နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲစဉ် ၃ အပြီး အကြိတ်အနယ်ပိုရှိလာတဲ့ ၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

 

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ်

၂၀၂၀ အန်ဘီအေချန်ပီယံရှစ် ဖိုင်နယ်အဆင့်ကိုတော့ အဲလ်အေလိတ်ကာစ် နဲ့ မီယာမီဟိထ်တို့ တက်ရောက် ခဲ့ကြပြီး လက်ရှိအချိန်ထိ ပွဲစဉ် ၄ပွဲ ကစားပြီး ချိန်မှာ လိတ်ကာစ်တို့က ၂ ပွဲ ၁ပွဲနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ပွဲစဉ် ၁ နဲ့ ၂မှာ အနိုင်ရရှိထားတဲ့ လိတ်ကာစ်တို့ ပွဲစဉ် ၃ မှာတော့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီ ဒေးဗစ်တို့ ရုံးကန်ရခဲ့တာ တွေ့ရပြီး ဒီအားနည်းချက်ကို မီယာမီဟိထ် ကစားသမား ဂျင်မီဘတ်တလာ က အကောင်းဆုံး အခွင့်အရေး ပြန်ယူနိုင်ခဲ့လို့ အန်ဘီအေ ဗိုလ်လုပွဲစဉ် ၃အပြီးမှာ လိတ်ကာစ်က ၂ ပွဲနိုင်၊ ဟိထ်က ၁ပွဲ နိုင်နဲ့ ပိုပြီး အကြိတ်အနယ် ရှိလာခဲ့ပါတယ်။

လီဘရွန်ဂျိမ်းစ်နဲ့ အေတိုနီ ဒေးဗစ် တို့ရဲ့ အမှားတွေနဲ့ ပြစ်ဒဏ်ဘောတွေက တစ်ဆင့် ရမှတ် ပြန်ပေးရတဲ့ အကြိမ်အရေအတွက် တော်တော်လေးများခဲ့တာ တွေ့ရပြီး တတိယပွဲစဉ် ရှုံးနိမ့်ခဲ့ရခြင်းရဲ့ အဓိကကျတဲ့ အမှားတွေလို့ ဆိုနိုင်ပါတယ်။ ပွဲစဉ် ၁နဲ့ ၂ မှာ တစ်ဦးကို ပျမ်းမျှ ရမှတ် ၃၀ လောက် ရယူပေးခဲ့တဲ့ လီဘရွန်ဂျိမ်းစ်ရော၊ အေဒီပါ ပွဲစဉ် ၃ မှာတော့ စွမ်းဆောင်ရည် တော်တော်လေး ညံ့ခဲ့ကြပြီး လီဘရွန်ဂျိမ်းစ်က ၂၅မှတ် ရီဘောင်း ၁၀ ကြိမ်၊ ဖန်တီးမှု ၈ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို အန်တိုနီဒေးဗစ် ကတော့ ရမှတ် ၁၅မှတ်၊ ရီဘောင်း ၅ ကြိမ် ဖန်တီးမှု ၃ကြိမ်သာ ပြုလုပ်နိုင် ခဲ့ပါတယ်။

ဂျင်မီဘတ်တလာ ကတော့ ဒီနှစ် အန်ဘီအေမှာ တစ်ပွဲပျမ်းမျှ ၁၉.၉ မှတ်၊ ရီဘောင်း ၆.၇ ကြိမ်နဲ့ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။
အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၁နဲ့ ၂မှာ မီယာမီဟိထ်အတွက် တစ်ပွဲပျမ်းမျှ ၂၅ မှတ်နီးပါး ရယူပေးထားတဲ့ ဂျင်မီဘတ်တလာ

အစောပိုင်း ပွဲစဉ် ၂ ပွဲမှာ အဲလ်အေလိတ်ကာစ်ကို အပြတ်အသတ် အရေးနိမ့်ထားခဲ့တဲ့ မီယာမီဟိတ် ကတော့ ရှုံးထွက်၊ ကွန်းဖရင့် ဆီမီးဖိုင်နယ်၊ ကွန်းဖရင့် ဖိုင်နယ် တောက်လျောက် လက်စွမ်းပြပြီး အင်ဒီယာနာပေစာ၊ မီဝေါ်ကီဘက်စ်၊ ဘော်စတွန်ဆဲလ်တစ်တို့ကို အသီးသီး ကျော်ဖြတ်ထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဂျင်မီဘတ်တလာ ကတော့ ဒီနှစ် အန်ဘီအေ မှာ တစ်ပွဲပျမ်းမျှ ၁၉.၉ မှတ်၊ ရီဘောင်း ၆.၇ ကြိမ်နဲ့ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် ၁နဲ့ ၂မှာ  မီယာမီဟိထ်အတွက် တစ်ပွဲပျမ်းမျှ ၂၅ မှတ်နီးပါး ရယူပေးခဲ့ပြီး ပွဲစဉ် ၃ မှာတော့ ထူးထူးခြားခြား လက်စွမ်းပြပြီး ရမှတ် ၄၀၊ ရီဘောင်း ၁၁ ကြိမ်၊ ဖန်တီးမှု ၁၃ ကြိမ်ထိ ရရှိထားခဲ့ပါတယ်။ တခြားနာမည်ကြီးကစားသမား ဖြစ်တဲ့ ဘမ်အဒီဘာယို ရဲ့ တောက်ပမှုကိုတော့ အခုထိ မတွေ့ရသေးပဲ ဒန်ကန်ရော်ဘင်ဆင် နဲ့ တိုင်လာဟီရို တို့ဟာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခြင်းမရှိသေးလို့ မီယာမီဟိထ်အတွက် လာမယ့်ပွဲတွေ ကတော့ စိတ်ပူရမယ့် အနေအထားမှာ ရှိနေခဲ့ပါတယ်။

အန်ဘီအေ သမိုင်းမှာ အအောင်မြင်ဆုံး အဲလ်အေလိတ်ကာစ် တို့ အန်ဘီအေ ချန်ပီယံရှစ် ဗိုလ်လုပွဲကို ၃၂ကြိမ်ထိ တက်ရောက် ထားခဲ့ပါတယ်။ ၁၆ ကြိမ် အနိုင်ရပြီး ၁၅ ကြိမ် ရှုံးနိမ့်ထားခဲ့တဲ့ အဲလ်လေလိတ်ကာစ်တို့ ချန်ပီယံရှစ် ဗိုလ်လုပွဲအဆင့်ကို စံချိန်တင် ၃၃ ကြိမ်မြောက် တက်ရောက်လာခဲ့တာ ဖြစ်ပြီး မီယာမီဟိထ်နဲ့ကတော့  ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ချန်ပီယံရှစ် ဗိုလ်လုပွဲ အတွေ့အကြုံပိုများတဲ့ လိတ်ကာစ်တို့ ကတော့ အခုနှစ် အန်ဘီအေ ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပြီး လာမယ့် ပွဲစဉ် ၄ မှာလည်း လီဘရွန်ဂျိမ်းစ်၊ အန်တိုနီဒေးဗစ်တို့ရဲ့ လက်စွမ်းပြမှုနဲ့အတူ မီယာမီဟိထ်ကို ထပ်မံဦးဆောင်နိုင်ဖို့ ရည်ရွယ်နေပါတယ်။
 

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ ရလဒ်များ

ပွဲစဉ် (၁) မီယာမီဟိထ် ၉၈ – ၁၁၆ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၂) မီယာမီဟိထ် ၁၁၄ – ၁၂၄ အဲလ်အေလိတ်ကာစ်

ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်