နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမား ၅ဦး

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ခုနှစ် အန်ဘီအေပြိုင်ပွဲကြီးကလည်း တဖြေးဖြေးပြီးဆုံးဖို့ နီးကပ်လာချိန်မှာ SBOTOPရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် ဘယ်ကစားသမားတွေက သမိုင်းတစ်လျှောက်အအောင်မြင်ဆုံး ရပ်တည်ထားနိုင်လဲဆိုတာ ဖော်ပြပေးသွားပါမယ်။
 

၅။ မက်ဂျစ်ဂျွန်ဆင် ( ၁၉၈၀-၁၉၉၆)

လီဘရွန်ဂျိမ်းစ် အသင်းကို  မရောက်ရှိခင် အဲလ်အေလိတ်ကာစ် ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အဲလ်အေလိတ်ကာ့စ်အသင်းမှာ ၁၆နှစ်အကြာကစားခဲ့ပြီး သူ့ရဲ့တစ်ပွဲပျမ်းမျှစွမ်းဆောင်ရည်ဟာ ၁၉.၅မှတ်၊၇.၂ ရီဘောင်း၊ဖန်တီးမှု ၁၁.၂ကြိမ်ထိရှိထားပါတယ်။ စုစုပေါင်း ၁၃၈ပွဲကစားခဲ့တဲ့ မက်ဂျစ်ဂျွန်ဆင်ဟာ ရမှတ်၊ရီဘောင်း၊ဖန်တီးမှုနဲ့ ပိတ်ဆို့မှုကို  တစ်ပွဲတည်း အနည်းဆုံး ၁၀ဂဏန်းထက်မနည်းစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဂျစ်ဂျွန်ဆင်ဟာ လိတ်ကာစ်အသင်းကိုဦးဆောင်ပြီး အန်ဘီအေ ချန်ပီယံရှစ် ၅ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားလည်း ဖြစ်သလို သမိုင်းတစ်လျှောက် အကောင်းဆုံးလူစားဝင်ကစားသမားအဖြစ် အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

၄။ ဝလ်တ်ချိန်ဘာလိန် (၁၉၆၀-၁၉၇၃)

အရပ် ၇ပေ၁လက်မ ရှိတဲ့ ချိန်ဘာလိန်ဟာ အန်ဘီအေ သမိုင်းတစ်လျှောက် တစ်ပွဲထဲ ရီဘောင်း ၂၂.၉ကြိမ်လောက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူ့လိုစွမ်းဆောင်ရည်မျိုးကိုတော့ လက်ရှိအချိန်အထိ ဘယ်ကစားသမားမှာမှမတွေ့ရသေးပါဘူး။ ဒါ့အပြင် သူ့အနေနဲ့ တစ်ပွဲပျမ်းမျှ ရမှတ် ၃၀.၁မှတ်ရရှိအောင်ကစားနိုင်ခဲ့လို့ မိုက်ကယ်ဂျော်ဒန်ပြီးရင် စွမ်းဆောင်ရည်အမြင့်ဆုံးလို့ ပြောလို့ရပါတယ်။ သူ့အနေနဲ့ အခုလိုအံ့အားသင့်ဖွယ် စံချိန်တွေကို ကစားသမားသက်တမ်းတစ်လျှောက် ၁၄ရာသီအတွင်း အသင်း ၄သင်းမှာ စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ ၁၃ကြိမ်တိတိ အန်ဘီအေ အကောင်းဆုံးကစားသမားစာရင်းမှာဖော်ပြခြင်းခံခဲ့ရပြီး ပွဲပေါင်း ၁၁၈ပွဲတိတိကစားခဲ့ပါတယ်။ ပွဲစဉ်တော်တော်များများမှာ ရမှတ် ၅၀လောက်အနည်းဆုံးရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။
 

၃။ ကာရင်မ်အဘ်ဒူလ်ဂျက်ဘာ (၁၉၇၀-၁၉၈၉)

ဘယ်ကစားသမားကမှ ဂျက်ဘာလောက်ရမှတ် ၄၀၀၀၀ရရှိအောင်မစွမ်းဆောင်ထားနိုင်သေးပါဘူး။ မီဝေါ်ကီဘက်စ်၊ အဲလ်အေလိတ်ကာစ်တို့နဲ့ အန်ဘီအေရာသီပေါင်း ၂၀ကျော်ဖြစ်သန်းပြီး  ရမှတ်ပေါင်း ၃၈၃၈၇ မှတ်ထိရရှိခဲ့တဲ့ ဂျက်ဘာဟာ ရာသီအလိုက်အကောင်းဆုံးအသင်းမှာ ၁၉ကြိမ်တိတိဖော်ပြခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဂျက်ဘာဟာ ဘက်စ်နဲ့ လိတ်ကာစ်အသင်းတို့ရရှိခဲ့တဲ့ အန်ဘီအေ ချန်ပီယံဆု ၆ကြိမ်အတွက် အဓိကကျခဲ့တဲ့ကစားစမားလည်း ဖြစ်ပါတယ်။ အန်ဘီအေ ရဲ့သက်ဆိုင်ရာနေရာအလိုက် အကောင်းဆုံးကစားသမားအဖြစ် ၁၀ကြိမ်တိတိသတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးကောလိပ်ဘတ်စကတ်ဘော ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပြီး ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဆိုတာတွေနဲ့ ပြည့်နှက်နေတဲ့ ကစားသမားလို့လည်း ပြောနိုင်ပါတယ်။
 

၂။ လီဘရွန်ဂျိမ်းစ် (၂၀၀၄- လက်ရှိ)

အန်ဘီအေမျိုးဆက်ရဲ့ အတောက်ပဆုံးကစားသမားလို့ပြောရမယ့် လီဘရွန်ဂျိမ်းစ်ဟာ လက်ရှိ အဲလ်အေလိတ်ကာစ်အသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။ ကလိဗ်လန်းကဗယ်လီယာစ်၊ မီယာမီဟိထ်မှာ ကစားခဲ့တဲ့ လီဘရွန်ဂျိမ်းစ် ဟာ ၈ နှစ်ဆက်တိုက် အန်ဘီအေ ဖိုင်နယ်ကို တက်ရောက်ခဲ့ဖူးပြီး ချန်ပီယံရှစ် ၃ကြိမ်ရရှိထားပါတယ်။ တစ်ပွဲပျမ်းမျှ ၂၇.၁ မှတ်၊ရီဘောင်း ၇.၄ကြိမ်၊ ဖန်တီးမှု ၇.၃ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးစံချိန်ရှင်အဖြစ် အဆင့် ၄နေရာမှာပဲရပ်တည်နေသေးပေမယ့် သူ့ရဲ့ ကစားသမားဘဝကတော့ မပြီးဆုံးသေးပါဘူး။ လီဘရွန်ဂျိမ်းစ်ဟာ ပလေးအော့ဖ်နဲ့ ပုံမှန်ရာသီပွဲစဉ်တွေမှာ အကောင်းဆုံး လူစားဝင်ကစားသမားအဖြစ်သတ်မှတ်ခံထားရသလို အန်ဘီအေ အကောင်းဆုံးလက်ရွေးစင်အသင်းမှာ ၁၂ကြိမ်အထိ အသင်းခေါင်းဆောင်အဖြစ်သတ်မှတ်ခံထားရပါတယ်။ လီဘရွန်ဂျိမ်းစ်ဟာ အမေရိကန်လက်ရွေးစင်ဘတ်စကတ်ဘောအသင်းနဲ့ အိုလံပစ်ရွှေတံဆိပ်ဆု ၂ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
 

၁။ မိုက်ကယ်ဂျော်ဒန်

လီဘရွန်ဂျိမ်းစ် ပေါ်လာပြီးနောက်ပိုင်းမှာ မိုက်ကယ်ဂျော်ဒန်ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် သူ့လို အန်ဘီအေ ဖိုင်နယ်ကို ၆ ကြိမ်တက်ပြီး ချန်ပီယံရှစ် ၆ကြိမ်ရရှိတဲ့ကစားသမား မရှိသေးသလို ရှိလာဖို့လည်း မဖြစ်နိုင်သေးပါဘူ။ ချီကာဂိုဘူးလ်စ်အသင်း အန်ဘီအေ သမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းစာရင်းမှာ ရပ်တည်နိုင်ခဲ့တာဟာ မိုက်ကယ်ဂျော်ဒန်ကြောင့်လို့ပြောနိုင်ပါတယ်။ မိုက်ကယ်ဂျော်ဒန်ဟာ တစ်ပွဲပျမ်းမျှ ၃၀.၁မှတ်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး တစ်ပွဲပျမ်းမျှ ၂.၃၅မှတ်လောက် လုယူနိုင်ခဲ့တာကြောင့် ခံစစ်ဘီလူးကြီးလို့တောင်သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပုံမှန်ရာသီနဲ့ ပလေးအော့ဖ်ပွဲတွေမှာ ပွဲချိန် ၄၈မိနစ်အတွင်း အနိုင်ရရှိမှုအများဆုံးကစားသမားလည်း ဖြစ်နေခဲ့ပါတယ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်