နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်အရာမှာ အတည်တကျ ပြောလို့ မရဘူး ဆိုတဲ့ ဘယ်လင်ဟမ် | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ် ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဗိုလ်လုပွဲမှာ ဂျာမန် ကလပ်ပဲ ဖြစ်တဲ့ ဒေါ့မန်နဲ့ တွေ့ဆုံနေပြီး ရီးရဲလ်မက်ဒရစ်တို့ သူတို့ အတွက် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့လည်း အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် တစ်ချိန်က ဒေါ့မန် ကစားသမားဟောင်း ဂျူ့ဒ် ဘယ်လင်ဟမ်က “ဘယ်အရာမှ အတည်တကျ ပြောလို့ မရဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဘယ်လင်ဟမ်က သူစတင် တောက်ပခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိလာချိန်မှာ အခုလိုပဲ လေးစားမှု အပြည့်နဲ့ အင်တာဗျူးကို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ ဆီမီးဖိုင်နယ်မှာ ဘေယန်မြူးနစ်ကို အသည်းအသန် ကစားလိုက်ရပြီး လူစားဝင် ကစားသမား ဟိုဆေးလူရဲ့ နောက်ကျ သွင်းဂိုး ၂ ဂိုးကြောင့် ဗိုလ်လုပွဲ တက်လာခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ အလိုင်းရန့်ဇ် အရီနာမှာ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် နှစ်သင်းစလုံး အားစိုက်ခဲ့ကြသလို ဒုတိယအကျော့က တော်တော်လေးလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဂနာဘရီ နေရာမှာ လူစားဝင်လာတဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်ရဲ့ သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်တို့ သွေးတက်ခဲ့ရပေမယ့် ဟိုဆေးလူရဲ့ ဂိုးတွေကြောင့် သူတို့ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာခဲ့တာပါ။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ဒိုင်ကူ မက်ဒရစ်လို့ ဝေဖန်ခံနေရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတော့ နောက်ထပ် ဂျာမန် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ဒေါ့မန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဂျူ့ဒ် ဘယ်လင်ဟမ်က TNT Sportsနဲ့ အင်တာဗျူးမှာ “သူတို့က ၁၄ ကြိမ်မြောက် ချန်ပီယံဆုကို ဘယ်လိုရယူထားခဲ့သလဲ၊ သူတို့ ၁၅ ကြိမ်မြောက် ဖလားကို ဘယ်လို လိုချင်လဲ ဆိုတာတွေ ပြောနေပေမယ့် ဘယ်အရာမှ အတည်တကျ ပြောလို့ မရပါဘူး။ ကစားသမားတွေရော ပရိသတ်တွေရော မိသားစုလိုပဲ ခံစားရပါတယ်။” လို့ ဆိုရပါတယ်။

ဆက်လက်ပြီး ဘယ်လင်ဟမ်က “ဘာမင်ဂမ်မှာ ကျွန်တော် ခုနစ်နှစ်သား အရွယ်တုန်းက ဒီလို ညတွေကို အိပ်မက်မက်ခဲ့တယ်။” ”ကျွန်တော်တို့ သေပြီး မြှုပ်နှံခံရမလို ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းမှာတော့ ဘယ်တော့မှ မသေခဲ့ဘူးလို့ပဲ ပြောရမှာပါ။” 

“ကျွန်ုပ်တို့ ပွဲတွေ အများကြီးမှာ ပြန်လာနိုင်ခဲ့တဲ့ အကြောင်းရင်း တစ်ခု ရှိပါတယ်၊ ဒါက [ပရိသတ်တွေ] ကြောင့်ပါ။ သူတို့က ကျွန်တော်တို့ကို တခြား ဘယ်မှာမှ မရနိုင်တဲ့ စွမ်းအင်တွေ ပေးစွမ်းပါတယ်။” လို့ ဘယ်လင်ဟမ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။အသက် ၂၀ အရွယ် အင်္ဂလန် ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ အသင်းဟောင်း ဒေါ့မန် အတွက် ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ် အထိ ပွဲပေါင်း ၁၃၂ ပွဲ ကစားပေးခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး ကလပ် ကိုတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ရောက်ရှိလာခဲ့ပေမယ့် အချိန်တိုတွင်း လျင်လျင်မြန်မြန် အသားကျခဲ့ပြီး ၃၉ ပွဲ ကစားရာမှာ ၂၂ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။ ဘယ်လင်ဟမ်ဟာ ၂၀၂၄ ခုနှစ် အတွက် အကောင်းဆုံး ကစားသမားဆု (ဘယ်လွန်ဒေါ) အတွက်လည်း မျှော်လင့်နိုင်သူ အဖြစ် ချီးကျူးခံထားရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်