နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBOTOP APP Welcome Freebet – MM | Jul 18 2023
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဆု အတွက် အမှားမခံစတမ်း နိုင်ပွဲတွေ ယူပြနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

00 Days
00 Hours
00 Minutes

ဘရိုက်တန် ၀-၄ မန်ချက်စတာစီးတီး

ဒီကနေ့ မနက် အစောပိုင်း ဘရိုက်တန်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာတော့ မန်စီးတီးက အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။ ဘရိုက်တန် အနေနဲ့ မန်စီးတီးရဲ့ ချန်ပီယံဖြစ်ရေး ဆာလောင်မှုကို တားဆီးနိုင်ခြင်း မရှိခဲ့ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဘရိုက်တန် ဘက်မှာ စတီးလ်၊ ဒန့်ခ်၊ ဟက်ကီ၊ ဘာကို၊ ဗဲလ်မန်း၊ မိုဒါ၊ ဘာလီဘ၊ ဂရော့စ်၊ ပက်ဒရို၊ လယ်လာနာနဲ့ ဝဲလ်ဘက်ခ်တို့ ပါဝင်ကစားခဲ့ပါတယ်။ မန်စီးတီး ကတော့ ဂိုးမှာ အီဒါဆင်ကို ပြန်လည် ပွဲထုတ်ခဲ့ပြီး ဗဟိုခံစစ်မှာတော့ အာကန်ဂျီနဲ့ အေခီကို တွဲဖက်ပေးခဲ့ပါတယ်။ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ ဒီဘရွန်းနား၊ ကိုဗာချစ်၊ ဆေးလ်ဗား၊ ဖိုဒန်၊ အဲလ်ဗာရက်ဇ် တို့လည်း ပါဝင်ခဲ့ပြီး မဖြစ်မနေ ယူရမယ့် နိုင်ပွဲ အတွက် အကောင်းဆုံး ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ထုံးစံအတိုင်း ပွဲစကတည်းက ပြိုင်ဘက်ကို ထိန်းချုပ်ပြီး ကစားကွက် အသာစီးနဲ့ ကစားခဲ့ပါတယ်။ ပုံမှန် ဆိုရင် ဘရိုက်တန်က အိမ်ကွင်းမှာဆို အသင်းကြီး အသင်းငယ် မရွေး ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်ပေမယ့် နိုင်ပွဲ ဆာလောင်နေတဲ့ မန်စီးတီးနဲ့ အတွေ့မှာတော့ အားမတန် မာန်လျော့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဘရွန်းနား၊ ရိုဒရီ၊ ကိုဗာချစ် ကွင်းလယ် အတွဲအဖက်က ဒီနေ့ပွဲမှာတော့ တော်တော်လေး အချိတ်အဆက်မိခဲ့ပြီး ဖိုဒန်၊ အဲလ်ဗာရက်ဇ် တို့ အတွက် တိုက်စစ် လမ်းကြောင်းတွေ တောက်လျောက် ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ကိုင်လီ ဝေါလ်ကာ ပါဝင်တာက မန်စီးတီး အတွက် အားတစ်ခု ဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အင်္ဂလန် ညာနောက်ခံလူဟာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဖိုဒန် ကတော့ ၂ ဂိုး သွင်းခဲ့ပါတယ်။

မန်စီးတီးဟာ ပထမပိုင်းမှာတင် ဒီဘရွန်းနား၊ ဖိုဒန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ အဲလ်ဗာရက်ဇ်က တစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ ၀-၄ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန် အိမ်ကွင်းမှာ သရေသာ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ဂိုးပြတ် နိုင်ပွဲနဲ့ ပြန်လည် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းလာခဲ့ပြီး အာဆင်နယ်ကို တစ်ပွဲလျော့ ကစား ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်က လက်ကျန် ပွဲစဉ်တွေ အဖြစ် စပါး၊ ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ကစားရဖို့ ရှိပြီး စီးတီး ကတော့ ဖောရက်စ်၊ ဝုဗ်၊ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်း တို့နဲ့ သာ ကစားရတော့မှာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ ဆိုရင် မန်စီးတီး တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၆၅ ရာခိုင်နှုန်းကျော် ရှိနေပြီး အာဆင်နယ် ကတော့ ၃၅ ရာခိုင်နှုန်း နီးပါးပဲ ရှိပါတယ်။ လစ်ဗာပူးလ် ကတော့ ကိုယ့် ကံကြမ္မာ ကိုယ်ရေးသွားပြီး ချန်ပီယံပြေးလမ်းထဲ ကနေ သွေဖယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ လာမယ့် ဧပြီ ၂၈ ရက် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နားက နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရဖို့ ရှိပါတယ်။ ဘရိုက်တန် ကလည်း ဘုန်းမောက်နဲ့ ကစားရဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Live Chat