နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မန်ချက်စတာစီးတီး ၃-၀ ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ပွဲကျန် အဖြစ် မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်တို့ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အိမ်ရှင် မန်စီးတီးတို့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လစ်ဗာပူးလ်ရဲ့ အနီးကပ် ဖိအားပေးခြင်း ခံနေရချိန်မှာ မန်စီးတီးတို့ အရေးပါတဲ့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ကနေ ၁ မှတ် အကွာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်ခဲ့ကြပြီး မန်စီးတီးက ၄-၄-၂၊ ဘရိုက်တန်က ၃-၅-၂ နဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကွင်းလယ်မှာ ဒီဘရိုင်းနား ပြန်လည် ပါဝင်လာခဲ့ပြီး ရိုဒရီ၊ ဂွန်ဒိုအန် တို့နဲ့ တွဲကစားခဲ့ပါတယ်။ ဂိုးမှာ အီဒါဆင်၊ ခံစစ်မှာ လာပေါ့တ်၊ စတုန်းစ်၊ အာခီ၊ ကန်ဆယ်လိုနဲ့ တိုက်စစ် မှာတော့ ဖေးလ် ဖိုဒန်၊ ရီယက်ဒ် မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား တို့ပဲ ဦးဆောင်လာခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ဝဲလ်ဘတ်နဲ့ ဂရော့စ်ကို တိုက်စစ်မှာ ထားပြီး ကွင်းလယ်မှာ မက်ချ်၊ မွယ်ပူ၊ ကိုင်ဆီဒို၊ လမ့်ပ်တေး၊ ခံစစ်နဲ့ ဂိုးမှာတော့ ကူကာရယ်လာ၊ ဒန့်ခ်၊ ဗဲလ်မန်းနဲ့ ဆန်းချက်ဇ် တို့ ပွဲထွက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရပြီးမှ ဂိုးပြတ် ရှုံးပွဲ ပြန်ကြုံခဲ့ရတဲ့ ဘရိုက်တန် ကတော့ အဆင့် ၁၁ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူ အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်တို့ အာဆင်နယ်နဲ့ စပါးကို အနိုင်ယူခဲ့တဲ့ ခြေစွမ်းအတိုင်း ကစားသွားခဲ့လို့ အိမ်ရှင် မန်စီးတီးတို့ ပထမပိုင်း တစ်ပိုင်းလုံး ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးတို့ ဂိုးဧရိယာ တစ်ဝိုက် ကနေ ပုံစံမျိုးစုံနဲ့ ထိုးဖောက်နေခဲ့ပေမယ့် ဘရိုက်တန်ရဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ်ကို တိုးမပေါက်ခဲ့လို့ ထိရောက်တဲ့ ဂိုးကန်ချက်တွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ မန်စီးတီးတို့ တောင်ပံက ဖြတ်တင် ပေးပို့မှုတွေ လုံးဝ အလုပ်မဖြစ်ခဲ့လို့ တစ်ဦးချင်း ကျော်ဖြတ်မှုတွေနဲ့ ကြိုးစားခဲ့ပေမယ့်လည်း ဘရိုက်တန် ခံစစ်က အခွင့်အရေး လုံးဝ မပေးပဲ ကြုံရင်ကြုံသလို ရှင်းထုတ်နေခဲ့တာကြောင့် ပထမပိုင်း အပြီး မှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ နေသန် အာခီ အစား ရူဘင် ဒီးရာ့ဇ် ဝင်လာခဲ့ပြီး ဘရိုက်တန် ဘက်ကို ပိုမို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ် မှာတော့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံး အမှားမရှိခဲ့တဲ့ ဘရိုက်တန် ခံစစ်ရဲ့ ပေါ့ဆမှုကြောင့် ရတဲ့ အခွင့်အရေးကို မာရက်ဇ်က အကောင်းဆုံး အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မန်စီးတီးရဲ့ တရစပ် ဖိအားပေးမှု ဒဏ်ကို တောင့်မခံနိုင်တော့တဲ့ ဘရိုက်တန်တို့ ၆၅ မိနစ်မှာ ဒုတိယဂိုး ခွင့်ပြုပေးလိုက်ရပြီး ဒီတစ်ကြိမ် မှာတော့ ဖေးလ်ဖိုဒန်ရဲ့ အဝေးကန်ချက် ဘရိုက်တန်က မွယ်ပူနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၈၀ ကျော် မှာတော့ စီးတီးတို့ တတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ဒီဘရိုင်းနားရဲ့ ပေးပို့မှုကို ဧရိယာ ထိပ်မှာ အသင့်ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗားက အမှတ်မထင် လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ နှစ်သင်းလုံး ဂိုးသွင်းနိုင်ခြင်း မရှိတော့လို့ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး မန်စီးတီးတို့ အနိုင် ၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အက်စတန် ဗီလာ
1X2 လက်စတာ စီးတီး @ 2.67
ဂိုးပေါ် 2.75 @ 2.09
ဂိုးပေါင်း 0-1 @ 3.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရိုက်တန်တို့ ဒီနေ့ပွဲ မှာလည်း အရင် ပွဲတွေတုန်းက ခြေစွမ်းနဲ့ပဲ မန်စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ကြာလာလေ မန်စီးတီးရဲ့ High Pressing ဒဏ်ကို မခံနိုင်လေ ဖြစ်ပြီး ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း တိုက်စစ်က ဖိုဒန်၊ ဆေးလ်ဗားနဲ့ မာရက်ဇ် တို့ကတော့ ဒီပွဲ မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့ပြီး ကီဗင် ဒီဘရိုင်းနား အနေနဲ့လည်း မန်စီးတီးနဲ့ ပွဲ ၃၀၀ ပြည့် ပွဲစဉ်မှာ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပြီး အသင်း အတွက် ဘယ်လောက် အထိ အရေးပါသလဲ ထပ်ပြီး သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ ရမှတ် ၇၇ မှတ်နဲ့ လစ်ဗာပူးလ်ကို ယာယီ ပေးထားရတဲ့ ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ကျန် ပွဲစဉ်တွေမှာ ဝက်ဖို့ဒ်၊ လိဒ်စ်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ဗီလာ တို့နဲ့ပဲ ကစားဖို့ ကျန်ရှိတော့တာကြောင့် အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရပြီးမှ ဂိုးပြတ် ရှုံးပွဲ ပြန်ကြုံခဲ့ရတဲ့ ဘရိုက်တန် ကတော့ အဆင့် ၁၁ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူ အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်စီးတီးတို့ ဧပြီလ ၂၃ ရက်နေ့မှာ ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး ဘရိုက်တန် ကလည်း ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်