နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ပေါ်တူဂီ ၀-၁ စပိန် (နေးရှင်းလိဂ်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပေါ်တူဂီ ၀-၁ စပိန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ စပိန် တို့ရဲ့ နေးရှင်းလိဂ် (A) အုပ်စု (၂)ရဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ စပိန်တို့ အိမ်ရှင် ပေါ်တူဂီကို မိုရာတာရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် အသင်းက ဂိုးသမား အဖြစ် ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ကန်ဆယ်လို၊ ရူဘင် ဒီးရာ့စ်၊ ဒန်နီလို ပါရဲရားနဲ့ နူနို မန်ဒက်စ်၊ ကွင်းလယ်မှာ ရူဘင် နီးဗက်စ်၊ ဝီလီယမ် ကာဗယ်လိုနဲ့ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ်မှာတော့ ဒီယိုဂို ဂျိုတာ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို အသုံးပြုခဲ့ပါတယ်။ စပိန် ကတော့ အူနိုင်း ဆီမွန်၊ ပါအူ တောရက်စ်၊ ဂီလာမွန်၊ ဂါယာ၊ ကာဗာဟယ်၊ ရိုဒရီ၊ ကိုကီ၊ ကားလို့စ် ဆိုလာ၊ ဆာရားဘီးယား၊ ဖာရန်း တောရက်စ်နဲ့ မိုရာတာ တို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။

ပေါ်တူဂီက သရေကျရုံနဲ့ နောက်တစ်ဆင့် တက်မှာ ဖြစ်ပေမယ့် စပိန် ကတော့ အနိုင်ရမှ ဆီမီးဖိုင်နယ် ရောက်မှာ ဖြစ်လို့ ဧည့်သည် အသင်းက ပိုပြီး အားစိုက်ခဲ့ပါတယ်။ စပိန်တို့ ပွဲစကတည်းက ခံယူချက် အပြည့်နဲ့ အင်တိုက်အားတိုက် ကစားခဲ့လို့ ပေါ်တူဂီ ခံစစ်က တော်တော်လေး ရုန်းကန်ခဲ့ရပြီး တိုက်စစ် ကလည်း အရင်ပွဲတွေတုန်းကလို လုပ်တိုင်း မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၂၂ မိနစ်မှာ ရော်နယ်လ်ဒို ပင်နယ်တီ တောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ထောင့်ကန်ဘောပဲ ပေးခဲ့သလို ဂျိုတာရဲ့ တန်ပြန် တိုက်စစ် ကနေ ကန်သွင်းမှု ကိုတော့ အူနိုင်း ဆီမွန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ စပိန်က ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားပြီး ပေါ်တူဂီက တန်ပြန် တိုက်စစ်နဲ့ ဖိအားပေးတဲ့ ပုံစံမျိုး ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ပေါ်တူဂီတို့ တစ်မှတ် ရရုံနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ရောက်မှာ ဖြစ်ပြီး အိမ်ကွင်း အားသာချက်လည်း ရှိခဲ့သည့် တိုင်အောင် ကစားသမားတွေရဲ့ ပေါ့ဆတဲ့ ကစားပုံ၊ နည်းပြရဲ့ ဗျူဟာပိုင်း အားနည်းချက်တွေကြောင့် အခွင့်အရေးကောင်း တစ်ခုကို စပိန်ထံ လက်လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။
နှစ်နှစ်ဆက် နေးရှင်းလိဂ် အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ပေါ်တူဂီ

တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကိုတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ပဲ မြင်တွေ့ခဲ့ရပြီး ဂျိုတာနဲ့ ဖာနန်ဒက်စ် တို့ရဲ့ ကန်ချက်တွေ ကိုလည်း အူနိုင်း ဆီမွန် ကာကွယ်နိုင်ခဲ့လို့ ပေါ်တူဂီတို့ ဂိုးပေါက် ပျောက်နေခဲ့ရပါတယ်။

ဒုတိယပိုင်း မှာတော့ စပိန်တို့ လူစား အပြောင်းအလဲတွေ စတင် ပြုလုပ်လာခဲ့ပြီး ဂါဗီ၊ ဘူးစကွက်စ်၊ ပက်ဒရီတို့ ထည့်သွင်းလိုက်ချိန်မှာတော့ စပိန် ကွင်းလယ်က ဘာစီလိုနာ ကွင်းလယ် အလား ဖလန်းဖလန်းထနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ ကျော် မှာ ပေါ်တူဂီ နည်းပြ ဆန်းတို့စ် ကလည်း အပြောင်းအလဲ တချို့ လုပ်ခဲ့ပြီး ခြေမပေါ်တဲ့ ဘာနာဒို ဆေးလ်ဗား၊ ကာဗယ်ဟိုနဲ့ ဂျိုတာတို့ အစား ဂျာအို မာရီယို၊ ရာဖေးလ် လီယောင်နဲ့ ဗစ်တင်ဟာ ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ပိုင်း အားကောင်းသွားတဲ့ စပိန်တို့ ကစားကွက် ပိုမို စိုးမိုးလာနိုင်ခဲ့ပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေလည်း လုပ်နိုင်ခဲ့ကြပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာတော့ စပိန်တို့ လိုအပ်နေတဲ့ ဂိုးရသွားခဲ့ပြီး ညာခြမ်းက ကာဗာဟယ်ရဲ့ ထောင့်ဖြတ် ကန်တင်ပေးပို့မှုကို နီကို ဝီလီယံက ခေါင်းတိုက်ချပေးရာ ကနေ အဲလ်ဗာရိုး မိုရာတာက ပြေးဝင် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင်တို့ ဂျာအို ဖီးလစ်ကို ထပ်ထည့်ပြီး ချေပဂိုး မျှော်လင့်ချက်နဲ့ ကစားခဲ့ပေမယ့် နာကျင် အချိန်ပို ၆ မိနစ် အထိ ပေးခဲ့သည့်တိုင်အောင် အသုံးမချနိုင်ခဲ့လို့ ၀-၁ ရလဒ်နဲ့ပဲ စပိန်ကို အရှုံးပေးလိုက်ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပေါ်တူဂီတို့ တစ်မှတ် ရရုံနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ရောက်မှာ ဖြစ်ပြီး အိမ်ကွင်း အားသာချက်လည်း ရှိခဲ့သည့် တိုင်အောင် ကစားသမားတွေရဲ့ ပေါ့ဆတဲ့ ကစားပုံ၊ နည်းပြရဲ့ ဗျူဟာပိုင်း အားနည်းချက်တွေကြောင့် အခွင့်အရေးကောင်း တစ်ခုကို စပိန်ထံ လက်လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။ စပိန် ကတော့ လိမ်ဖယ် လိမ်ဖယ်နဲ့ပဲ ၂ နှစ် ဆက်တိုက် နေးရှင်းလိဂ် ဆီမီးဖိုင်နယ် တက်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 3.15
ဂိုးပေါ် 3.00 @ 2.20
ဂိုးပေါင် 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဓိက ကတော့ နည်းပြ လူးဝစ် အင်းနရစ်ခ်ဟာ ပေါ်တူဂီ နည်းပြကြီး ဖာနန်ဒို ဆန်းတို့စ်ထက် ပိုပြီး ဆုံးဖြတ်ချက် ပိုင်နိုင်ခဲ့သလို လုပ်ရဲကိုင်ရဲခဲ့ပြီး ချိန်သားကိုက် လူစားလဲလှယ်မှုတွေ ပြုုလုပ်နိုင်ခဲ့လို့ စပိန်တို့ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ စပိန်ဟာ တိုက်စစ်ပိုင်း အားနည်းပေမယ့် သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ ကွင်းလယ် တောင့်တင်းမှုကို အကောင်းဆုံး အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ ကတော့ လူစာရင်း တောင့်တင်းသည့် တိုင်အောင် တကယ်တမ်း အဆုံးအဖြတ် ပွဲတွေ ဆိုရင် ရော်နယ်ဒို ကလည်း ကျားမဟုတ်ပဲ ဖား ဖြစ်နေဆဲ ဖြစ်ပြီး ကျန်ကစားသမားတွေ ကလည်း အားကိုးလို့ မရသေးဘူး ဆိုတာ ထပ်ပြီး မြင်သာခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိ ခြေစွမ်းကတော့ ကာတာ ကမ္ဘာ့ဖလား အတွက် စိုးရိမ်စရာ ပါပဲ။


လာမယ့်ပွဲစဉ်များ

ပေါ်တူဂီတို့ ကမ္ဘာ့ဖလား မကစားခင် လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ နိုင်ဂျီးရီးယားနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပြီး စပိန် ကတော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကော်စတာရီကာနဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် စတင် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်