နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ကြိုက် ရွေးချယ်မိသောယူရို ၂၀၂၀ ရဲ့ အကောင်းဆုံးကစားသမား ၁၁ ဦး

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူရို ၂၀၂၀ ကတော့ အီတလီတို့ ချန်ပီယံဆုကိုင်မြှောက်နိုင်ခဲ့ခြင်းနဲ့ အတူကန့်လန့်ကာချသွားခဲ့ပေမယ့် ပြိုင်ပွဲနဲ့ ပတ်သတ်ပြီးနောက်ဆက်တွဲအကြောင်းအရာတွေ၊ ဆွေးနွေးသုံးသပ်စရာတွေကတော့ များစွာကျန်ရှိနေပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ နှောင့်ယှက်မှုကြောင့် ၂၀၂၁ ဇွန်လရောက်မှပဲကျင်းပခဲ့ရတဲ့ ယူရို ၂၀၂၀ ဟာမစတင်ခင်မှာပြိုင်ပွဲပုံစံအသစ်ကြောင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရသလိုကပ်ရောဂါကိုအပြည့်အဝမထိန်းချုပ်နိုင်သေးတဲ့ ကာလမှာကျင်းပတာဖြစ်တဲ့အတွက် ယူအီးအက်ဖ်အေအနေနဲ့ စိန်ခေါ်မှုများစွာနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ယူရို ၂၀၂၀ပြိုင်ပွဲကြီးဟာအောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးသွားခဲ့သလိုဘောလုံးပရိသတ်တွေအနေနဲ့လည်းယခင် ပြိုင်ပွဲတွေထက် မလျော့တဲ့ ရင်ခုန် စိတ်လှုပ်ရှားမှု‌တွေနဲ့ အပြည့်အဝအားပေးခံစားခဲ့ရပါတယ်။

အခုတစ်ခါ မှာတော့ ပြိုင်ဆိုင်မှုပြင်းထန်ပြီးဘောလုံးရသအပြည့်အဝပေးနိုင်ခဲ့တဲ့ယူရို ၂၀၂၀ရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးကို ကျွန်တော်များ SBOTOP ကနေရွေးချယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (ပြိုင်ပွဲတစ်လျှောက် စွမ်းဆောင်ရည် အချက်အလက်တွေပြန်ကြည့်ပြီးစာရေးသူစိတ်ကြိုက် ရွေးချယ်‌ ဖော်ပြခြင်းဖြစ်လို့ သဘောထားအမြင်ချင်းမတိုက်ဆိုင်တာတွေရှိနိုင်ပေမယ့် အများစုကတော့ ထပ်တူကျမယ်လို့ မျှော်လင့် ရပါတယ်။)
 
ဂိုး – ဂီယန်လီဂီဒွန်နာရူးမား (အီတလီ)

ယူရို ၂၀၂၀ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒွန်နာရူးမားဟာအီတလီတို့ ရခဲ့တဲ့ ချန်ပီယံဆုအတွက် အဓိကအကျဆုံးဖြစ်ခဲ့သူပါ။ ဒွန်နာရူးမားဟာပြိုင်ပွဲတစ်လျှောက် အဓိကကာကွယ်မှု ၉ ကြိမ်သာပြုလုပ်ခဲ့ရပေမယ့် သူ့ရဲ့ ကာကွယ် တားဆီးမှုတိုင်းကလည်းအီတလီအတွက် အရေးပါခဲ့ပါတယ်။ခံစစ် ကျောက်ဆောင်တွေဖြစ်တဲ့ ဘိုနူချီနဲ့ ချီလီနီရှေ့မှာခံနေလို့ အစောပိုင်းပွဲစဉ် တွေမှာသိပ်ပြီးအလုပ်မများခဲ့ရတဲ့ ဒွန်နာရူးမားအနေနဲ့ ဘယ်ဂျီယံနဲ့ ကွာတားဖိုင်နယ် မှာတော့ စတင် လက်စွမ်းပြခဲ့ရပါတယ်။ အဲ့နောက် စပိန်နဲ့ ဆီမီးဖိုင်နယ် ပင်နယ်တီအဆုံးအဖြတ်မှာမိုရာတာရဲ့ ကန်သွင်းမှု၊ ဗိုလ်လုပွဲမှ အင်္ဂလန်ကဆန်ချိုနဲ့ ဆာကာတို့ရဲ့ ကန်သွင်းမှုတွေတည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒွန်နာရူးမားဟာ ၂၂ နှစ် ဆိုတဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက် တည်ငြိမ်ပြီးအသင်းခေါင်းဆောင် ချီလီနီကိုယ်တိုင် ဘူဖွန်နဲ့ ခိုင်းနှိုင်းပြီးချီးကျူးတာကိုခံထားရသူဖြစ်ပါတယ်။
 
ဘယ်အစွန် ခံစစ် – လီယိုနာဒိုစပင်နာဇိုလာ (အီတလီ)

ယူရို၂၀၂၀ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ဒွန်နာရူးမားဟာအီတလီတို့ရခဲ့တဲ့ချန်ပီယံဆုအတွက်အဓိကအကျဆုံးဖြစ်ခဲ့သူပါ။
၂၀၂၁ ခုနှစ်အတွင်းချန်ပီယံလိဂ် ဖလားနဲ့ ယူရို ၂၀၂၀ ဖလားကိုတပြိုင်နက်တည်းရရှိခဲ့တဲ့ ဂျော်ဂျင်ဟို

ရိုးမားပွဲတွေသိပ်ပြီးမကြည့်ဖြစ်ခဲ့တဲ့ အတွက် ယူရို ၂၀၂၀ မှ စပင်နာဇိုလာရဲ့ ခြေစွမ်းကိုအရှင်းသားမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ စတွေ့တွေ့ချင်းမှာတိုက်စစ်မှူးလိုလို၊ တောင်ပံကစားသမားလိုလိုတောင် ထင်ခဲ့မိတဲ့အထိတောင်ပံတစ်လျှောက် ပွဲချိန်ပြည့် အတက်အဆင်းကစားသွားပြီးအီတလီတို့ရဲ့ တိုက်စစ် လမ်းကြောင်းအတွက် အရေးပါဆုံးကစားသမားပါပဲ။ ကွာတားဖိုင်နယ် နောက်ပိုင်းဖနောင့်ကျောဒဏ်ရာကြောင့် အနားယူသွားခဲ့ရသည့် တိုင်အောင် စပင်နာဇိုလာလောက် ခြေစွမ်းပြနိုင်တဲ့ ဘယ်နောက်ခံကစားသမားထပ်ပြီးမတွေ့ရတာကြောင့် အကောင်းဆုံး ၁၁ ယောက် စာရင်းမှာမပါမဖြစ် ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။
 
ညာအစွန် ခံစစ် – ဗလာဒီမာဆိုဖယ် (ချက်ရီပက်ဘလစ်)

အစောပိုင်းကညာနောက်ခံလူနေရာအတွက် အင်္ဂလန်ကကိုင်လီဝေါလ်ကာ၊ အီတလီကဒီလော်ရန်ဇို၊ နယ်သာလန်ကဒမ်ဖရိုင်းစ် တို့ကိုစဉ်းစားခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက် စွမ်းဆောင်ရည် အချက်အလက်တွေကိုပြန်ကြည့်တဲ့အခါမှာချက်ညာနောက်ခံလူရဲ့ အသင်းပေါ် အကျိုးပြုမှုကအားလုံးထက် ပိုပြီးသာလွန်နေတာတွေ့ရပါတယ်။ ဆိုဖယ်ဟာချက် နောက်တန်းအတွက် အရေးပါခဲ့သလိုတိုက်စစ် အတွက်လည်းတိကျတဲ့ ပေးပို့မှုတွေပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ကစားခဲ့တဲ့ ၅ ပွဲမှာဂိုးဖန်တီးမှု ၂ ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၉ ကြိမ်၊ တိကျတဲ့ ပေးပို့မှု ၁၈၄ ကြိမ်၊ ဘောလုံးရှင်းထုတ်မှု ၁၄ ကြိမ်၊ ကြားဖြတ် ရယူမှု ၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အသင်းလိုက် စုစည်းမှုကိုပဲအဓိကအားပြုကစားရတဲ့ ဖြတ်မြင်းသာသာအသင်းတစ်သင်းအတွက် ဆိုဖယ်ရဲ့ အားထုတ်မှုတွေကအသိအမှတ် ပြုလောက်စရာဖြစ်ပါတယ်။
 
ဗဟိုခံစစ် – ဟယ်ရီမက်ဂွိုင်းယား (အင်္ဂလန်)

ဒဏ်ရာပြသနာရှိနေပေမယ့် မက်ဂွိုင်းယားကိုအပြီးသတ် လူစာရင်းမှာယုံယုံကြည်ကြည်နဲ့ ရွေးချယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ပဲပြောရပါမယ်။ အဖွင့်ပွဲ ၂ ပွဲလွဲချော်ခဲ့ပေမယ့် ချက်နဲ့ ပွဲကစလို့ နောက်ဆုံးဗိုလ်လုပွဲအထိအမှားကင်းကင်းနဲ့ ကစားသွားပြီးအင်္ဂလန် နောက်တန်းရဲ့ မရှိမဖြစ် အမာခံတံတိုင်းဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ မက်ဂွိုင်းယားအနေနဲ့ ခံစစ်မှာ ဂျွန်စတုန်းစ်နဲ့ အတွဲညီညီကစားသွားခဲ့ပြီးဘောလုံးပေးပို့မှုအပိုင်းမှာတော်တော်လေးတိကျကောင်းမွန်ခဲ့တာတွေ့ရပါတယ်။
 
ဗဟိုခံစစ် – လီယိုနာဒိုဘိုနူချီ (အီတလီ)

အီတလီရဲ့ နောက်ထပ် ကစားသမားတစ်ဦးကိုရွေးချယ်ရလို့ အဇူရီပရိသတ်လားလို့တောင် ထင်ကြပါတော့မယ်။ မတတ်နိုင်ပါဘူး။ ဘိုနူချီကိုပဲမဖြစ်မနေရွေးချယ်ရပါလိမ့်မယ်။ ၃၄ နှစ်အရွယ် ကစားသမားတစ်ဦးအတွက် လျင်မြန် ဖြတ်လတ်မှုအပိုင်းမှာအများထင်နေသလိုမဟုတ်ကြောင်းအသင်းခေါင်းဆောင် ခီလီနီနဲ့ အတူသက်သေပြသွားသူဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာလည်းအသင်းအတွက် အရေးတကြီးလိုအပ်နေတဲ့ ချေပဂိုးသွင်းယူပေးခဲ့ပြီးအီတလီအတွက် ချန်ပီယံ မျှော်လင့်ချက်ကိုအသက်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ ဒီနေရာအတွက် ဘိုနူချီကိုရွေးချယ်ရင် ခီလီနီကိုလည်းမပါမဖြစ် ထည့်ပြီးချီးကျူးရမှာဖြစ်ပါတယ်။ ဘိုနူချီနဲ့ ခီလီနီကတော့ ယူရို ၂၀၂၀အပြီးမှာဘောလုံးသမိုင်းရဲ့ ဂန္တဝင်မြောက် ခံစစ် အတွဲအဖက်လို့ သတ်မှတ်ခံခဲ့ရပြီးနှစ်ယောက်ပေါင်းအသက် ၇၀ ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာလူငယ်တွေထက် အများကြီးသာနေသေးတယ် ဆိုတာသက်သေပြခဲ့သူတွေဖြစ်ပါတယ်။

 
ကွင်းလယ်- ဂျော်ဂျင်ဟို (အီတလီ)

ကျန်တဲ့ နေရာတွေမှာရွေးချယ်မှုမတိုက်ဆိုင်ခဲ့ရင်တောင် ဒီနေရာမှာတော့ ရာနှုန်းနီးပါးတိုက်ဆိုင်ပါလိမ့်မယ်။ အီတလီကွင်းလယ်ရဲ့ အဓိကမောင်းနှင်အားဖြစ်ပြီးကွင်းလယ်ရဲ့ အကောင်းဆုံးရွေ့လျားမှုတိုင်းမှာဂျော်ဂျင်ဟိုမြင်တွေ့ခဲ့ရပါတယ်။ ကစားအားအတင်အချ၊ ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ် စတင်မှုတွေအားလုံးကိုကြိုးကိုင်ခဲ့သူကဂျော်ဂျင်ဟိုပါပဲ။ ပိုပြီးဂုဏ်ယူစရာကဂျော်ဂျင်ဟိုဟာတစ်နှစ်အတွင်းယူအီးအက်ဖ်အေကကျင်းပတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုနှစ်ခုစလုံးချန်ပီယံဆုရရှိခဲ့တဲ့ ကစားသမားစာရင်းမှာပါဝင်သွားခဲ့တာပဲဖြစ်ပါတယ်။
 
ကွင်းလယ်- ပက်ဒရီ (စပိန်)

အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တဲ့ ပက်ဒရီကတော့ အသက်အရွယ်နဲ့ မလိုက်တဲ့ စွမ်းဆောင်မှုမျိုးကိုယူရို ၂၀၂၀မှာအကြိမ်ကြိမ် ပြသသွားခဲ့ပြီးအနာဂတ်မှာစပိန်ရဲ့ ကွင်းလယ် ဖန်တီးရှင် ဖြစ်လာမယ့်သူပါ။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ပက်ဒရီဟာပြီးခဲ့တဲ့ ရာသီကဘာစီလိုနာရဲ့ အဓိကပွဲထွက်ကစားသမားဖြစ်ခဲ့သလိုယူရိုပြိုင်ပွဲမှာလည်းစပိန်ရဲ့ ပွဲတိုင်းကိုပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ တစ်သင်းလုံးညံ့နေရင်တောင် ပက်ဒရီကတော့ ပုံမှန်ခြေစွမ်းမပျက်ခဲ့သလိုအမှားတစ်ခုတောင် မလုပ်ခဲ့ပါဘူး။ဒါကြောင့် အန်နီယေစတာရဲ့ ခြေရာကိုတစ်ထပ်တည်းလိုက်နင်းနိုင်မယ့် ကစားသမားအဖြစ် မျှော်လင့်နေကြတဲ့ ပက်ဒရီကိုအခြားဝါရင် ကစားသမားတွေထက် ကျော်ပြီးအကောင်းဆုံးစာရင်းမှာရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။
 
ကွင်းလယ် – ပီရီအီမိုင်းလ် ဟွိုက်ဂျ် ဘယက်ဂျ် (ဒိန်းမတ်)

အဲရစ်ခ်ဆင် မရှိတော့တဲ့ နောက်ပိုင်းဒိန်းမတ် ကွင်းလယ်ကိုပခုံးထမ်းတာဝန်ယူခဲ့ရသူနှစ်ဦးရှိပါတယ်။ တစ်ဦးကဒီလာနီဖြစ်ပြီးနောက်တစ်ဦးကဟွိုက်ဂျ်ဘယက်ဂျ်ပါ။ ဒီလာနီကခံစစ်နဲ့ တိုက်စစ်ကိုချိတ်ဆက်တဲ့ အပိုင်းမှာအဓိကတာဝန်ယူခဲ့ပြီးတော့ ဟွိုက်ဂျ်ဘယက်ဂျ် ကတော့ ဒိန်းမတ်ရဲ့ ကစားအားအတင်အချ၊ ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ် အတွက် ဖန်တီးမှုတွေကိုတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုလုံးမှာဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးခဲ့ပြီးအဖွင့်ပွဲ ၂ ပွဲရှုံးလို့ တောင်စဉ်ရေမရဖြစ်နေတဲ့ ဒိန်းမတ်ကိုဆီမီးဖိုင်နယ် အထိရောက်ရှိအောင် အချိန်မီထိန်းကျောင်းပေးခဲ့ သူတွေထဲကတစ်ဦးဖြစ်ပါတယ်။ဒါကြောင့် ဟွိုက်ဂျ်ဘယက်ဂျ်ကိုယူရို ၂၀၂၀ရဲ့ အကောင်းဆုံး ၁၁ ဦးစာရင်းမှာထည့်သွင်းဖို့ အများစုကတညီတညွတ်တည်းလက်ခံကြတာလည်းဖြစ်ပါတယ်။
 
တိုက်စစ် – ရာဟင်မ် စတာလင် (အင်္ဂလန်)

မန်စီးတီးမှာရုန်းကန်နေရပေမယ့် ယူရို ၂၀၂၀မှာတော့ အင်္ဂလန် အတွက် အကောင်းဆုံးတောက်ပပြခဲ့ပါတယ်။ တောင်ပံတိုက်စစ်မှူးတွေပေါလွန်းတဲ့ အင်္ဂလန်မှာပွဲတိုင်းနီးပါးပါဝင်ကစားခွင့်ရခဲ့တဲ့ စတာလင်ဟာအင်္ဂလန် အတွက် ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။
 
တိုက်စစ် – ဖက်ဒရစ်ကိုခီယေဇာ (အီတလီ)

မန်ချီနီရဲ့ ဝှက်ဖဲတစ်ချပ် သို့မဟုတ် ဂျိုကာလို့ ပြောရမယ့် ခီယေဇာကတော့ ယူအီးအက်ဖ်အေကရွေးချယ်တဲ့ ယူရို ၂၀၂၀ရဲ့ အကောင်းဆုံး ၁၁ ယောက် စာရင်းမှာပါဝင်ခဲ့သလိုစာရေးသူတော်တော်လေးသဘောကျတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ တကယ်တော့ ခီယေဇာဟာဂျူဗင်တပ်စ် မှာကတည်းကနာမည်ရခဲ့တဲ့ လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့ကိုပရိသတ်‌ တော်တော်များများသဘောကျတဲ့ အချက်တွေကပွဲထွက်ခွင့် ရချိန်တိုင်းမှာအပြည့်အဝပေးဆပ် ကစားတတ်လို့ပဲဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့် အဖြစ် အားလုံးကချီးကျူးနေပေမယ့် ရိုးရှင်းစွာနေထိုင်ပြီးပင်ကိုယ် ပါရမီ၊ ရူးသွပ်မှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ သူကလည်းအီတလီတို့ ချန်ပီယံလမ်းကြောင်းကိုဖြောင့်ဖြူးအောင် စွမ်းဆောင်ပေးခဲ့သူတွေထဲကတစ်ဦးဖြစ်ပါတယ်။
 
တိုက်စစ် – ခရစ္စတီယာနိုရော်နယ်ဒို (ပေါ်တူဂီ)

ယူရို ၂၀၂၀ရဲ့ ရွှေဖိနပ်ဆုရှင် ရော်နယ်ဒိုဟာလူငယ်ကြယ်ပွင့် တိုက်စစ်မှူးတွေဘယ်လောက်ပဲပေါ်ထွက်လာပါစေထိပ်ဆုံးနေရာကမဖယ်ပေးချင်သေးဘူးဆိုတာအလုပ်နဲ့ သက်သေပြ သွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတို့ စောစောစီးစီးပြိုင်ပွဲကနေထွက်ခဲ့ရသလိုလက်ရှိချန်ပီယံဘွဲ့ကိုလည်းမကာကွယ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ အောင်မြင်တွေစံချိန်တွေရအောင် ယူပြနေဆဲပါ။ ပေါ်တူဂီဟာဒီနှစ် ယူရိုမှာပြီးခဲ့တဲ့ ၂၀၁၆ ကထက် ပိုတောင့်တင်းတဲ့ လူစာရင်းကိုပိုင်ဆိုင်ခဲ့ပေမယ့် မြင်ရသလောက်တော့ ရော်နယ်ဒိုပဲတတ်နိုင်သမျှ ဆွဲတင်ခဲ့ရတာပါ။ ဒီကစားသမားကြီးသာအနားယူသွားခဲ့ရင် ပေါ်တူဂီရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်