နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သူဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ နည်းပြ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ နည်းပြ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားကိုတော့ တန်ဟက်ဂ်က ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ဗဟိုခံစစ်မှူး စစ်စစ် ဆိုလို့ ဂျွန်နီ အီဗန့်စ် တစ်ဦးတည်းသာ ပါဝင်ခဲ့ပြီး ကွင်းလယ် ခံစစ် ကနေ ဗဟိုခံစစ်ကို ဆင်းကစားခဲ့ရတဲ့ ကက်စ်မဲရိုး ကလည်း အမှားတွေ များခဲ့တာ ဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ကို ရှုူံနိမ့်ပြီးတဲ့နောက် ယူနိုက်တက်ဟာ အသင်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၁၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် ပဲလေ့စ်ကို ပထမဦးဆုံး အကြိမ် အဖြစ် ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်သလို ယူနိုက်တက်ရဲ့ ခံစစ် ကလည်း ၁၉၇၆-၇၇ ဘောလုံးရာသီ နောက်ပိုင်း အမြင့်ဆုံး အဖြစ် ပေးဂိုး ၈၁ ဂိုး အထိ ခွင့်ပြုခဲ့ရပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အဲရစ်ခ် တန်ဟက်ဂ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး စိတ်ပျက်စရာ ကောင်းတဲ့ ဒုတိယ ရာသီကို တာဝန်ယူပြီးနောက်မှာတော့ အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ အနာဂတ်က မသေမချာ ဖြစ်နေခဲ့ပါပြီ။

Sky Sports နဲ့ အင်တာဗျူးမှာ သူဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ မန်နေဂျာလားလို့ မေးမြန်းရာမှာတော့ “သေချာပါတယ်။ မှန်ကန်တဲ့ ကစားသမားတွေ ရှိနေရင် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အသင်း တစ်သင်း ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော် တို့မှာ နောက်တန်း လုံးဝ မရှိပါဘူး။”

ခရစ္စတယ်ပဲလေ့စ်ကို ရှုူံနိမ့်ပြီးတဲ့နောက် ယူနိုက်တက်ဟာ အသင်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၁၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။
ဘေယန်မြူးနစ် နည်းပြ လျာထားစာရင်းမှာ ပါဝင်နေတဲ့ တန်ဟက်ဂ်

“ဒါပေမယ့် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်သမျှ အကောင်းဆုံး နည်းနဲ့ အသင်းကို ပြင်ဆင်ထားပါတယ်။ အခုချိန်ထိတော့ အဆင်မပြေသေးပါဘူး၊ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ ကျွန်တော်တို့ ခွန်အားတွေ ရှာဖွေပြီး တနင်္ဂနွေနေ့ ပွဲအတွက် ပြင်ဆင်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။   

“ တစ်နေ့တာရဲ့ အဆုံးမှာတော့၊ ကျွန်တော်တို့ ရှိတဲ့ ကစားသမားတွေနဲ့ လုပ်စရာ ရှိတာ ဆက်လုပ် ရမှာပါ။ တစ်ရာသီလုံးမှာ ဒဏ်ရာ ပြဿနာတွေ အများအပြား ရှိခဲ့တယ်။ အကြိမ်ပေါင်း များစွာ ကျွန်တော်တို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ မလုပ်နိုင်ခဲ့ပါဘူး။”

ယူနိုက်တက်ဟာ အခုနှစ် ဘောလုံးရာသီ တစ်ရာသီလုံး ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဟယ်ရီ မက်ဂွိုင်းယားနဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တို့ဟာ ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဆက်လက်ပြီး တန်ဟက်ဂ်က သူ့အနေနဲ့ ခံစစ်ပိုင်း အတွက် ရွေးချယ်ခွင့် မရှိတာကို မီးမောင်း ထိုးပြခဲ့ပေမယ့် စွမ်းဆောင်ရည် ညံ့ခဲ့တာ အတွက်တော့ ဆင်ခြေမပေးခဲ့ပါဘူး။ “ဒါက ရှင်းရှင်းလင်းလင်း သိသာပါတယ်။ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည် နိမ့်ကျခဲ့ပါတယ်။ မလုံလောက်ပါဘူး။ ဒါကို ကျွန်တော်တို့ အရမ်း စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေက ကျွန်တော်တို့ နောက်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ပရိသတ်တွေလိုပဲ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သင့်ပါတယ်။

“အကြောင်းပြချက် ဆိုတာ အမြဲတမ်း ရှိပါတယ်။ ကျွန်တော် တို့ရဲ့ ခံစစ်မှာ ပြဿနာ ကြီးကြီးမားမား ရှိနေတယ် ဆိုတာ လူတိုင်း မြင်မှာပါ။ ဒါပေမယ့် အခုထက် ပိုကောင်းအောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်။”

“ကျွန်တော်တို့ သိတာ ကျွန်တော်တို့ ရမှတ် ၉ မှတ် အတွက် ကစားရပါဦးမယ်။ ၉ မှတ် အတွက် ဆက်လက် တိုက်ပွဲ ဝင်ရဦးမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ချဲလ်ဆီးနဲ့ ရမှတ်တူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် တစ်ပတ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ပြီးရင်တော့ နယူးကာဆယ်၊ ဘရိုက်တန် တို့နဲ့ ရင်ဆိုင်ရဦးမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်