နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖိုဒန်ရဲ့ ဟက်ထရစ်နဲ့ ပျားတွေကို အနိုင်ယူပြီး အဆင့် ၂ နေရာ ရောက်လာတဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) နောက်ကျပွဲ တစ်ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဖီးလ် ဖိုဒန်ရဲ့ ဟက်ထရစ် သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်က ဖလက်ကန်၊ ပင်နော့ခ်၊ မီး၊ ကောလင်းန်၊ နော့ဂတ်၊ ဂျန်ဆန်၊ ဂျနဲလ်တ်၊ ရက်ဂီလွန်း၊ ရိုဝါဆလက်ဗ်၊ မူပေး၊ တိုနေး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီး ကတော့ အီဒါဆင်၊ အေခီ၊ ဒီးရာ့စ်၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ အဲလ်ဗာရက်ဇ်၊ ဒီဘရွန်းနား၊ ဖီးလ် ဖိုဒန်၊ ဘာနာဒို၊ ဟာလန်း တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
လစ်ဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး ၂ မှတ်သာ ကွာဟတော့တဲ့ မန်စီးတီး

ဘရန့်ဖို့ဒ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးက ဒီတစ်ကြိမ် မှာတော့ တစ်ပွဲလုံး အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၂၀ ကျော်မှာတင် အိမ်ရှင် အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပြီး မူပေးက ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဆက်တိုက်ဆိုသလို မန်စီးတီးတို့ ဘရန့်ဖို့ဒ်ကို ပြန်လည် ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဖိုဒန်က သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ ၁-၁ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီး တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုလည်း ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီဘရွန်းနားရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှုကို ဖိုဒန်က အလိုက်သင့် ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၇၀ အရောက်မှာလည်း ဟာလန်းနဲ့ ဖိုဒန် တို့ရဲ့ တွဲဖက်မှုကနေ ဖိုဒန်က တတိယဂိုး သွင်းယူသွားနိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၃ နဲ့ မန်စီးတီးတို့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
AFC ဘုန်းမောက်
1X2 ဖူဟမ် @ 2.38
ဂိုးအောက် 2.75 @ 1.98
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ ဖိုဒန်ရဲ့ စွမ်းဆောင်ရည် ကတော့ တော်တော်လေးကို အားရစရာ ကောင်းခဲ့ပြီး ဘရန့်ဖို့ဒ် နောက်တန်းက ဟာလန်းကို အာရုံစိုက်နေချိန်မှာ ဖိုဒန်က ဂိုးတွေ သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန် အနေနဲ့ မန်စီးတီး အတွက် ပထမဦးဆုံး အကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီး ကတော့ ရမှတ် ၄၉ မှတ် အထိ ရရှိပြီး အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ကိုလည်း တစ်ပွဲလျော့ ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဒီရာသီမှာ ရှုံးပွဲ ၁၂ ပွဲအထိ ရှိလာခဲ့ပြီး တန်းဆင်းဇုန်နဲ့လည်း ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး မန်စီးတီး ကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်