နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် – နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုအခြေအနေ (၂၇/၀၇/၂၀၂၁)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဇူလိုင်လ ၂၁ ရက်နေ့ ကနေစတင်ခဲ့တဲ့ တိုကျို၂၀၂၀ အိုလံပစ်ပြိုင်ပွဲကြီးကတော့ ဒီနေ့မှာဆိုရင် ရက်သတ္တပတ် ၁ ပတ် (၇ ရက်) ပြည့်ခဲ့ပါပြီ။ လက်ရှိမှာအားကစားနည်းတချို့ ကျင်းပပြီးစီးခဲ့ပြီဖြစ်သလိုဆက်လက် ယှဉ်ပြိုင်ဖို့လည်းပြိုင်ပွဲပေါင်းများစွာကျန်ရှိနေပါသေးတယ်။ ၂၀၂၀ အိုလံပစ် အသင်းတွေရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ အထိဆုတံဆိပ် ရရှိမှုအခြေအနေကိုကြည့်မယ် ဆိုရင်တော့ အိမ်ရှင် ဂျပန်၊ အမေရိကန်၊ တရုတ် တို့က ရွှေတံဆိပ်ဆုအများဆုံးရရှိထားပြီးထိပ်ဆုံးကဦးဆောင်နေတာတွေ့ရပါတယ်။

လက်ရှိအချိန်ထိ၂၀၂၀ အိုလံပစ်အိမ်ရှင် ဂျပန်တို့ အမျိုးသား ၆၀၊ ၆၆၊ ၇၃၊ ၈၁ နဲ့ အမျိုးသမီး ၅၂ ကီလိုတန်း‌ ဂျူဒိုပြိုင်ပွဲတွေကနေစုစုပေါင်း ရွှေတံဆိပ် ၅ ဆုနဲ့ ‌Soft Ball၊ စကိတ်၊ ရေကူး၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲတွေကနေ ရွှေတံဆိပ် ၁ ဆုစီရရှိထားပါတယ်။အမေရိကန် ကတော့ ရွှေတံဆိပ် ၉ ဆုရရှိထားပြီးသေနတ်ပစ်နဲ့ ရေကူးအားကစားနည်းတွေကနေ ရွှေတံဆိပ် ၃ ဆုစီနဲ့ ဓားခုတ်၊ တိုက်ဂွမ်ဒိုနဲ့ ရေလှိုင်းစီးပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ဆု ၁ ဆုစီရရှိထားခဲ့တာဖြစ်ပါတယ်။၂၀၂၀ အိုလံပစ်မှာအားကစားသမားအရေအတွက် အများဆုံးနဲ့ လာရောက် ယှဉ်ပြိုင်တဲ့ အပြင် နာမည်ကြီးတွေပါဝင်နေတဲ့ အမေရိကန် အားကစားအဖွဲ့ ကတော့ လာမယ့် ရက်မှာသူတို့ အားသန်တဲ့ အားကစားနည်းတွေတောက်လျောက် ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ရွှေတံဆိပ်ဆုရရှိမှုမှာလည်းဂျပန် နိုင်ငံကိုပြန်လည် ကျော်တက်ဖို့ အလားအလာကောင်းနေပါတယ်။ တတိယနေရာမှာရပ်တည်နေတဲ့ တရုတ် ကလည်းအမေရိကန် လိုပဲ ရွှေတံဆိပ်ဆု ၉ ဆုရရှိထားပြီးဒိုင်ဗင် ကနေ ရွှေ ၂ ဆု၊ သေနတ်ပစ် ကနေ ၃ ဆု၊ အလေးမကနေ ၃ ဆုနဲ့ ဓားခုတ် ကနေ ၁ ဆုစီရခဲ့တာဖြစ်ပါတယ်။

 
ရုရှားအလံကိုကိုယ်စားမပြုတဲ့ ရုရှားအိုလံပစ်အားကစားအဖွဲ့ (ROC) ကတော့ ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၇ ဆုနဲ့ ကြေးတံဆိပ် ၄ ဆုရရှိထားပြီးစတုတ္ထနေရာမှာရှိနေပါတယ်။ ဂျွမ်းဘား၊ ဓားခုတ်၊ သေနတ်ပစ်၊ ရေကူးနဲ့ တိုက်ဂွမ်ဒိုအားကစားနည်းတွေကနေအဓိက ရွှေတံဆိပ်ဆုတွေရရှိထားပြီး ROC ဟာလည်းအင်အားကြီးအားကစားအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ အတွက် လာမယ့် ရက်တွေမှာအခုထက် ပိုပြီးဆုတံဆိပ်တွေရရှိနိုင်တဲ့ အလားအလာရှိနေပါတယ်။
 
ဇွန်လ ၂၇ ရက်နေ့ အထိနိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုအခြေအနေ

၁။ ဂျပန် – ရွှေ ၁၀ဆု၊ငွေ ၃ဆု၊ ကြေး ၅ဆု၊ စုစုပေါင်း ၁၈ ဆု

၂။ အမေရိကန် – ရွှေ ၉ဆု၊ ငွေ၈ ဆု၊ ကြေး ၈ ဆု၊ စုစုပေါင်း၂၅ဆု

၃။ တရုတ် – ရွှေ ၉ဆု၊ ငွေ၅ ဆု၊ ကြေး၇ ဆု၊ စုစုပေါင်း၂၁ဆု

၄။ ရုရှားနိုင်ငံအားကိုယ်စားမပြုသောအိုလံပစ် အသင်း – ရွှေ ၇ဆု၊ ငွေ၇ ဆု၊ ကြေး၇ ဆု၊ စုစုပေါင်း ၁၈ ဆု

၅။ ဗြိတိန် – ရွှေ ၄ဆု၊ ငွေ၅ ဆု၊ ကြေး၄ ဆု၊ စုစုပေါင်း၁၃ဆု

၆။ တောင်ကိုရီးယား – ရွှေ ၃ဆု၊ ငွေ၂ ဆု၊ ကြေး ၅ဆု၊ စုစုပေါင်း ၁၀ဆု

၇။ ဩစတြေးလျ – ရွှေ ၃ဆု၊ ငွေ၁ ဆု၊ ကြေး ၅ဆု၊ စုစုပေါင်း၉ဆု

၈။ ကနေဒါ – ရွှေ ၂ဆု၊ ငွေ၃ ဆု၊ ကြေး၃ ဆု၊ စုစုပေါင်း၈ဆု

၉။ ပြင်သစ် – ရွှေ ၂ဆု၊ ငွေ၀ ဆု၊ ကြေး၃ ဆု၊ စုစုပေါင်း၅ဆု

၁၀။ ဂျာမနီ – ရွှေ ၁၀ ဆု၊ ငွေ ၃ဆု၊ ကြေး ၅ဆု၊ စုစုပေါင်း ၁၈ ဆု

တောင်ကိုရီးယားမြားပစ် အားကစားသမားတွေဖြစ်တဲ့ ကင်ဂျေဒွတ်ခ်၊ အန်ဆန်နဲ့ တရုတ် သေနတ်ပစ် အားကစားမယ် ယန်ချီယန် တို့ကတော့ တစ်ဦးတည်း ရွှေတံဆိပ်၂ ဆုစီနဲ့ လက်ရှိ၂၀၂၀ အိုလံပစ်ရဲ့ အအောင်မြင်ဆုံးအားကစားသမားတွေအဖြစ် ထိပ်ဆုံးကဦးဆောင်နေခဲ့ပါတယ်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင် အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံတို့က ရွှေတံဆိပ် ၁ ခုစီနဲ့ နိုင်ငံအလိုက် အဆင့် ၂၃ နေရာမှာရပ်တည်နေပြီးအင်ဒိုနီးရှားကငွေတံဆိပ် ၁ ဆု၊ ကြေးတံဆိပ် ၁ ဆုနဲ့ အဆင့် ၃၆ နေရာမှာရပ်တည်နေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ကြက်တောင် STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်