နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလံပစ် သမိုင်းထဲက ထာဝရ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး စွမ်းဆောင်ရှင် ၃ ဦး

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အိုလံပစ် ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အခမ်းနားဆုံး အားကစားပြိုင်ပွဲ ဖြစ်ပါတယ်။ အိုလံပစ် ရွှေတံဆိပ်ဆု နဲ့ အတူ ကိုယ့်နိုင်ငံရဲ့ အလံ ထိပ်ဆုံး လွှင့်တင်တာကို နိုင်ငံတော် သီချင်း သီဆိုရင်း အလေးပြုခွင့််ရဖို့ ကတော့ အားကစားသမား တိုင်းရဲ့ အကြီးမားဆုံး အိမ်မက် ဖြစ်သလို လူနည်းစုပဲ လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို တန်ဖိုးကြီးတဲ့ အိုလံပစ် အောင်မြင်မှု တွေကို အကြိမ်ကြိမ် အမိအရ ဆုပ်ကိုင် နိုင်ခဲ့သူတွေ ကတော့ သမိုင်းမှတ်တမ်း ထဲမှာ ထုနဲ့ထေး ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ခါ မှာတော့ အိုလံပစ်ရဲ့ အအောင်မြင်ဆုံး အားကစားသမား အချို့ အကြောင်းကို SBOTOP ပရိသတ်တွေ အတွက် ရွေးချယ် ဖော်ပြ ပေးချင်ပါတယ်။
 

မိုက်ကယ်ဖဲလ်စ် | ရေကူး (အမေရိကန်)

အိုလံပစ် သမိုင်းမှာ အအောင်မြင်ဆုံး အားကစားသမား ဆိုရင် မိုက်ကယ်ဖဲလ်စ် ကိုပဲ ထိပ်ဆုံးက ဖော်ပြရပါလိမ့်မယ်။ သင်ဟာ မိုက်ကယ်ဖဲလ်စ်ရဲ့ ပရိသတ် တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင် သူ့ရဲ့ အောင်မြင်မှု ကိုတော့ မဖြစ်မနေ လက်ခံပြီး ချီးကျူးရမှာ ဖြစ်ပါတယ်။ ရေကူးအားကစားနည်း ဆိုတာ ကမ္ဘာ့အခက်ဆုံး အားကစားနည်းတွေထဲက တစ်ခုပါ။ တော်တော်လေးကို ပင်ပန်းဆင်းရဲတဲ့ အားကစားနည်း ဆိုရင်လည်း မမှားပါဘူး။ ပရော်ဖက်ရှင်နယ် ရေကူးသမား တစ်ယောက် ဖြစ်ဖို့ ပင်ကိုယ် အထုံပါရမီနဲ့ ပြည့်စုံပြီး ကြံခိုင်မှု အားကောင်းဖို့ လိုအပ်သလို ခွန်အားကို ညဏ်နဲ့ ချိန်ဆ တတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီလို ခက်ခဲတဲ့ အားကစားနည်းနဲ့ အတူ အိုလံပစ် ဆုတံဆိပ် (၂၈) ဆုကို ထမင်းစား ရေသောက် ဆွတ်ခူးထားနိုင်သူဟာ ဒီနေ့ ဒီအချိန် အထိ မိုက်ကယ်ဖဲလ်စ် တစ်ဦးသာ ရှိပါသေးတယ်။ အိုလံပစ် ပြိုင်ပွဲ (၄) ကြိမ်မှာ ရွှေတံဆိပ် ချည်းပဲ (၂၃)ခု ရရှိထားပြီး အိုလံပစ်ပြိုင်ပွဲ တစ်ခုချင်းစီ အလိုက် ရွှေတံဆိပ် အများဆုံး ရရှိထားသူ ဖြစ်သလို အိုလံပစ် သမိုင်းတစ်လျှောက် ရွှေတံဆိပ် အများဆုံး ယူထားနိုင်သူ ဖြစ်ပါတယ်။ အိုလံပစ် ပြိုင်ပွဲ တစ်ခု တည်းမှာ ဂင်းနစ် စံချိန် (၃၉) ကြိမ် တင်နိုင်ခဲ့တဲ့ အထိ ဖဲလ်စ်ရဲ့ အောင်မြင်မှုတွေက ခမ်းနားလွန်းခဲ့ပါတယ်။ မိုက်ကယ် ဖဲလစ်ရဲ့ အထူးခြားဆုံး ပြိုင်ပွဲ က‌တော့ ၂၀၀၈ ဘေဂျင်း အိုလံပစ် ဖြစ်ပြီး ၁၉၇၂ တုန်းက မြူးနစ် အိုလံပစ်မှာ မာ့ခ်စပစ်ဇ် ယူခဲ့တဲ့ ရွှေတံဆိပ် (၇) ခု စံချိန်ကို ရွှေတံဆိပ် (၈) ခုနဲ့ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 

လာရစ်ဆာ ဆီမြွန်နော့ဗ်နာ လက်တီနီနာ | ဂျွမ်းဘား (ဆိုဗီယက်ပြည်ထောင်စု)

လာရစ်ဆာ လက်တီနီနာ ကတော့ ဂျွမ်းဘား အားကစားနည်း ကနေ အိုလံပစ် ရွှေတံဆိပ်(၁၈) ခု အထိ ရရှိထားခဲ့သူ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် မိုက်ကယ်ဖဲလ်စ် ပြီးရင် အိုလံပစ် ဆုတံဆိပ် အများဆုံး ရရှိခဲ့သူ ဖြစ်သလို ရွေတံဆိပ် အများဆုံး ရရှိထားသူ ဖြစ်ပါတယ်။ သူမ အနေနဲ့ ၁၉၅၆ နဲ့ ၁၉၆၀ ရောမ အိုလံပစ် တွေမှာ စုစုပေါင်း ရွှေ(၉)ခု၊ ငွေ(၅)ခုနဲ့ ကြေး(၄)ခု ရရှိခဲ့ပါတယ်။ လာရစ်ဆာ ဟာ ၁၉၆၄ အိုလံပစ် မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် ကနေ ဒီနေ့အထိ ဂျွမ်းဘား အားကစားနည်းမှာ ရုရှားတို့ လက်မ ထောင်နိုင်နေတာ လာရစ်ဆာ ကြောင့်လို့တောင် ပြောလို့ ရပါတယ်။

၂၀၀၄ အေသင် အိုလံပစ် မှာ ပထမအဆင့် ကနေပဲ ထွက်ခဲ့ရတဲ့ ပြုံးစေ့စေ့ မျက်နှာထားနဲ့ ခပ်ပိန်ပိန် တာတို အပြေးသမားလေးဘဝ ကနေ အခမ်းနားဆုံး သမိုင်းတွေ ရေးထိုးခဲ့သူ ဖြစ်လာခဲ့တဲ့ ဘော့တ် ကိုတော့ ဘယ်သူနဲ့မှ မတူတဲ့ အိုလံပစ်ရဲ့ ထာဝရ အကောင်းဆုံး အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။
အိုလံပစ် ရွှေတံဆိပ် ၉ ခုအထိ ရရှိခဲ့တဲ့ ယူစိန်ဘော့တ်

 

ယူစိန်ဘော့တ် | အပြေး (ဂျမေကာ)

ကမ္ဘာပေါ်မှာ ယူစိန်ဘော့တ်ထက် အိုလံပစ် ဆုတံဆိပ် ပိုပြီး ရယူနိုင်ခဲ့တဲ့ အားကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ကျော်ကြားမှု အရရော စာရေးသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ စွမ်းဆောင်ရည် အရပါ ယူစိန်ဘော့တ် ကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းနဲ့ အိုလံပစ် သမိုင်းရဲ့ အမြန်ဆုံး လူသားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဂျမေကာ နိုင်ငံသား အပြေးချန်ပီယံ ယူစိန်ဘော့တ် ဟာ မိုက်ကယ်ဖဲလ်စ် လိုပဲ ဘေဂျင်း အိုလံပစ်နဲ့ လန်ဒန် အိုလံပစ်မှာ အောင်မြင်မှုတွေ သိမ်ကြုံးရယူနိုင်ခဲ့သူ ဖြစ်တယ်။ ဘော့တ်ဟာ အိုလံပစ် ပြိုင်ပွဲ (၃)ခုမှာ အမြင့်ဆုံး ရနိုင်တဲ့ ရွှေတံဆိပ် (၉) ခုထဲကမှ (၉) ခုလုံး အရ ယူနိုင်ခဲ့ပြီးတော့ တစ်ဦး ချင်းတင် မဟုတ်ပဲ အသင်းလိုက် အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အိုလံပစ် ပြိုင်ပွဲ (၃) ကြိမ် ဝင်ရောက် ယှဉ် ပြိုင်ခဲ့ပြီး (၃) ကြိမ်စလုံးမှာ မီတာ (၁၀၀)၊ မီတာ (၂၀၀)၊ မီတာ (၁၀၀) လက်ဆင့်ကမ်း ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တယ်။ ၂၀၀၄ အေသင် အိုလံပစ် မှာ ပထမအဆင့် ကနေပဲ ထွက်ခဲ့ရတဲ့ ပြုံးစေ့စေ့ မျက်နှာထားနဲ့ ခပ်ပိန်ပိန် တာတို အပြေးသမားလေးဘဝ ကနေ အခမ်းနားဆုံး သမိုင်းတွေ ရေးထိုးခဲ့သူ ဖြစ်လာခဲ့တဲ့ ဘော့တ် ကိုတော့ ဘယ်သူနဲ့မှ မတူတဲ့ အိုလံပစ်ရဲ့ ထာဝရ အကောင်းဆုံး အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ကြက်တောင် STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်