နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Guess Bale’s Euro 2024 Pick – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲရစ်ခ်ဆင် ပေးတဲ့ ခွန်အားနဲ့ ချန်ပီယံ အိမ်မက်ကို အသက်သွင်းနေတဲ့ ဒိန်းမတ် – ယူရို၂၀၂၀ပွဲပြီးသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချက် ၁-၂ ဒိန်းမတ်

(ပက်ထရစ်ရှစ်ခ် ၄၉’) (ဒီလာနီ ၅’၊ ဒိုးလ်ဘက်ဂျ် ၄၂’)

ယူရို ၂၀၂၀ ကွာတားဖိုင်နယ် တတိယပွဲစဉ်(သို့မဟုတ်) ပရိသတ် စိတ်ဝင်စားမှု အနည်းဆုံး ပွဲလို့ ပြောရမယ့် ချက်နဲ့ ဒိန်းမတ်တို့ရဲ့ တွေ့ဆုံမှုကတော့ မထင်မှတ်ပဲ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ ဒိန်းမတ်တို့ ဒီလာနီ၊ ဒိုးလ်ဘက်ဂျ် တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ရဖို့ ကြိုးပမ်းခဲ့တဲ့ ပြိုင်ဘက်ကြောင့် ပုံမှန်ထက် ပိုပြီး အာရုံစိုက် ကစားသွားခဲ့ ရပါတယ်။ ချက် ကတော့ အရင် ပွဲတွေလိုပဲ နောက်ကနေ လိုက်ကစားခဲ့ရပြီး အားထုတ်မှု ကောင်းခဲ့ပေမယ့် ခြေစွမ်းပိုင်းက ဒိန်းမတ်ကို အနိုင်ယူဖို့ မလုံလောက်ခဲ့လို့ ၁-၂ ရလဒ်နဲ့ ရှံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

 
ဒီနေ့ပွဲမှာ ဒိန်းမတ် တိုက်စစ်က ယူ့ဆက်ဖ်ပေါလ်ဆင် ဒဏ်ရာအကင်းမသေ သေးလို့ ကတ်စပါ ဒိုးလ့်ဘက်ဂျ်ကိုပဲ အသုံးပြုခဲ့ရပြီး ထုံးစံအတိုင်း အရင်ပွဲတွေက အတိုင်း အဓိကကစားသမား အားလုံးကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ချက် ကတော့ ဘယ်နောက်ခံလူ ကာဒီရာဘက်ခ် နေရာမှာ ပွဲပယ် ပြစ်ဒဏ် ပြီးဆုံးသွားတဲ့ ဘိုရေးလ် ပြန်ပါလာခဲ့တာ ကလွဲရင် ပြီးခဲ့တဲ့ နယ်သာလန်နဲ့ပွဲက လူစာရင်းအတိုင်း ဒိန်းမတ်ကို ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အဓိက ကွင်းလယ် ကစားသမား ဗလာဒီမာ ဒါရီဒါတော့ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ပထမ လူစာရင်းမှာ ပါမလာခဲ့ပါဘူး။ ပွဲအစ ၅ မိနစ်မှာပဲ ဒိန်းမတ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး လာဆင် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဒီလာနီက အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒီလာနီရဲ့ ဂိုးရဖို့ ကြိုးပမ်းမှု တချို့ နီးစပ်ခဲ့သလို ချက် ကလည်း သူတို့အားသန်တဲ့ ထောင့်ကန်ဘောတွေ၊ အလွတ်တည်ကန်ဘောတွေ၊ တောင်ပံက ဖြတ်တင်ဘော တွေ ကနေ ချေပဂိုးရဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ် နောက်တန်းက ခရစ္စတန်ဆန်၊ ကရားနဲ့ ဗတ်စတာဂတ်တို့ အကောင်းဆုံး ထိန်းချုပ် ကစားသွားခဲ့လို့ ချက်တို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးခါနီး ကတ်စပါ ဒိုးလ်ဘက်ဂျ်က တောင်ပံက ဂျိုအာကင် မေးလ်ရဲ့ ထောင့်ဖြတ် တင်ပေးလိုက်တဲ့ ဘောလုံးကို အရှိန်နဲ့ ပြေးပိတ်ပြီး ဒုတိယဂိုး ထပ်မံရယူပေးခဲ့လို့ ဒိန်းမတ်တို့ ၂-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချက်တို့ ကစားအား ပိုမြှင့်လာခဲ့ပြီး ပွဲပြန်စလို့ ၄ မိနစ်အကြာမှာ ဆိုဖယ်ရဲ့ ကွင်းလယ် အကျော်လောက်ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ပက်ထရစ်ရှစ်ခ်က အဆုံးသတ်ပေးခဲ့လို့ ချေပဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက်မှာ ဒိန်းမတ် နည်းပြ ဟူဝယ်မန်း အနေနဲ့ အနိုင်ရလဒ်ကို ထိန်းဖို့ နောက်တန်းမှာ အန်ဒါဆင်၊ ကွင်းလယ်မှာ ဝက်စ်၊ ဂျန်ဆန်၊ နောဂတ်နဲ့ ရှေ့တန်းမှာ ပေါ်လ်ဆင် တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ ဒါကြောင့် ချက်တို့ပဲ ဂိုးရဖို့ တစ်ဖက်သတ် ဖိကစားနေတာမျိုး မဟုတ်တော့ပဲ အပြန်အလှန် ရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းလုံး သွင်းဂိုးတွေ ထပ်မရတော့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒိန်းမတ်တို့ ၁၉၉၂ နောက်ပိုင်း ယူရို ဆီမီးဖိုင်နယ်ကို ပထမဦးဆုံးအကြိမ် ပြန်လည် တက်လှမ်းသွားခဲ့ပါတယ်။ ချက် ကတော့ ယူရို ၂၀၂၀ မှာ စိတ်ဓာတ်နဲ့ ခြေစွမ်း မာကျောမှုနဲ့ အတူ ကွာတားဖိုင်နယ် အထိ ရောက်ခဲ့ပေမယ့် ဒိန်းမတ်ရဲ့ အကောင်းဆုံး ပုံစံကြောင့် ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက် သွားခဲ့ရပါတယ်။
 

ကြယ်ပွင့်ကစားသမား – သောမက်စ်ဒီလာနီ

(စာရေးသူစိတ်ကြိုက်ကစားသမား –  ပီရီ အီမိုင်းလ် ဟွိုက်ဘယက်)

ဒီနေ့ပွဲရဲ့ ကြယ်ပွင့် ကစားသမား ကတော့ သောမက်စ် ဒီလာနီပဲ ဖြစ်ပါတယ်။ UEFA နည်းစနစ် စောင့်ကြည့် လေ့လာသူ ဒူဆန် ဖစ်ဇဲလ်က ဒီလာနီဟာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ကွင်းလယ်မှာ အကောင်းဆုံး ကြိုးစားကစားသွားခဲ့ကြောင်း၊ တိုက်စစ် အသွင်းပြောင်းတဲ့ နေရာမှာ အရေးပါခဲ့တဲ့ ကစားသမား ဖြစ်ပြီး ကွင်းလယ်မှာ အဓိကကျတဲ့ နေရာလွတ် တော်တော်များများကို ဖန်တီးပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလာနီဟာ ကြယ်ပွင့် မဟုတ်ပေမယ့် အလုပ်ကြိုးစားသူ ဖြစ်တယ်လို့ ဖစ်ဇဲလ်က ဆက်လက် ပြောပါတယ်။ ဒီလာနီက ဒိန်းမတ်တို့ရဲ့ ခံစစ်ကနေ တိုက်စစ် အကူးအပြောင်း အတွက် အရေးပါသူ ဖြစ်သလို ဟွိုက်ဂျ်ဘယက် ကတော့ အသင်းရဲ့ ကစားအား အတင်/အချ ပြုလုပ်တဲ့ နေရာမှာ အဓိကကျသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဒိန်းမတ် အတွက်  ဟွိုက်ဂျ်ဘယက်ဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ သိပ်မသိသာခဲ့ပေမယ့် အခုပွဲမှာတော့ တော့တင်ဟမ် ကွင်းလယ်ကစားသမားရဲ့ စွမ်းဆောင်ရည်ကို အရှင်းသား မြင်တွေ့ခဲ့ရပါတယ်။

ချက်ကတော့ယူရို၂၀၂၀မှာစိတ်ဓာတ်နဲ့ခြေစွမ်းမာကျောမှုနဲ့အတူကွာတားဖိုင်နယ်အထိရောက်ခဲ့ပေမယ့်ဒိန်းမတ်ရဲ့အကောင်းဆုံးပုံစံကြောင့်ပြိုင်ပွဲကနေလက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။
ယူရိုပြိုင်ပွဲမှာ ၅ ဂိုးနဲ့ ၅ ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ ၉ ဦးမြောက် ကစားသမားဖြစ်လာတဲ့ ပက်ထရစ်ရှစ်ခ်

 

ပွဲစဉ်ရဲ့အဓိကအချက်အလက်များ

•        ဒိန်းမတ်တို့ ၂၉ နှစ်အကြာမှ ပြိုင်ပွဲကြီး တစ်ခုရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

•        ဒိန်းမတ်ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် ၂ ပွဲ ရှုံးနိမ့်ခဲ့ပြီးမှ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

•        ဒိန်းမတ်တို့ ချက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၂ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့ပါတယ်။

•        ဒိန်းမတ်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၁၂ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။

•        ဒိန်းမတ်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၁၆ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၁ ပွဲပဲ ရှိခဲ့ပါတယ်။

•        ဒိန်းမတ်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၂ ဂိုးနဲ့ ၂ ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ ပွဲဟာ ၁၀ ပွဲ ရှိခဲ့ပါတယ်။

•        ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၆ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

•        ပက်ထရစ်ရှစ်ခ် အနေနဲ့ ယူရိုပြိုင်ပွဲမှာ ၅ ဂိုးနဲ့ ၅ ဂိုး အထက် သွင်းယူနိုင်ခဲ့တဲ့ ၉ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူရို၂၀၂၀ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ဒိန်းမတ် ကတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ အင်္ဂလန်နဲ့ ထိပ်တိုက်တွေ့ဆုံ ရတော့မှာ ဖြစ်ပြီး အင်္ဂလန်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်