နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂရင်းဝုဒ် ယူနိုက်တက်ကို မပြန်ဘူးလို့ ယုံကြည်နေတဲ့ ဂီတာဖေး ဥက္ကဌ | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စပယ်ရှယ်ဝမ်းကြီး ဂီတာဖေး ဥက္ကဌ အိန်ဂျယ် တောရက်စ် ကတော့ မေဆန် ဂရင်းဝုဒ် အနေနဲ့ သူ့ရဲ့ မိခင် ကလပ် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်းထံ ပြန်မသွားဘူးလို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အပြီးသတ် ရောင်းထုတ်ချင်နေပေမယ့် စပိန် ကလပ် ဘက်ကတော့ နောက်ထပ် တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ အတင်းအကြပ် ပြုမူမှု၊ စော်ကားမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် ယူနိုက်တက် ဘက်က ကစားခွင့် ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ ယူနိုက်တက် အတွက် ပြန်လည် ကစားခွင့်ရဖို့ စိတ်အားထက်သန်မှုတွေ ရှိခဲ့ပေမယ့် အသင်းဘက်က ပုံရိပ်ထိခိုက်နိုင်တဲ့ အတွက် လာလီဂါ ကလပ် ဂီတာဖေးဆီ အငှားချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ဟာ ရှယ်ယာရှင် အပြောင်းအလဲတွေ ရှိလာတာကြောင့် ဂရင်းဝုဒ်ကို အိုးထရက်ဖို့ဒ်မှာ တကြော့ပြန် ပြန်လည် မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ အရ‌တော့ အင်္ဂလန်သားရဲ့ အနာဂတ်က မန်ချက်စတာမြို့မှာ ရှိဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေး အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းယူထားပြီး အထောင်တိုက်စစ်၊ ဘယ်/ညာ တောင်ပံ နှစ်ဖက်စလုံးမှာ အကောင်းဆုံး ကစားပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂီတာဖေးက ဂရင်းဝုဒ်ကို နောက်တစ်ရာသီ အငှားနဲ့ အသင်းမှာ ဆက်ရှိနေဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 

စပိန်နိုင်ငံက Radio Marca နဲ့ အင်တာဗျူးမှာ ဂီတာဖေး ဥက္ကဋ္ဌ အိန်ဂျယ် တောရက်စ်က “သူနဲ့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်မယ် နောက်ထပ် တစ်နှစ်လောက် အသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကမ်းလှမ်းမှုကောင်း တစ်ခုရရင် သူ့ကို ရောင်းချချင်မှာပါ။ ဘာလို့လဲ ဆိုတော့ သူက မန်ချက်စတာကို မပြန်ချင်လို့ပါပဲ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး တောရက်စ်က “ဇွန်လကုန်အထိ စောင့်ရလိမ့်မယ်။ သူနဲ့ သူ့မိသားစုက ဒီမှာ ကျွန်တော် တို့ရဲ့ ပရိသတ်တွေနဲ့ အရမ်း အဆင်ပြေပြီး အရမ်း ပျော်နေပါတယ်။ သူ ဒီကို ၁၆ လလောက် မကစားရပဲ ရောက်လာတာပါ။ ဒါပေမယ့် သူပုံစံကောင်း ပြန်ရလာတယ်။ လိဂ်သွင်းဂိုး (၈) ဂိုးနဲ့ ကိုပါဒယ်ရေး မှာလည်း (၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

“ဒီမှာ ရှိတဲ့ လူတွေနဲ့ နည်းပြ ဖြစ်သူ ကလည်း သူ့အတွက် အရမ်း ပျော်နေပါတယ်။ သူက နောက်ထပ် တစ်ရာသီ ဒါမှမဟုတ် အနည်းဆုံး ဇန်န၀ါရီလအထိ ဆက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဘောလုံးသမားကောင်း တစ်ယောက်ပါ။” လို့ ပြောကြားခဲ့ပါတယ်။ဂရင်းဝုဒ်ဟာ သူ့ရဲ့ မှောင်မိုက်တဲ့ နေ့ရက်တွေ မတိုင်ခင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် သစ်သားစိမ်းလေး ဖြစ်ခဲ့သူပါ။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ ယူနိုက်တက် အတွက် ပွဲပေါင်း ၁၂၉ ပွဲ ကစားပြီး ၃၅ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်