နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်ပဲ သေချာပေါက် ဗိုလ်လုပွဲ တက်လိမ့်မယ် – ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်္ဂလန် – ဒိန်းမတ်

အင်္ဂလန်နဲ့ ဒိန်းမတ်တို့ ကစားမယ့် ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ကလည်း SBOTOP ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ တစ်ဦးချင်းရော၊ အသင်းလိုက် စွမ်းဆောင်မှုရော အကောင်းဆုံး ပုံစံမှာ ရှိနေတဲ့ အင်္ဂလန်တို့ ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ဖို့ အီတလီနဲ့ အပြိုင် ရေပန်းစားနေပြီး ဒိန်းမတ် ကလည်း ခြေစွမ်းပိုင်း မာကျော ကျစ်လျစ် သလို စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး ရောက်နေလို့ ထုံးစံ အတိုင်း အကြိတ်အနယ် ကစားပြီးမှ အနိုင်/အရှုံး အဖြေပေါ်မယ့် သဘောမှာ ရှိပါတယ်။
 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (အင်္ဂလန်)

အစောပိုင်းတွေမှာ ပြောခဲ့သလိုပဲ အင်္ဂလန်ဟာ ဒီနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲ အစမှာ အားရစရာ မကောင်းခဲ့ပေမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်ကနေ စလို့ တဖြည်းဖြည်း ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာတာ တွေ့ရပါတယ်။ ကစားသမား‌တွေ အနေနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြသလာနိုင်ပြီး အသင်းလိုက် ကစားအားလည်း တက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ဂျာမနီနဲ့ ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ အကောင်းဆုံး မဟုတ်ရင်တောင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး နည်းပြ ဂါရက်သ် ဆောက်ဂိတ်နဲ့ ယော်ကင်လိုးရဲ့ နည်းဗျူဟာ တိုက်ပွဲမှာ အသင်းသားတွေ ဟန်ချက်ညီညီနဲ့ ဂိုးပြတ် အနိုင်ကစားခဲ့တာ တွေ့ရပါတယ်။ ကွာတားဖိုင်နယ် မှာတော့ အားအနည်းဆုံး ယူကရိန်းနဲ့ တွေ့ဆုံခဲ့လို့ အင်္ဂလန်တို့ ကံကောင်းခဲ့တယ် ဆိုပေမယ့် ချန်ပီယံ ခြေစွမ်း ပြသပြီး ဟာရီကိန်း၊ မက်ဂွိုင်းယား၊ ဟန်ဒါဆင် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ လက်ရှိ ယူရိုမှာ အကောင်းဆုံး အတွဲအဖက်လို့ ဆိုရမယ့် ကိန်းနဲ့ စတာလင်တို့ ဂိုးသွင်းခြေ တွေ့နေသလို ပြိုင်ပွဲ တစ်လျောက် ကယ်ဗင်ဖီးလစ်-ဒီကလန်ရိုက်စ် ကွင်းလယ် ကလည်း အမှားလုံးဝ မရှိသေးပါဘူး။ အားရစရာ အကောင်းဆုံးက မက်ဂွိုင်းယား၊ စတုန်းစ်၊ ဝေါ်လ်ကာ၊ လုခ်ရှော တို့ရဲ့  ခံစစ် စုဖွဲ့မှု ဖြစ်ပါတယ်။ မက်ဂွိုင်းယား-စတုန်းစ် ဗဟိုခံစစ် အပြင် ကွင်းလယ်က ကယ်ဗင်ဖီးလစ် အနေနဲ့ ပြိုင်ဘက် တိုက်စစ် လမ်းကြောင်းကို ဖြတ်တောက် တားဆီးတဲ့ နေရာမှာ တော်တော်လေးကို တည်ငြိမ်နေတာ တွေ့ရပါတယ်။ ဘယ်နောက်ခံလူ လုခ်ရှောနဲ့ ဝေါလ်ကာ ကတော့ တိုက်စစ် အထိ လိုက်ပါနိုင်ပြီး လုခ်ရှော ဆိုရင် ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားပြီး လက်ရှိ ယူရို ၂၀၂၀ မှာ ဆွစ်ဇာလန်က ဇူဘား ပြီးရင် ဖန်တီးမှု အများဆုံး ကစားသမား ဖြစ်ပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ အင်္ဂလန်ရဲ့ ဗိုလ်လုပွဲ လားရာလမ်းက သိပ်ပြီး မကြမ်းတမ်းခဲ့ဘူးလို့ ပြောရမှာပါ။ ယူရို ၂၀၂၀ မှာ အင်္ဂလန်တို့ ဖြတ်သန်းလာခဲ့တဲ့ အသင်းတွေကို ကြည့်ရင် အသင်းကြီးတွေလို့ ပြောရမယ့် ခရိုအေးရှားနဲ့ ဂျာမနီတို့ အကျပိုင်း ရောက်နေသလို ချက်၊ စကော့တလန်၊ ယူကရိန်း တို့ကလည်း ခြေစွမ်း တစ်ဆင့်နိမ့်တဲ့ အသင်းတွေ ဖြစ်တာကြောင့် အင်္ဂလန် အတွက် သိပ်ပြီး မခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ် အနေနဲ့ အခုပွဲ မှာလည်း ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာဖို့ များနေပြီး ဆာကာနဲ့ ဆန်ချို ဘယ်သူ့ကို သုံးမလဲ ဆိုတာတော့ ပွဲချိန်နီးမှပဲ သိရမှာ ဖြစ်ပါတယ်။
 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (ဒိန်းမတ်)

ဒိန်းမတ်ဟာ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်မှာ အင်္ဂလန် အတွက် ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ရင်တောင် ဗိုလ်လုပွဲ တက်နိုင်ချေ နည်းလွန်းတဲ့ အသင်းလို့ပဲ ဆိုချင်ပါတယ်။
စိတ်ဓာတ်ခွန်အား အပြည့်နဲ့ မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ မျှော်လင့်နေတဲ့ ဒိန်းမတ်

ဒိန်းမတ် ကတော့ အဖွင့်နှစ်ပွဲမှာ အမှတ်မရခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရုရှားကို ၁-၄ နဲ့ ဂိုးပြတ် အနိုင်ရပြီး ရှုံးထွက်အဆင့်ကို အုပ်စု ဒုတိယ နေရာကနေ တက်လှမ်းလာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အဲရစ်ခ်ဆင်ရဲ့ ဖြစ်ရပ်ကြောင့် အစောပိုင်းမှာ ပုံစံပျက်သွားတဲ့ ဒိန်းမတ်တို့ လျင်လျင်မြန်မြန်ပဲ ပြန်ရောက်လာနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ရှုံးထွက်မှာ ဒန်နီဝက်စ်၊ ယူဆက်ဖ် ပိုလ်ဆင်တို့ ပါဝင်လာခြင်း မရှိပေမယ့် ဒိုးလ်ဘက်ဂျ်၊ ဂျိုအာကင်မ် မေးလ်တို့ရဲ့ ခြေစွမ်းပြမှုနဲ့ ဝေးလ်စ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာ ကစားရခက်တဲ့ ချက်ကို ပါးပါးနပ်နပ် ကစားပြီး ၁-၂ နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒိန်းမတ်ရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ် ဂိုးသမား ကတ်စပါ ရှမိုက်ကယ် ကစပြီး မာတင် ဘရေ့သ်ဝိတ်၊ ဒမ်းစ်ဂတ်၊ ကတ်စပါ ဒိုးလ်ဘက်ဂျ်၊ မေးလ်၊ ဟွိုက်ဘယက်ဂျ်၊ ခရစ္စတန်ဆန်၊ ဗတ်စတာဂတ်၊ ဆိုင်မွန်ကရား၊ ဒီလာနီ တို့ရဲ့ စုဖွဲ့မှုက အင်္ဂလန်ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်စွမ်း ရှိနေပါတယ်။ တစ်ချက်ရှိတာက ဒိန်းမတ် မှာ အရန်ကစားသမား အင်အားနည်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲကစားချိန် ကြာလာတာနဲ့အမျှ ခြေစွမ်း ထက်မြတ်ပြီး အိမ်ရှင်လည်း ဖြစ်နေတဲ့ အင်္ဂလန်ကို စိတ်ဓာတ် အင်အား တစ်ခုတည်း တောင့်ခံသွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒိန်းမတ်ဟာ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်မှာ အင်္ဂလန် အတွက် ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ရင်တောင် ဗိုလ်လုပွဲ တက်နိုင်ချေ နည်းလွန်းတဲ့ အသင်းလို့ပဲ ဆိုချင်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အတွင်း နေးရှင်းလိဂ်မှာ အင်္ဂလန်နဲ့ ဒိန်းမတ်တို့ ၂ ကြိမ် တွေ့ဆုံထားပြီး ကိုပေဟေဂင်မှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဝင်ဘလေ မှာတော့ ခရစ္စတီယန် အဲရစ်ခ်ဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဒိန်းမတ်တို့ အနိုင်ရထားခဲ့ပါတယ်။ အစောပိုင်း တွေ့ဆုံမှုတွေမှာ အင်္ဂလန်တို့ အသာရ ခဲ့ပေမယ့် သမိုင်းတစ်လျှောက် တွေ့ဆုံမှု မှာတော့ အင်္ဂလန်က ၁၃ ကြိမ် အထိ အနိုင်ရပြီး ဒိန်းမတ်က ၅ ကြိမ်နိုင်၊ ၅ ကြိမ် ကတော့ သရေလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ယူရိုပြိုင်ပွဲ အောင်မြင်မှုမှာ ဆိုရင်တော့ ဒိန်းမတ် က ၁၉၉၂ မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ် ၄ ကြိမ် တက်ထားခဲ့ပေမယ့် အင်္ဂလန် တော့ ၁၉၆၆ မှာ ဆီမီးဖိုင်နယ် တစ်ကြိမ် တက်ခဲ့တာဟာ အမြင့်ဆုံး စွမ်းဆောင်မှု ဖြစ်လို့ အစဉ်အလာအရ ဆိုရင် ယူရိုမှာ ဒိန်းမတ်တို့ ပိုသာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်္ဂလန် – ဒိန်းမတ် 1×2 အင်္ဂလန် @ ၁.၇၂
ဇူလိုင် လ ၈ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အင်္ဂလန် အတွက် ၁.၇၂ ဆနဲ့ ဒိန်းမတ် အတွက် ၅.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အားလုံးသိတဲ့ အတိုင်း လက်ရှိ ခြေစွမ်းအရ အင်္ဂလန်တို့ အဘက်ဘက်က အသာရနေတယ် ဆိုပေမယ့် ဒိန်းမတ်ကို လျှော့တွက်လို့ မရပါဘူး။ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းအတိုင်း ကစားမယ် ဆိုရင် မိနစ် ၉၀ အတွင်းမှာပဲ အင်္ဂလန် အနိုင်ရဖို့ မခက်ပါဘူး။ ဟာရီကိန်း ဦးဆောင်တဲ့ တိုက်စစ်ကို ဒိန်းမတ် နောက်တန်း အကောင်းဆုံး ထိန်းချုပ်နိုင်မယ် ဆိုရင်တော့ အချိန်ပိုတွေ၊ ပင်နယ်တီတွေ အထိ ရောက်သွားနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ် ယူရိုဟာ အင်္ဂလန် အတွက်ပါ။ အင်္ဂလန်ပဲ ဗိုလ်လုပွဲ တက်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်