နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိန်းဂဏန်း အမှတ်တရများနဲ့ ယူအီးအက်ဖ်အေ ယူရို ၂၀၂၀

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အခုတစ်ခါ ယူရို ၂၀၂၀ အမှတ်တရ ကိန်းဂဏန်းတွေနဲ့ ပတ်သတ်ပြီး SBOTOP ဘောလုံးဝါသနာရှင် အတွက် လက်လှမ်း မှီသလောက် စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁ | ယူရို ၉၆ အုပ်စု ပွဲစဉ် မှာ အီတလီ အတွက် ဂိုးသွင်းပေးခဲ့တဲ့ အန်ရစ်ကို ခီယေဇာရဲ့ သားဖြစ်သူ ဖက်ဒရစ်ကို ခီယေဇာဟာ လက်ရှိ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ ဩစတြီးယား ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ယူရိုပြိုင်ပွဲ  သမိုင်းတစ်လျှောက် နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ ပထမဦးဆုံး အကြိမ် အဖြစ် သားအဖ နှစ်ဦးလုံး ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကွာခြားတာက ယူရို ၉၆ မှာ အန်နရစ်ကို ခီယေဇာ ဂိုးသွင်းခဲ့ပေမယ့် အီတလီတို့ ချက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပြီး ဖက်ဒရစ်ကို ခီယေဇာ ကတော့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် တက်ရောက်နိုင်ဖို့ အရေးပါတဲ့ ဂိုးကို အီတလီ အတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

၂ | အင်္ဂလန်ဟာ ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲ ကစားရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စု ပထမနေရာ ကနေ ရှုံးထွက်တက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ထူးခြားချက်က အင်္ဂလန်တို့ အုပ်စု ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလန်တို့ ရခဲ့တဲ့ ၂ ဂိုးလုံး ကိုလည်း ရာဟင်မ် စတာလင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်တို့ အုပ်စု ပွဲစဉ် ၃ ပွဲလုံး ရှုံးပွဲ မရှိခဲ့သလို အခု ဗိုလ်လုပွဲမှာ တွေ့ဆုံနေတဲ့ အီတလီ ဟာလည်း အင်္ဂလန်လိုပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလို အုပ်စု အဆင့်မှာ ပေးဂိုး လုံးဝမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းဟာ ယူရို သမိုင်းမှာ ၄ သင်းပဲ ရှိတယ်လို့ သိရပါတယ်။

 
၃ | ယူရိုပြိုင်ပွဲ သမိုင်းမှာ ရှုံးထွက်အဆင့်ကို ၃ ကြိမ် တက်ရောက်ခဲ့ဖူးပြီး ၃ ကြိမ်လုံး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ ယူရိုပြိုင်ပွဲမှာ တစ်ခါမှ ၃ ဂိုး သွင်းဖူးတဲ့ အသင်း မဟုတ်ပေမယ့် ထူးထူးခြားခြား လက်ရှိ ယူရို ၂၀၂၀ မှာတော့ နှစ်ပွဲ ဆက်တိုက် တစ်ပွဲကို ၃ ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။

၄ | ယူကရိန်းကို ကွာတားဖိုင်နယ်မှာ ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်တို့ ၁၉၆၆ ကမ္ဘာ့ဖလား နောက်ပိုင်း အဓိက ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ပထမဦးဆုံး အကြိမ် ၄ ဂိုး သွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

၅ | အင်္ဂလန်တို့ ယူရို ၂၀၂၀ မှာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၅ ပွဲဆက် ပေးဂိုးမရှိ စံချိန်တင်နိုင်ခဲ့ပါတယ်။ စပိန် ကတော့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၂ ပွဲဆက်တိုက် တစ်ပွဲကို ၅ ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ဆလိုဗက်ကီးယားကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာလည်း ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲ စာရင်းလည်း ဝင်ခဲ့ပါတယ်။

၇ | စကော့တလန်တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၃ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ နောက်ဆုံး အဆင့် ပွဲစဉ် စုစုပေါင်း ၇ ပွဲ ကစားခဲ့ပြီး စုစုပေါင်း ၈ မှတ် ရရှိခဲ့ပါတယ်။ တိုက်ဆိုင်တာက စကော့တလန်တို့ ဇွန်လ ၁၈ နေ့မှာ ကစားခဲ့တဲ့ ယူရိုပွဲစဉ်တွေမှာပဲ အမှတ်ရခဲ့တာ ဖြစ်ပါတယ်။ (၁၉၉၂ မှာ ၃ မှတ်၊ ၁၉၉၆ မှာ ၃ မှတ်၊ ၂၀၂၁ မှာ ၁ မှတ်)

၈ | စပိန် ၅-၃ ခရိုအေးရှား ပွဲစဉ်ဟာ ယူရို ပြိုင်ပွဲ သမိုင်းမှာ နှစ်သင်းပေါင်း ဂိုးအများဆုံး သွင်းခဲ့ကြတဲ့ ဒုတိယမြောက်ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ ယူရိုပြိုင်ပွဲ ကစားခွင့်ရခဲ့တဲ့ ၈ ကြိမ်လုံး ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၉ | ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ဟာ ယူရိုပြိုင်ပွဲ တစ်ခုတည်းမှာ ၅ ဂိုးသွင်းနိုင်ခဲ့တဲ့ ၉ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန် ကတော့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ၉ ကြိမ်မှာ ပထမဦးဆုံး အကြိမ် ယူရို ၂၀၂၀ အဖွင့် ပွဲစဉ်မှ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ သွင်းဂိုး ၁၃ ဂိုးအထိ ရရှိခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။
ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်ပွဲဆက် တစ်ပွဲကို သွင်းဂိုး ၅ ဂိုး ရရှိခဲ့တဲ့ စပိန်

၁၃ | စပိန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ သွင်းဂိုး ၁၃ ဂိုးအထိ ရရှိခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။

၁၄ | ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူရို နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ၁၄ ဂိုး အထိ သွင်းယူထားခဲ့ပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

၁၇ | ပိုလန်အသင်းရဲ့ ကစားသမား ကတ်စပါကော့ဇ်လိုးဝ်စကီး (၁၇ နှစ်နဲ့ ၂၄၆ ရက်)ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ပွဲထွက် ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

၁၈ | ဇွန်လ ၂၃ ရက်နေ့မှာ ကစားခဲ့တဲ့ ယူရို နောက်ဆုံးအဆင့် ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုး စုစုပေါင်း ၁၈ ဂိုး အထိ ရှိခဲ့ပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းခဲ့ကြတဲ့ နေ့ရက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၄၀ | ယူရို ၂၀၂၀ မှာ လက်ရှိအချိန်ထိ သွင်းယူထားတဲ့ သွင်းဂိုး အရေအတွက် ဖြစ်ပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အများဆုံးလည်း ဖြစ်ပါတယ်။

၈၀၀ |  ပြင်သစ်နဲ့ ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန် တိုက်စစ်မှူး ဆက်ဖရိုဗစ် သွင်းယူခဲ့တဲ့ ဂိုးဟာ ယူရို ပြိုင်ပွဲ သမိုင်းမှာ ၈၀၀ ပြည့် သွင်းဂိုးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သွင်းဂိုး စုစုပေါင်း ၈၂၇ ဂိုးအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်