နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကြမ်းကြမ်းတမ်းတမ်း၊ မိုက်မိုက်ကန်းကန်းတွေနဲ့ ပွဲပြီးခဲ့တဲ့ တောင်အမေရိက ဒါဘီ | ကမ္ဘာ့ဖလား (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ဒီမနက် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကတော့ တော်တော်လေးကို ကြမ်းတမ်းခဲ့ပါတယ်။ ပွဲမစခင်ပဲ စင်ပေါ်မှာ နှစ်ဖက် ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပြီး ဘရာဇီးလ်ရဲတွေဟာ အခြေအနေကို ထိန်းသိမ်းရမယ့်အစား သူတို့ပါ ဝင်ရိုက်နှက်ခဲ့လို့ ပွဲပိုဆူသွားခဲ့ပါတယ်။ ဒီလိုမျိုး ရဲတွေကပါ ဝင်ရိုက်နေတာကို တွေ့ပြီးနောက် အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်ဟာ မခံမရပ်နိုင် ဖြစ်ပြီး စင်ပေါ်ထိတက်ကာ သူပါ ရန်ပွဲထဲ ဝင်ပါဖို့ လုပ်ခဲ့တဲ့အထိပါပဲ။ အားလုံးက ဝိုင်းဆွဲထားခဲ့လို့သာ စင်ပေါ်မရောက်ခဲ့တာပါ။ ဒီနောက်မှာတော့ အာဂျင်တီးနား ကစားသမားတွေက ပွဲကိုမကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ကွင်းပြင်ထွက်ခဲ့ပါတယ်။

အာဂျင်တီးနား ပရိသတ်တချို့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သွေးထွက်သံယို ဖြစ်ခဲ့ပါတယ်။ အခြေအနေတွေ တည်ငြိမ်တော့မှ အာဂျင်တီးနား အသင်းလည်း ကွင်းထဲ ပြန်ဝင်လာပြီး ပွဲကိုကစားဖို့ လုပ်ခဲ့တာပါ။ ဒီလို ပြန်ဝင်လာချိန်မှာ လီယွန်နယ် မက်ဆီနဲ့ ရိုဒရီဂိုတို့ စကားများခဲ့ကြပါတယ်။ ရိုဒရီဂိုက မက်ဆီကို သူရဲဘောကြောင်တယ်လို့် ပြောခဲ့ပြီး မက်ဆီ ကလည်း သူတို့က ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီး အဲလိုဖြစ်စရာ အကြောင်းမရှိဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

တောင်အမေရိက ထိပ်သီး နှစ်သင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ကတော့ ဒီလို ကြမ်းတမ်းမှုတွေနဲ့ အတူ ပြီးဆုံးခဲ့ရပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး နောက်ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ ဘရာဇီးလ်

ပွဲကစားချိန်မှာတော့ ပွဲကြမ်း တစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဖက် ကစားသမားတွေဟာ ပြစ်ဒဏ်ဘောတွေ အများကြီး ကျူးလွန်ခဲ့ကြပါတယ်။ မိနစ် ၂၀ အတွင်း မှာပဲ ပြစ်ဒဏ်ဘော အကြိမ် ၂၀ ဖြစ်ခဲ့တာပါ။ လူချကစားခဲ့ကြတာ ဖြစ်ပြီး ဦးသူချပါပဲ။ ခဏခဏ စကားများခဲ့ကြပြီး ဘောလုံးပွဲထက် ရန်ပွဲ အသွင်ဆောင်ခဲ့ပါတယ်။ မက်ဆီ ကိုယ်တိုင်လည်း လူချခံရ၊ သူကလည်း ပြန်ချတဲ့ အထိပါပဲ။ ပွဲက တော်တော်လေး ကြမ်းခဲ့ပြီး ကွင်းလယ်ဒိုင်လည်း မနည်းထိန်းခဲ့ရပါတယ်။

အာဂျင်တီးနားက ၆၄ မိနစ်မှာ အော့တာမန်ဒီရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး ဘရာဇီးလ်တို့ ၃ ပွဲ ဆက်တိုက် ရှုံးခဲ့ရပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းတလျှောက် အိမ်ကွင်းမှာ ပထမဆုံး ရှုံးပွဲ ကြုံခဲ့ရပြီး ဘရာဇီးလ်တို့ ခြေစစ်ပွဲတောင် အောင်ဖို့ မနည်း အားထုတ်ရပါတော့မယ်။ အာဂျင်တီးနား ကတော့ မဟာပြိုင်ဘက်ကြီးကို အနိုင်ယူကာ ချိုမြိန်တဲ့ နိုင်ပွဲကို ရယူသွားခဲ့ပြီး အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာပဲ အောင်ပွဲခံပြသွားခဲ့ပါတယ်။ အာဂျင်တီးနား ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံခဲ့ပြီး ဘရာဇီးလ်တို့ အတွက် မခံချိမခံသာ ဖြစ်စရာပါပဲ။

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 မန်ချက်စတာစီးတီး @ 1.73
ဂိုးအောက် 3.00 @ 2.11
ဂိုးပေါင်း 2-3 @ 2.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရာဇီးလ်က ခြေစွမ်းပိုင်းအရ ဆိုးရွားနေပြီး နည်းပြသစ် တစ်ဦး အမြန်ခန့်ဖို့ လိုအပ်နေပါပြီ။ ဒီပွဲမှာ အပိုင်အခွင့်အရေး တချို့ ရခဲ့ပေမယ့် မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေကို မကျော်နိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာ မက်ဆီက သူတို့ ပရိသတ်တွေကို ရဲတွေရိုက်နေတာ မြင်ခဲ့တယ်လို့ လူသိရှင်ကြား ပြောသွားခဲ့ပါတယ်။ ဒီလိုပြောဆိုမှုက ဘရာဇီးလ် အတွက် ပြသနာပါ။ သူတို့တွေ ရဲကပါ ဝင်ရိုက်ခဲ့တဲ့ ပြသနာကို ရှင်းရတော့မှာပါ။ တောင်အမေရိက ထိပ်သီး နှစ်သင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ကတော့ ဒီလို ကြမ်းတမ်းမှုတွေနဲ့ အတူ ပြီးဆုံးခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်