နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ က သွင်းဂိုး ၃ ဂိုး ပါဝင်နေတဲ့ UEFA အကောင်းဆုံးဂိုး ဆန်ကာတင် စာရင်း

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူအီးအက်ဖ်အေက ချီးမြင့်မယ့် တစ်နှစ်တာ အကောင်းဆုံးဂိုး ဆန်ကာတင်စာရင်းမှာတော့ ယူရို ၂၀၂၀ က ပက်ထရစ်ရှစ်ခ်၊ လော်ရန်ဇို အင်ဆစ်ဂ်ညီ၊ ပေါလ်ပေါ့ဘာ တို့ရဲ့ သွင်းဂိုးတွေ ပါဝင်လာခဲ့ပါတယ်။ ယူအီးအက်ဖ်အေ အနေနဲ့ ဘောလုံးရာသီတစ်ခု အတွင်း သူတို့ ကြီးမှုးကျင်းပတဲ့ ပြိုင်ပွဲတွေထဲက အကောင်းဆုံး ဂိုးတစ်ဂိုးကို စိစစ် ရွေးချယ်ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီ ကမှ စတင် ပေးအပ်ခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးဆုကို စတင် ရရှိခဲ့သူမှာ နာမည်ကျော် တိုက်စစ်မှူး မက်ဆီ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ကတော့ ကိုဗစ် ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲတွေ အနားပေးခဲ့ရတဲ့ အတွက် ရွေးချယ်သတ်မှတ်ပေးခြင်း မရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ပြန်လည် ရွေးချယ် သတ်မှတ်ပေးဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဆန်ကာတင် သွင်းဂိုး စာရင်းမှာတော့ ယူရို ၂၀၂၀ က ၃ ဂိုး၊ ယူရိုပါလိဂ်က ၃ ဂိုး၊ ချန်ပီယံလိဂ်က ၁ ဂိုး၊ ယူအီးအက်ဖ်အေ ယူ ၂၁ ချန်ပီယံရှစ်၊ ဖူဆယ်ချန်ပီယံလိဂ်၊ အမျိုးသမီး ချန်ပီယံလိဂ် တို့က ၁ ဂိုးစီ ပါဝင်နေခဲ့ပါတယ်။

ယူရို ၂၀၂၀ ကနေ ဆန်ကာတင် စာရင်းမှာ ရွေးချယ်ခံထားရတဲ့ သွင်းဂိုး ၃ ဂိုး မှာတော့ ချက်နဲ့ စကော့တလန် ကစားခဲ့တဲ့ အုပ်စု ပွဲစဉ်မှာ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ရဲ့ ကွင်းတစ်ဝက် လောက်ကနေ လှမ်းပြီး သွင်းယူခဲ့တဲ့ဂိုးက ထိပ်ဆုံးက ပါဝင်လာခဲ့ပါတယ်။ အဲ့နောက် အီတလီနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ လော်ရန်ဇို အင်ဆစ်ဂ်ညီ သွင်းယူခဲ့တဲ့ ဂိုးနဲ့၊ ဆွစ်ဇာလန်နဲ့ ပြင်သစ်တို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ ပေါ့ဘာ သွင်းယူခဲ့တဲ့ ဂိုးတို့ ဖြစ်ပါတယ်။

 

 

ယူရိုပါလိဂ် ကနေ ရွေးချယ်ခံထားရတဲ့ အကောင်းဆုံး သွင်းဂိုးတွေ အဖြစ် ရိန်းဂျားစ်က ကီမာရိုဖီရဲ့ ကွင်းတစ်ဝက် မရောက်ခင်က သွင်းဂိုး၊ စပါးက ဒယ်လီအယ်လီရဲ့ နောက်ပြန် ဇောက်ထိုး ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ဂိုး၊ ဘရာဂါ တိုက်စစ်မှူး ပေါ်လင်ဟိုရဲ့ သွင်းဂိုးတို့ ပါဝင်နေပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပေါ်တို တိုက်စစ်မှူး တာရေမီ သွင်းယူခဲ့တဲ့ နောက်ပြန် ဇောက်ထိုး ကန်ချက်နဲ့ သွင်းဂိုး ကလည်း ဒီစာရင်းမှာ ပါဝင်နေခဲ့ပြီး ဆုရနိုင်ဖွယ်ရှိတဲ့ သွင်းဂိုး တစ်ဂိုး အဖြစ်လည်း အားလုံးက ခန့်မှန်းထားခဲ့ပါတယ်။

ဒါ့အပြင် ယူအီးအက်ဖ်အေ ယူ-၂၁ ပြိုင်ပွဲ နယ်သာလန် ဘက်ကို ဂျာမနီက ဖလော်ရန် ဝစ်ဇ် သွင်းယူတဲ့ ဂိုး၊ ဖူဆယ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒိုဘိုဗက် အသင်းဘက်ကို ဘာစီလိုနာက ဖာရာအို သွင်းယူခဲ့တဲ့ဂိုးနဲ့ အမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် မှာ ချဲလ်ဆီး ဘက်ကို ဘေယန်မြူးနစ်က ဇာဒရာဇေးလ် သွင်းယူခဲ့တဲ့ ဂိုးတွေကလည်း ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။

ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး သွင်းဂိုးဆုကို ပထမဦးဆုံး ရရှိခဲ့သူ ဟာလည်း ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဖြစ်သလို အကြိမ် အများဆုံး ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စလို့ ပေးအပ် ချီးမြှင့်ခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ ရာသီအလိုက် အကောင်းဆုံး သွင်းဂိုးဆု ရရှိခဲ့သူတွေ ကတော့…

·       ၂၀၁၄-၂၀၁၅ – မက်ဆီ (ဘာစီလိုနာ)

·       ၂၀၁၅-၂၀၁၆ – မက်ဆီ (ဘာစီလိုနာ)

·       ၂၀၁၆-၂၀၁၇ – မာရီယို မန်ဇူကစ် (ဂျူဗင်တပ်စ်)

·       ၂၀၁၇-၂၀၁၈ – ခရစ္စတီယာနို ရော်နယ်ဒို (ရီးရဲယ်မက်ဒရစ်)

·       ၂၀၁၈-၂၀၁၉ – မက်ဆီ (ဘာစီလိုနာ)

၂၀၂၁ ခုနှစ် အကောင်းဆုံးဂိုး အတွက် ပရိသတ်တွေ အနေနဲ့ မဲပေးချင်တယ် ဆိုရင်တော့ ဇူလိုင်လ ၂၉ ရက်နေ့အထိ ယူအီးအက်ဖ်အေရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် မှာ ဝင်ရောက် ရွေးချယ် မဲပေးနိုင်တယ်လို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်