နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မပြင်ဆင်နိုင်ခဲ့သော အားနည်းချက်ပေါင်းများစွာနဲ့ ရှေ့မရောက်ပဲ နောက်ပြန်ဆွဲနေဆဲ မြန်မာ့ ဘောလုံး | ကမ္ဘာ့ဖလား

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာရှကျားကြီးလို့ ခေါ်တွင်တဲ့ မြန်မာ့လက်ရွေးစင်အသင်း ကတော့ မြောက်ကိုရီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အိမ်ရှင် ပရိသတ် မျက်နှာကိုမှ မထောက် အရှက်တကွဲ အရေးနိမ့်သွားခဲ့ပါတယ်။ ဂျပန်နဲ့ ပွဲမှာ ခံစစ်အားပြု ကစားခဲ့ပြီး ၅ ဂိုးပဲ ပေးခဲ့ရလို့ မြောက်ကိုရီးယားကို သရေခံကစားနိုင်မယ် ဆိုပြီး အထင်ကြိးခဲ့တဲ့ ပရိသတ်တွေလည်း ဘာပြောလို့ ပြောရမှန်း မသိအောင်ကို ဖြစ်သွားခဲ့ပါတယ်။ ပွဲကြိုအင်တာဗျူးတွေ မှာလည်း နည်းပြက အစ မြောက်ကိုရီးယားကို အထင်သေးခဲ့ပြီး သရေ ကစားနိုင်မယ်လို့ ပြောခဲ့ကာ တကယ်တမ်း ကစားချိန်မှာတော့ ဂျပန်နဲ့ ပွဲကထက်တောင် ပေးဂိုး ပိုများသွားခဲ့ပါတယ်။

တကယ်ဆိုရင် မြောက်ကိုရီးယားက နိုင်ငံတကာပွဲတွေနဲ့ အလှမ်းဝေးခဲ့လို့သာ ကမ္ဘာ့အဆင့် ၁၀၀ ကျော်ကို ရောက်နေခဲ့တာပါ။ သူတို့ရဲ့ ခြေစွမ်း၊ စုဖွဲ့မှုက အာရှမှာ ဆိုရင် ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်ပါတယ်။ ဒါကလည်း အရှေ့မှာ စွမ်းဆောင်ပြခဲ့တာတွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဒီ ကစားသမားတွေဟာ ပြည်တွင်းမှာပဲ ကစား၊ ပြည်တွင်းမှာပဲ လေ့ကျင့်ပြီး စုဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းလိဂ် မရှိ၊ ပွဲဆက်ပြတ်နေတာ ကြာပြီ ဖြစ်လို့ ဒီကစားသမားတွေရဲ့ ခြေစွမ်းကို အကဲခတ်လို့ မရတာကြောင့် ရွှေမြန်မာတို့ အထင်သေးခဲ့ကြဖွယ် ရှိပါတယ်။ ကြေးတောင်မှ မြန်မာက နှစ်လုံး သရေ ဖွင့်ခဲ့တာပါ။

အခုတော့ အိမ်ကွင်းမှာပဲ ဂိုးပြတ် ရှုံးခဲ့ရပါတယ်။ ခြေပြတ် ဂိုးပြတ်ကို ရှုံးခဲ့တာ ဖြစ်ပြီး ဂျပန်ကို ၅ ဂိုးပဲ ပေးခဲ့ရတဲ့ ခံစစ်ဟာ တကယ် ကစားတဲ့ အသင်းနဲ့ တွေ့ချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဂျပန်က ဂိုးသိပ်မသွင်းဘဲ လျှော့ကန်ခဲ့တယ် ဆိုတာလည်း သိသာခဲ့ပါတယ်။ ဂျပန် တကယ် ကစားရင် ၅ ဂိုးထက်မက သွင်းနိုင်ခဲ့တယ် ဆိုတာကို ပရိသတ်တချို့က ထောက်ပြခဲ့ပေမယ့် အမှန်အတိုင်း ထိုးထွင်း သိမြင်မှု အားနည်းခဲ့သူတွေ အများကြီးပါ။

ပရီးမီးယားလိဂ်
နယူးကာဆယ် ယူနိုက်တက်
ချဲလ်ဆီး
1X2 သရေ (Draw) @ 3.20
ဂိုးအောက် 2.50 @ 2.00
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မြန်မာ အသင်းရဲ့ ကစားပုံကို ကြည့်မယ် ဆိုရင် တိုက်စစ်က ဘာမှလုပ်မရ၊ ကွင်းလယ်က ဖန်တီးမှု ဆိုတာ ဘာမှန်းမသိ၊ ခံစစ်က ကြုံသလို ဖျက်ထုတ်ပြီး ဂိုးသမားလည်း ခံစစ်နဲ့ အချိတ်အဆက်မမိ ဖြစ်နေတာပါ။ တသင်းလုံး ညံ့ဖျင်းနေခဲ့တာ ဖြစ်ပြီး လက်ရွေးစင် အသင်းရဲ့ ကစားသမားတွေရဲ့ ခြေစွမ်းက စိတ်ပျက်စရာ ကောင်းအောင်ကို နိမ့်ကျနေခဲ့တာပါ။ ဒီအားနည်းချက်တွေက အခုချိန်ထိကို မပြင်ဆင်နိုင်သလို ရှေ့ဆက်ပြီးလည်း ပြင်ဆင်နိုင်ဖို့က ခက်ပါတယ်။

အနားနီးမှ ကစားသမားတွေကို လက်ပူတိုက်ခေါ်၊ လေ့ကျင့်၊ ပြိုင်ပွဲဝင်နေတာက အလုပ် မဖြစ်တာသိသိနဲ့ ဒီနည်းလမ်းပဲ သုံးနေပါတယ်။ တစ်ခါလာလည်း ဒီကစားသမားတွေ၊ နောက်တစ်ခါလည်း ဒီကစားသမားတွေပဲ ရွေးနေပြီး တွဲကစားတာ အချိန်ကြာလာတောင် အဲဒီ ကစားသမားတွေက နားလည်မှု မပြည့်၀၊ တစ်ယောက် အထာ တစ်ယောက်မသိ ဖြစ်နေတာက ဘာကြောင့်လဲ ဆိုတာ တွေးရုံနဲ့ သိနေတာပါ။ ဒါပေမယ့် သိသိနဲ့ မှားနေတုန်းပါပဲ။

အခုဆို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုမှာ ၂ ပွဲစလုံး ရှုံးထားပြီးပါပြီ။ ဂိုးပြတ်တွေ ရှုံးခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်တဆင့် တက်ဖို့ ဆိုတာ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဆီးရီးယား ကိုလည်း ဂိုးပြတ် မရှုံးအောင် မနည်းကစားရမှာပါ။ မြန်မာ အသင်းဟာ ထုံးစံအတိုင်း ဒီမိုး၊ ဒီရေ၊ ဒီလေနဲ့ ခရီးဆက်နေတာ ကြာပါပြီ။ အခုထိ ခရီးမတွင်သေးပါဘူး။ စထွက်တဲ့ နေရာမှာတင် တဝဲလည်လည် ဖြစ်နေပြီး ပရိသတ်တွေကို စိတ်ပျက်သထက် ပျက်အောင်သာ လုပ်နိုင်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်