နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အကောင်းဆုံး အရွယ်လွန် ကစားသစား ၅ ဦး

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူရို ၂၀၂၀၊ ကိုပါအမေရိက ပြိုင်ပွဲတွေ ကျင်းပပြီးစီးလို့ ရက်ပိုင်း အကြာမှာပဲ ကွန်ကာကပ်ဖ် ရွှေဖလားနဲ့ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲ တွေကို ဆက်လက် ကျင်းပနေတာကြောင့် ၂၀၂၁ ခုနှစ်ဟာ မထင်မှတ်ပဲ အားကစား ပြိုင်ပွဲကောင်းတွေနဲ့ ပြည့်နှက်ခဲ့တဲ့ အမှတ်တရ နှစ်တစ်နှစ် ဖြစ်ခဲ့ပါပြီ။ အမှန်တကယ်တော့ ယူရိုနဲ့ အိုလံပစ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ထဲမှာ ကျင်းပရမှာ ဖြစ်သလို ကိုပါအမေရိကနဲ့ ကွန်ကာကပ်ဖ် တို့ကတော့ ၂၀၂၁ ခုနှစ်ထဲမှာ ကျင်းပရမယ့် ပြိုင်ပွဲတွေ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ ပရိသတ်တွေ ဘက်က ကြည့်မယ် ဆိုရင်တော့ ကျေနပ် ပျော်ရွှင်စရာ ဖြစ်ပေမယ့် တချို့သော ကစားသမားတွေ အနေနဲ့ ပွဲပန်းတာ အပြင် ဒဏ်ရာ ပြဿနာတွေပါ ရှိလာခဲ့တာကြောင့် ကလပ် အသင်းနဲ့ လက်ရွေးစင် အသင်းတွေ အကြားမှာ တင်းမာမှုတွေ ရှိလာခဲ့တာ ကတော့ စိတ်မကောင်းစရာပါပဲ။ လက်ရှိ ၂၀၂၀ အိုလံပစ်မှာ ဆိုရင် တချို့သော နိုင်ငံအသင်းတွေ အနေနဲ့ ကစားသမားတွေ စေလွှတ်ပေးဖို့ တောင်းဆိုရာမှာ ကလပ် အသင်းတွေ ဘက်က ငြင်းဆန်ခဲ့လို့ ပြည်တွင်းက မထင်မရှား ကစားသမားတွေကိုပဲ ရွေးချယ် ယှဉ်ပြိုင်နေရတာလည်း တွေ့ရပါတယ်။

အိုလံပစ် ဘောလုံး ပြိုင်ပွဲနဲ့ တခြား ဘောလုံးပြိုင်ပွဲတွေရဲ့ မတူညီတဲ့ အချက်က အသက်အရွယ် ကန့်သတ်ချက် ရှိတာ ဖြစ်ပါတယ်။ အသင်းကို ဦးဆောင်ဖို့ အရွယ်လွန် ကစားသမား ၃ ဦးကို ချွင်းချက် အနေနဲ့ ရွေးချယ်ခွင့် ရှိပေမယ့် ကျန်အားလုံး ကတော့ ၂၃ နှစ် အောက် ကစားသမားတွေ ဖြစ်နေရမယ် ဆိုတဲ့ အချက်က နည်းပြတွေနဲ့ အသင်း တာဝန်ရှိသူတွေ အတွက် အမြဲတမ်း ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အရွယ်လွန် ကစားသမား ၃ ဦးကို စိတ်ကြိုက် ရွေးချယ်ထားပေမယ့်လည်း ကလပ်အသင်းဘက်က စေလွှတ်ပေးခြင်း မရှိလို့ နောက်ဆုံးမှာ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်နိုင်မယ် ထင်တဲ့ ကစားသမားတွေကိုပဲ မျက်စိမှိတ် ရွေးချယ်ရပါတော့တယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့သူတွေဟာ မထင်မှတ်ထားတာတွေ လုပ်ပြလေ့ ရှိပါတယ်။ လက်ရှိ ၂၀၂၀ အိုလံပစ်မှာ ဆိုရင် အရွယ်လွန် ကစားသမားတွေဟာ အသက်နဲ့ မလိုက်အောင် လူငယ်တွေထက် ပိုပြီး စွမ်းဆောင်ပြနေတာ တွေ့ရပါလိမ့်မယ်။ ဘယ်သူတွေလဲ ဆိုတာ အောက်မှာ ဆက်ကြည့်ရအောင်…

 

၁။ အန်ဒရီ ပီယာ ဂစ်ဂ်နက်ခ် (ပြင်သစ်)

အသက် ၃၅ နှစ် အရွယ် ဂစ်ဂ်နက်ခ် ကတော့ ပြင်သစ် အိုလံပစ် အမျိုးသား ဘောလုံး အသင်းရဲ့ ခေါင်းဆောင် အဖြစ် မထင်မှတ်ပဲ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းမှာ ၃၆ ပွဲပဲ ကစားခွင့်ရခဲ့သူ ဖြစ်ပေမယ့် ၂၀၂၀ အိုလံပစ် မှာတော့ အသင်း တာဝန်ရှိသူတွေ အနေနဲ့ ဂစ်ဂ်နက်ခ်ကို ယုံကြည်စွာနဲ့ ဦးဆောင်စေခဲ့ပါတယ်။ ဂစ်ဂ်နက်ခ် ဟာ ပြီးခဲ့တဲ့ ၆ ရာသီ ဆက်တိုက် မက္ကဆီကို ကလပ် တိုက်ဂရက်စ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၂၆၁ ပွဲ ကစားရာမှာ ၁၄၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယူရို ၂၀၁၆ ဒုတိယဆု ရရှိခဲ့တဲ့ ပြင်သစ် အသင်းမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံအသင်း အတွက် ပထမဦးဆုံး အကြိမ် ပြန်လည် အရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ၂၀၂၀ အိုလံပစ် အုပ်စု အဖွင့် ပွဲစဉ် ၂ ပွဲမှာ ၄ ဂိုး အထိ သွင်းယူထားပြီး သူ့အပေါ် ယုံကြည်ခဲ့တာ မှန်ကန်ကြောင်း အကောင်းဆုံး သက်သေပြနေသူ ဖြစ်ပါတယ်။
 

၂။ ဒန်နီအဲလ်ဗက်စ် (ဘရာဇီးလ်)

ဒန်နီအဲလ်ဗက်စ်ဟာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ အဖြစ် သတ်မှတ်လို့ ရနေဆဲပါ။ ၂၀၀၇ ခုနှစ် ကတည်းက ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အဲလ်ဗက်စ် အနေနဲ့ လက်ရှိအချိန်ထိ နိုင်ငံအတွက် အကောင်းဆုံး ပေးဆပ် ကစားနေဆဲ ဆိုတာ ပြီးခဲ့တဲ့ ၂ ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အဓိက သက်သေပါပဲ။
 

၃။ ခရစ္စ ဝုဒ် (နယူးဇီလန်)

နယူးဇီလန် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ခရစ္စဝုဒ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်း အတွက် ၅၈ ကစားပြီး ၂၅ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဘန်လေမှာ ၄ ရာသီ ကစားပြီး ဂိုး ၅၀ သွင်းယူထားနိုင်ခဲ့တဲ့ ဝုဒ်ဟာ လက်ရှိ ၂၀၂၀ အိုလံပစ် မှာလည်း ၂ ပွဲ ကစားပြီး ၂ ဂိုးသွင်းယူထားခဲ့ပါတယ်။ ဝုဒ်ဟာ တောင်ကိုရီးယားနဲ့ ပွဲမှာ အသင်း အတွက် အရေးပါတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို ဟွန်ဒူးရပ်စ်နဲ့ ပွဲမှာလည်း ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
 

၄။ အဲရစ်ခ် ဘိုင်ယီ (အိုင်ဗရီကို့စ်)

ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အဲရစ်ခ် ဘိုင်ယီ အနေနဲ့ ၂၀၂၀ အိုလံပစ် မှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အတူ အိုင်ဗရီကို့စ် အသင်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲမှာ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ သူ့ရဲ့ တောက်ပမှုတွေကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဘိုင်ယီ အနေနဲ့ ဒဏ်ရာ ကင်းစင်ပြီး အခုလို ခြေစွမ်းကိုသာ ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် ယူနိုက်တက်တို့ ဗာရန်းကို သန်း ၅၀ ပေးပြီး ခေါ်ဖို့တောင် မလိုအပ်တော့ပါဘူး။
 

၅။ ဂူအီလာမို အိုချိုအာ (မက္ကဆီကို)

၂၀၀၄ အေသင် အိုလံပစ်မှာ ပါဝင်ကစားခဲ့ပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရတဲ့ အိုချိုအာ အနေနဲ့ လက်ရှိ မက္ကဆီကို ယူ-၂၃ အသင်း ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ဆု ကို ပစ်မှတ်ထားနေတယ်လို့ ပြောကြားထားခဲ့ပါတယ်။
ကစားသမား သက်တမ်း တစ်လျှောက် မက္ကဆီကိုနဲ့ ဒုတိယ အကြိမ်မြောက် အိုလံပစ် ပြိုင်ပွဲ ကစားခွင့်ရခဲ့တဲ့ အိုချိုအာ

မက္ကဆီကို လက်ရွေးစင်အသင်း အတွက် ၁၆ နှစ်ကြာ ကစားပေးခဲ့တဲ့ အိုချိုအာ အနေနဲ့ အသက် ၃၆ နှစ် အရောက်မှာ ယူ-၂၃ အသင်းကို ထပ်ပြီး ဦးဆောင်ဖို့ တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ ၂၀၀၄ အေသင် အိုလံပစ်မှာ ပါဝင်ကစားခဲ့ပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရတဲ့ အိုချိုအာ အနေနဲ့ လက်ရှိ မက္ကဆီကို ယူ-၂၃ အသင်း ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ဆု ကို ပစ်မှတ်ထားနေတယ်လို့ ပြောကြားထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်