဘူး။ ကွင်းတွင်းနဲ့ ကွင်းပြင်ပ အောင်မြင်မှုတွေ အပြင် တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ခဲ့ကြရင်း ကျော်ကြားသထက် ကျော်ကြားလာကြသူတွေ ဆိုတာ အားလုံးလည်း သိပြီး ကြမှာပါ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ ကျဆင်းသွားကြပေမယ့် လူငယ်ကစားသမားတွေရဲ့ အတုယူစရာတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ တကယ်တော့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ပွဲတွေ ကြည့်ရင်း တစ်ချိန်က ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ အကြောင်းကို ထရေးဖို့ ဖြစ်လာခဲ့တယ်လို့ပဲ ဆိုရပါမယ်။

တစ်ဖက် မှာတော့ မက်ဆီက ပိုကောင်းတယ်၊ ရော်နယ်ဒိုက ပိုကောင်းတယ် ဆိုပြီး ငြင်းခုံမှုက အခုချိန်ထိ အရှိန်အဟုန်မြင့်နေဆဲ၊ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းတွေ၊ ကျွမ်းကျင်သူ တချို့ရဲ့ သုံးသပ်ချက်တွေနဲ့ GOAT စကားရည်လုပွဲကို ထပ်ပြီး အဖြေရှာကြည့်ရအောင်ပါ။

ဒါဆိုရင် အရိုးရှင်းဆုံး စတင်ကြပါစို့။ ရော်နယ်ဒိုဟာ မက်ဆီထက် ၃ နှစ် ပိုကြီးပြီး လက်ရှိအချိန်ထိ ပေါ်တူဂီ အတွက် အိုလံပစ်နဲ့ လူငယ်အသင်း အဆင့် ပွဲတွေ မပါပဲ နိုင်ငံနဲ့ ကလပ် ပွဲ စုစုပေါင်း ၁၂၀၀ ကျော် ကစားထားပြီးပါပြီ။ သူ့ရဲ့ ပြိုင်ဘက် မက်ဆီ ကတော့ ပွဲပေါင်း ၁၀၀ ကျော် ကစားထားပါတယ်။ မက်ဆီထက် ပွဲပေါင်း ၁၃၀ ကျော် ပိုကစားထားတဲ့ ရော်နယ်ဒိုက မက်ဆီ ထက်လည်း သွင်းဂိုးတွေ ပိုရထားပါတယ်။ ရော်နယ်ဒိုက လက်ရှိ အချိန်ထိ ၈၇၉ ဂိုး သွင်းယူထားပြီး မက်ဆီ ကတော့ ၈၃၆ ဂိုး သွင်းထားပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲ ပျမ်းမျှ သွင်းဂိုး အရ ဆိုရင်တော့ မက်ဆီက ၀.၇၇ ဂိုးနှုန်းနဲ့ ပိုမို သာလွန်နေတာ တွေ့ရပြီး ရော်နယ်ဒို ကတော့ ၀.၇၃ ဂိုးပဲ ရှိပါတယ်။

သူတို့ရဲ့ ကစားဟန်တွေအရ မက်ဆီဟာ ပံ့ပိုးမှုမှာ ပိုသာနေတာ တွေ့ရပြီး ကစားသမား သက်တမ်း တလျှောက် ဖန်တီးမှု စုစုပေါင်း ၄၀၅ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ရော်နယ်ဒို ကတော့ ၂၈၃ ကြိမ်သာ ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ ဒါကတော့ နည်းပြ ဖြစ်သူတွေရဲ့ သူတို့ အပေါ်မှာ မတူညီတဲ့ နည်းစနစ်ပိုင်း အသုံးချမှု အပေါ်မှာ မူတည်ပြီး မက်ဆီရဲ့ ကစားတဲ့ နေရာ၊ ကစားဟန် အရ ရော်နယ်ဒိုထက် သာလွန်နေတာ ဖြစ်ပါတယ်။

ဒါဆို ဆုဖလား ရရှိမှု အပိုင်းကို ဆက်သွားကြရအောင်ပါ။ ဒီနေရာမှာလည်း မက်ဆီက ရော်နယ်ဒိုကို အသာရထားပါတယ်။ ရော်နယ်ဒိုဟာ မက်ဆီကို ချန်ပီယံလိဂ် နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရရှိမှုမှာသာ ၁ ကြိမ်စီ အသာရနေခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဖလား ၅ ကြိမ်နဲ့ ကလပ် ကမ္ဘာ့ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး မက်ဆီ ကတော့ ချန်ပီယံလိဂ် ၄ ကြိမ်နဲ့ ကလပ် ကမ္ဘာ့ဖလား ၃ ကြိမ်သာ ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။ ကျန်ဆုဖလား ရရှိမှုတွေ မှာတော့ မက်ဆီက ပြည်တွင်း အမှတ်ပေးဖလား ၁၂ ကြိမ် အထိ ရခဲ့ပြီး ရော်နယ်ဒိုက ၇ ကြိမ်၊ ပြည်တွင်း ရှုံးထွက်ဖလားမှာ မက်ဆီက ၈ ကြိမ်၊ ရော်နယ်ဒိုက ၇ ကြိမ်၊ စူပါဖလားမှာ မက်ဆီက ၁၂ ကြိမ်၊ ရော်နယ်ဒိုက ၉ ကြိမ် ရရှိထားခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ ဆုဖလား အောင်မြင်မှု မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီနဲ့ ယူရို၊ နေးရှင်းလိဂ်ဖလားတွေ ရရှိထားပြီး မက်ဆီ ကတော့ ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားတွေ ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။ ဆုဖလား စုစုပေါင်း အရည်အတွက်မှာတော့ မက်ဆီက ဖလား ၄၁ လုံး၊ ရော်နယ်ဒို ကတော့ ၃၄ လုံး ရရှိထားတာ ဖြစ်ပါတယ်။ ကစားသမား တစ်ဦး အတွက် ပြီးပြည့်စုံတဲ့ ဆုဖလား အောင်မြင်မှု ရဖို့ အတွက် ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ရမယ် ဆိုတဲ့ အချက်ကလည်း ပရိသတ် တော်တော်များများ လက်ခံထားကြလို့ ဒီနေရာမှာလည်း မက်ဆီက ရော်နယ်ဒိုက အပြတ်အသတ် အသာရနေတယ်လို့ ပြောလို့ ရပါတယ်။ တစ်ဦးချင်း အောင်မြင်မှု အရ ဆိုရင်တော့ ဘောလုံးသမားတိုင်းရဲ့ အိမ်မက် ဖြစ်တဲ့ ဘယ်လွန်ဒေါဆု ရရှိမှုတော့ မက်ဆီက ၈ ကြိမ်နဲ့ ရော်နယ်ဒိုထက် ၃ ကြိမ် အသာရထားပါတယ်။

ကိန်းဂဏန်းတွေ အရ နှိုင်းယှဉ်ပြီးပြီဆိုတော့ မန်နေဂျာ တချို့နဲ့ ကစားသမား တချို့ကို သူတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတာ ဆက်လက် မေးမြန်းခဲ့ကြပါတယ်။ ပီလီ၊ မာရာဒိုနာ၊ ယိုဟန် ခရိုက်ဖ် တို့ဟာ ဘောလုံး သမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုလောက်တော့ တခုတ်တရ ချီးကျူးပြောဆို မခံခဲ့ရပါဘူး။

အထက်ဖော်ပြပါ ကစားသမား ၃ ဦး စလုံး ကလည်း မက်ဆီနှင့် စီရော်နယ်ဒို စကားစစ်ထိုးပွဲတွင် ပါဝင်ခဲ့ကြပြီး ပီလီ တစ်ဦးထဲက ရော်နယ်ဒို ကိုသာ အကြိုက်ဆုံးလို့ ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ဘရာဇီးလ် ဂန္တဝင်က “ ဒီနေ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုပါ။ သူက အကောင်းဆုံးလို့ ကျွန်တော် ထင်တယ်၊ သူက ပိုပြီးတော့ ကောင်းပေမယ့် မက်ဆီ ကိုလည်း မေ့လို့ မရပါဘူး၊ ဒါပေမယ့် သူက တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် ဘာစီလိုနာ ကစားသမားဟောင်း နှစ်ဦး ဖြစ်တဲ့ မာရာဒိုနာနှင့် ခရစ္စဖ်တို့ နှစ်ဦးစလုံး ကတော့ မက်ဆီ ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မာရာဒိုနာက “ လီယွန်နယ် မက်ဆီ ညံ့ဖျင်းစွာ ကစားတာကို မမြင်ဖူးပါဘူး။ ကျွန်တော် ကတော့ Messi ကို ခရစ်တီယာနို ရော်နယ်ဒိုထက် ပိုကြိုက်ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုက အကောင်းဆုံးထဲက တစ်ယောက် ဆိုတာတော့ ကျွန်တော် အသိအမှတ်ပြုပါတယ်။” လို့ ဆိုရပါတယ်။

အလားတူပဲ ခရက်ဖ်က “မက်ဆီဟာ ခရစ္စတီယာနိုထက် အများကြီး ပိုကောင်းတဲ့ ကစားသမားပါ။ သူက ဂိုးသွင်းနိုင်ပေမယ့် ဂိုးဖန်တီးမှု အများအပြားလည်း ပြုလုပ်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော့် အတွက်တော့ မက်ဆီက ပိုကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား တချို့ကို မေးမြန်းကြည့်ရင်လည်း ကွဲလွဲမှုတွေ ရှိနေဆဲပါ။ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကီလီယန် အမ်ဘာပေးက “တစ်နှစ်ပြီး တစ်နှစ် ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ အကြားက ကျွန်တော့်ရဲ့ ရွေးချယ်မှုက ပြောင်းလဲသွားပါတယ်၊ ကျွန်တော့် အနေနဲ့ ရော်နယ်ဒို ကိုပဲ ရွေးချယ်ချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ မက်ဆီကို ရွေးချယ်ခဲ့ပြီး “သူက ကစားဖူးသမျှထဲမှာ အကောင်းဆုံးပဲလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသင်းဖော် ကီဗင် ဒီဘရွန်းနား ကတော့ ပေါ်တူဂီ တိုက်စစ်မှူး ကိုသာ ပိုသဘောကျပုံရပြီး တိုက်စစ်မှူးစစ်စစ် ဖြစ်တဲ့ ရော်နယ်ဒိုနဲ့သာ မက်ဆီထက် ပိုပြီး ကစားချင်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

ဒီတော့ နိဂုံးချုပ်ရမယ် ဆိုရင် ကိန်းဂဏန်း အချက်အလက်တွေနဲ့ ဆုဖလား အောင်မြင်မှု၊ တစ်ဦးချင်း အောင်မြင်မှုတွေ အရ မက်ဆီက ပိုမိုသာလွန်နေပေမယ့် ကွင်းပြင်ပ အောင်မြင်မှုတွေ မှာတော့ ရော်နယ်ဒိုက မက်ဆီထက် ပိုသာနေတာတွေလည်း ရှိပါတယ်။ ကျွန်တော့် အတွက် ဆိုရင်တော့ ဘယ်သူက ပိုကောင်းလဲလို့ မေးလာခဲ့ရင် အဖြေမရှိပါဘူး။ မက်ဆီဟာ ပင်ကိုယ် ပါရမီနဲ့ ကြိုးစား အားထုတ်မှုကို ပေါင်းစပ်ထားသူလို့ မြင်ပြီး ရော်နယ်ဒို ကတော့ အခုချိန်ထိ ဘယ်သူမှ လိုက်မလုပ်နိုင်သေးတဲ့ ကြိုးစား အားထုတ်မှုနဲ့ အောင်မြင်မှုတွေကို ဇွဲရှိရှိ ရှာဖွေနေတဲ့ စံပြ ကစားသမား တစ်ဦးလို့ပဲ မြင်ပါတယ်။ ဒါကြောင့် GOAT ဘယ်သူ ဖြစ်မလဲ လို့ မေးရင် နှစ်ဦးစလုံးက GOAT တွေပါလို့ပဲ ပြန်ဖြေမိမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်