နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရင်ဟို ပြန်လာချင်လည်း မခေါ်ဘူး ဆိုတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စပယ်ရှယ်ဝမ်းကြီး မော်ရင်ဟို ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ သိပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ မော်ရင်ဟိုကို တကျော့ပြန် ခန့်အပ်ဖို့ အစီအစဉ်မရှိကြောင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်ကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ် အတွင်း ကိုင်တွယ်ခဲ့ဖူးပြီး ခရာဘောင်ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်း တို့ ရယူပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ Manchester Evening News က မော်ရင်ဟို အနေနဲ့ ကလပ် ကသာ ပြန်ခေါ်ရင် မန်ချက်စတာမြို့ဆီကို လမ်းလျှောက်ပြီးတောင် ပြန်လာမှာလို့ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညို အနေနဲ့ ကလပ်ရဲ့ ရှယ်ယာရှင် အသစ် ဆာဂျင်မ် ရတ်ကလစ်ဖ်နှင့် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပေမယ့် ယူနိုက်တက် ဘက်ကတော့ မော်ရင်ညိုကို ပြန်လည် ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ နည်းပြ တန်ဟက်ဂ်နဲ့ ရှေ့ဆက်ဖို့က စိတ်မချရတာကြောင့် နည်းပြသစ် တစ်ဦးနဲ့ အစားထိုးဖို့ စဉ်းစားနေကြောင်း သတင်းတွေက ထင်ကြေးပေး ရေးသားနေကြပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နည်းပြသစ် လျာထားစာရင်းထဲမှာ ဘေယန်မြူးနစ်နဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ့် သောမက်စ် တူချယ်၊ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရက်သ် ဆောက်ဂိတ်၊ ဘရိုက်တန်နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာ၊ ဘရိုက်တန် လက်ရှိ နည်းပြ ရော်ဘတ်တို ဒီဇာဘီ တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ရာသီကုန်မှာ အိုးထရက်ဖို့ဒ် ကနေ အထုပ်ပိုက်လစ်ရမယ့် အခြေအနေတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက်မှာ စံချိန်၊ မှတ်တမ်းဆိုးတွေသာ ဆက်တိုက် ရရှိနေပြီး အခြေအနေ တော်တော်လေး ဆိုးရွားနေတာ ဖြစ်ပါတယ်။ အသင်းကြီး တစ်သင်းမှာ ရှိသင့်တဲ့ အနေအထား တစ်ခု ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တာကြောင့် ယူနိုက်တက် ဂန္တဝင် တချို့၊ ဘောလုံး သုံးသပ်သူတွေနဲ့ ပရိသတ် တော်တော်များများ ကလည်း တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ မျှော်လင့်လျက် ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ခေတ်ရဲ့ အဆိုးရွားဆုံး မှတ်တမ်းတွေနဲ့ ရာသီ အဖြစ် ကုန်ဆုံးရဖို့ ရှိနေပြီး လာမယ့် ရာသီ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ရဖို့တောင် ခက်ခဲနေပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည် နေပြီး ယခင်နှစ်တွေတုန်းက တော့ အနိမ့်ဆုံး အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲမှာ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်‌ တချို့ ဆိုရင် တန်ဟက်ဂ်ကို လာမယ့် ရာသီမှာ ဆက်မမြင်ချင်တာကြောင့် အက်ဖ်အေဖလား အောင်မြင်မှု မရစေချင်သူတွေလည်း ရှိနေကြပါတယ်။ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ နှစ်နှစ်ခွဲအကြာ နည်းပြ တာဝန်ယူခဲ့ဖူးတဲ့ မော်ရင်ဟိုက အဓိက ဆုဖလား ၃ လုံး ရယူပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ယူနိုက်တက် ကနေ ထွက်ခွာပြီးတဲ့နောက် မော်ရင်ဟိုက စပါး အသင်းရဲ့ နည်းပြချုပ် ဖြစ်လာခဲ့ပေမယ့် မြောက်လန်ဒန် ကလပ်မှာ ရာသီ အနည်းငယ်သာ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီနောက် အီတလီ စီးရီးအေ ကလပ် ရိုးမားမှာ နှစ်နှစ်ခွဲ အကြာ ဖြတ်သန်းခဲ့ပြီး ပထမဦးဆုံး အကြိမ် ကျင်းပတဲ့ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက စီးရီးအေ ဒိုင်လူကြီးတွေနဲ့ မကြာခဏ ပြဿနာ တက်ခဲ့ပြီး ၂၀၂၃/၂၄ ဘောလုံး ရာသီမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်