နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၇ ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ်ဆု ကိုင်မြှောက်ခွင့်အတွက် အမှားခံမှာ မဟုတ်တော့တဲ့ အဲလ်အေလိတ်ကာစ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဲလ်အေလိတ်ကာစ် vs မီယာမီဟိထ် (ပွဲစဉ် ၆)

လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန်မှာ အဲလ်အေလိတ်ကာစ်နဲ့ မီယာမီဟိထ်တို့ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ်(၆)အဖြစ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိမှာ အဲလ်အေ လိတ်ကာစ်တို့ ၃ပွဲ ၂ပွဲနဲ့ မီယာမီဟိထ် ကို  ဦးဆောင်နေလို့ လာမယ့်ပွဲစဉ်ကတော့ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ အကြိတ် အနယ်ရှိလာဦးမှာ အသေအချာပါပဲ။

အစောပိုင်းပွဲစဉ် ၂ ပွဲမှာ အဲလ်အေလိတ်ကာစ်တို့ အနိုင်ရရှိပြီး ပွဲစဉ် ၃မှာတော့ မီယာမီဟိထ်တို့က ပြန်လည် အနိုင်ရခဲ့ပါ တယ်။ ပွဲစဉ် ၄ အပြီးမှာ လိတ်ကာစ်တို့ ၃-၁ နဲ့ ပြန်လည် ဦးဆောင်နိုင် ခဲ့ပေမယ့် ပွဲစဉ် ၅ မှာတော့ မီယာမီဟိထ် တို့ လက်စွမ်း ပြပြီး ၁၁၁ – ၁၀၈ နဲ့ ကပ်ပြီး အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ ၃-၂ နဲ့ လိတ်ကာစ်တို့ ဦးဆောင်နေဆဲ ဖြစ်ပေမယ့် နောက်ဆုံးအချိန် အထိ မလျှော့သောဇွဲနဲ့ တိုက်ပွဲဝင်နေတဲ့ မီယာမီဟိထ်တို့ကြောင့် ၂၀၂၀ အန်ဘီအေ ချန်ပီယံရှစ်ဆုကို ဘယ်အသင်းရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲလာခဲ့ပါပြီ။ အဲလ်အေလိတ်ကာစ်ကို လက်နဲ့ ထိတိုင်းရွှေဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်ရဲ့ ဦးဆောင်မှုနောက်မှာ အန်တိုနီဒေးဗစ် တစ်ဦးတည်း ပုံမှန်လက်စွမ်းပြပြီး နိုင်လိုစိတ်အပြည့်နဲ့ ကစားနေပေမယ့် ကျန်ကစားသမားတွေ ရဲ့ ကစားဟန် ကတော့ အားရစရာ မရှိပါဘူး။ ရမှတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်လောက်ကို ဂျိမ်းစ်နဲ့ ဒေးဗစ် တို့က ပွဲတိုင်းနီးပါး ရှာဖွေပေး နေပြီး ကာရူဆို၊ ပုပ်၊ ဂရင်း တို့က ပုံမှန်လက်စွမ်းလောက်ပဲ ပြသထားနိုင်ပါတယ်။ ဂျိမ်းစ်နဲ့ ဒေးဗစ်တို့ ပုံမှန်လက်စွမ်း မပြနိုင်တဲ့ အချိန်မှာဆိုရင် လိတ်ကာစ်တို့ နိုင်ပွဲပျောက်ဆုံးတတ်တာ တွေ့ရပါတယ်။ မီယာမီဟိထ် မှာတော့ ဘတ်တလာ၊ ဘမ်အဒီဘာယို၊ ဒန်ကန်ရော်ဘင်ဆင်၊ တိုင်လာဟီးရိုး၊ ကန်းဒရစ်ခ်နန်းတို့ စုဖွဲ့မှု တော်တော် လေး ကောင်းနေတာတွေ့ရပါတယ်။ အရေးကြီးတဲ့ အချိန်မှာ အရေးပါတဲ့ ရမှတ်တွေ ရယူပေးနေတာက ဟိထ်တို့ အတွက် ၄ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ်ဆု ရရှိရေး မျှော်လင့်ချက်ကို ပိုပြီး ရှင်သန်လာစေခဲ့တာ လည်း ဖြစ်ပါ တယ်။
 

စောင့်ကြည့်ရမယ့် ကစားသမားများ

လီဘရွန်ဂျိမ်းစ် (အဲလ်အေလိတ်ကာစ်)

လီဘရွန်ဂျိမ်းစ်နဲ့ ဂျင်မီဘတ်တလာတို့ရဲ့ ပွဲလို့ပြောရလောက်အောင် အပြိုင်အဆိုင် လက်စွမ်းပြနေကြတာပါ။ ဂျင်မီ ဘတ်တလာရဲ့ တောက်ပမှုကို တခမ်းတနား ချီးကျူးနေကြတယ် ဆိုပေမယ့် တစ်ဦးချင်း အားနဲ့ ရုန်းနေတဲ့ လီဘရွန်ဂျိမ်းစ်က အန်ဘီအေ ဗိုလ်လုပွဲမှာ ပိုပြီးစွမ်းဆောင်ထားနိုင်တယ်လို့ ဆိုရမှာပါ။ လီဘရွန်ဂျိမ်းစ်လို စိတ်ဓာတ် အပြည့်၊ ခွန်အားအပြည့်နဲ့ လိတ်ကာစ်မှာ ကစားနေတာ အန်တိုနီဒေးဗစ် တစ်ယောက်ပဲ ရှိပါတယ်။ ဂျိမ်းစ်အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ ရမှတ် ၄၀ လောက်ရယူပေးခဲ့ပေမယ့် မီယာမီဟိထ်ကို အရေးနိမ့်ခဲ့ရလို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် အနိုင်ရဖို့အတွက် ကိုယ် ရောစိတ်ပါ နှစ်ပြီးကစားတတ်တဲ့ လီဘရွန်ဂျိမ်းစ်ရဲ့ ထူးချွန်ပြောက်မြောက်မှု ကိုတော့ လာမယ့်ပွဲစဉ် ၆ မှာ ကျိန်းသေပေါက် မြင်တွေ့ရဦးမှာပါ။
 
ဂျင်မီဘတ်တလာ (မီယာမီဟိထ်)

အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၅မှာလည်း တစ်ဦးတည်း ရမှတ် ၃၅မှတ်၊ ရီဘောင်း ၁၂ကြိမ်၊ ဖန်တီးမှု ၁၁ကြိမ်၊ လုယူမှု ၅ကြိမ် ပြုလုပ်ပြီး
အန်ဘီအေ ဗိုလ်လုပွဲမှာ အပြောက်မြောက်ဆုံး စွမ်းဆောင်ရည်ကို ပြသ ထားတဲ့ ဂျင်မီဘတ်တလာ

မီယာမီဟိထ်ကို ကယ်တင်နေတဲ့ကစားသမား ဒါမှမဟုတ် ဟိထ်တို့ရဲ့ နှလုံးခုန်သံလို့တောင် တင်စားရမယ့် ကစားသမားပါတယ်။ တစ်ဖက်က အင်အားတောင့်တင်းတဲ့ အသင်း နဲ့ ရင်ဆိုင်‌နေရပေမယ့် နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်အထိ မလျှော့သော စိတ်ဓာတ်နဲ့ ကစားပြနေတဲ့ ဘတ်တလာကတော့ ပွဲစဉ် ၃ မှာ တစ်ဦးတည်း ရမှတ် ၄၀ရယူပေးခဲ့ပြီး လိတ်ကာစ့်ကို အနိုင်ရခဲ့သလို အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၅မှာလည်း တစ်ဦးတည်း ရမှတ် ၃၅မှတ်၊ ရီဘောင်း ၁၂ကြိမ်၊ ဖန်တီးမှု ၁၁ကြိမ်၊ လုယူမှု ၅ကြိမ် ပြုလုပ်ပြီး အံ့အားသင့်စရာကောင်းလောက်အောင် လက်စွမ်းပြထားတာပါ။ ဘမ်အဒီဘာယို၊ တိုင်လာဟီရိုး၊ ဒန်ကန် ရော်ဘင်ဆင်တို့ အားလုံး စည်းလုံးမှုရှိရှိ နားလည်မှု အပြည့်နဲ့ ကစားနေတယ်ဆိုပေမယ့် ဂျင်မီဘတ်တလာရဲ့ စွမ်းဆောင်ရည် ကတော့ ဟိထ်အတွက် အသက် သွေးကြောပါ။ ပွဲစဉ် ၆ မှာဘယ်လိုရလဒ်ထွက်ထွက် အကောင်းဆုံးအစွမ်းပြဦးမယ့် ကစားသမားကတော့ ဂျင်မီ ဘတ်တလာ တစ်ဦးပဲရှိ ပါတယ်။
 

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

ပွဲစဉ် (၁) မီယာမီဟိထ် ၉၈ – ၁၁၆ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၂) မီယာမီဟိထ် ၁၁၄ – ၁၂၄ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ်

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ်

ပွဲစဉ် (၅) မီယာမီဟိထ် ၁၁၁ – ၁၀၈ အဲလ်အေလိတ်ကာစ်
 

ပွဲကြိုခန့်မှန်းချက်

ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် – နိုင်
 
အဲလ်အေလိတ်ကာစ် ၄-၂ မီယာမီဟိထ်

ပြီးခဲ့တဲ့ ပွဲမှာ လိတ်ကာစ်တို့ နောက်ဆုံးမိနစ် ပြစ်ဒဏ်ဘော‌တွေ ပေးခဲ့ရလို့ ၃ မှတ်အကွာနဲ့ မီယာမီဟိထ်ကို အရှုံးပေးခဲ့ရပါတယ်။ အဲလ်အေလိတ်ကာစ်တို့ ၁၀ နှစ်ကြာ ဝေးကွာနေတဲ့ အန်ဘီအေ ချန်ပီယံရှစ်ဆုနဲ့ လက်တကမ်း အကွာမှာ ရောက်ခဲ့ပေမယ့် မီယာမီဟိထ်က ဘတ်တလာရဲ့ ပြောင်မြောက်လွန်းတဲ့ စွမ်းဆောင်ရည်တွေက ကြန့် ကြာနေစေခဲ့တာပါ။ အဲလ်အေလိတ်ကာစ်တို့ လာမယ့်ပွဲစဉ် ၅ မှာတော့ အမှားအယွင်း အတတ်နိုင်ဆုံး နည်းအောင် ကစားပြီး အန်ဘီအေ ချန်ပီယံရှစ်ဆု ကို အမိအရ သိမ်းပိုက်သွားမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်