နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်းနဲ့ အီတလီကို ရင်ဆိုင်ခဲ့ပေမယ့် ဆီမီးနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ စပိန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ ၁ – ၁ စပိန် (ပင်နယ်တီ ၄ – ၂)

(ခီယေဇာ ၆၀’)   (မိုရာတာ ၈၀’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် ပထမပွဲ မှာ‌တော့ အီတလီတို့ မထင်မှတ်ပဲ စပိန်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် နဲ့မှ ဝင်ဘလေ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲဟာ အီတလီ အတွက် ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက် ပထမဦးဆုံးအကြိမ် အောက်သင်းအဖြစ် ကစားခဲ့ရတဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့သလို စပိန်ရဲ့ ကစားပုံကြောင့် ဆီမီးဖိုင်နယ်အဆင့် ကနေ လှည့်ပြန်ခဲ့ရပြီ လို့တောင် ထင်ခဲ့ရပါတယ်။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ်ခံယူတဲ့ အချိန်မှာ အီတလီတို့ တည်ငြိမ်မှု အပြည့်နဲ့ ဖြတ်သန်းခဲ့ပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကြပြီး စပင်နာဇိုလာ မကစားနိုင်တဲ့ အီတလီ အနေနဲ့ စပိန်ကို အသာစီးရဖို့ထက် ဂိုးတွေ မပေးရဖို့ နောက်တန်းက တော်တော်လေးကို ခက်ခက်ခဲခဲ တားဆီးခဲ့ကြရပါတယ်။ ပြိုင်ပွဲ တစ်လျှောက် ကစားပုံ ညံ့ခဲ့တဲ့ လူးဝစ်အင်းနရစ်ခ်ရဲ့ စပိန် အသင်းဟာ ဒီနေ့ပွဲမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပြီး အီတလီကို တစ်ပွဲလုံး အတိုင်းအတာနဲ့ အဘက်ဘက်က အသာစီးရယူ ကစားသွားနိုင်ခဲ့ပါတယ်။ စပိန်ရဲ့ အဓိက ပြသနာက Final Third မှာ လိုအပ်ချက် များစွာ ရှိခဲ့ခြင်းနဲ့ အလွယ်ပြောရရင် ဂိုးပေါက်ထဲ ဘောလုံးဝင်အောင် သွင်းနိုင်တဲ့ အပိုင်းမှာ အားနည်းခဲ့သလို ရသမျှ အခွင့်အရေးတွေ အလာဟသ ဖြစ်ခဲ့ရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ အီတလီ အနေနဲ့ ကလည်း ကွင်းလယ်က ဂျော်ဂျက်ဟို၊ ဘာရယ်လာ၊ ဗာရက်တီ တို့ စပိန်ကွင်းလယ်က ပက်ဒရီ၊ ဘူးစကွက်စ်၊ ကိုကီ တို့ရဲ့ ကစားအားကို လုံးဝ မယှဉ်နိုင်ခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှုလည်း တစ်ပွဲလုံး အတိုင်းအတာနဲ့ ၃၀/၇၀ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ပြောရရင် တစ်ပွဲလုံး အီတလီတို့ စပိန်ကို ဘယ်နေရာမှာမှ အသာမရခဲ့တာ မရှိပါဘူး။ ဒါပေမယ့် ဦးဆောင်ဂိုး စတင်ရရှိခဲ့တာက အီတလီ ဖြစ်ပြီး ပွဲကစားချိန် မိနစ် ၆၀ မှာ ခီယေဇာက တစ်ကိုယ်တော် ခြေစွမ်းနဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ မိုရာတာ၊ မိုရီနို၊ ရိုဒရီတို့ ဝင်လာခဲ့ပြီး တိုက်စစ်မြှင့်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၈၀ မှာတော့ ဒန်နီရယ် အော်လမိုနဲ့ မိုရာတာတို့ရဲ့ အပေးအယူကနေ စပိန်တို့ ချေပဂိုး ရသွားခဲ့ပါတယ်။ မိုရာတာရဲ့ သွင်းဂိုးကြောင့် တစ်ဖက် တစ်ဂိုးစီနဲ့ သရေဖြစ်သွားခဲ့တဲ့ အီတလီနဲ့ စပိန်တို့ အချိန်ပို၊ ပင်နယ်တီတွေ အထိ ဆက်ကစားခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ အီတလီ ဘက်က လိုကတ်တယ်လီ တစ်ဦးပဲ လွဲချော်ခဲ့ပေမယ့် စပိန်ဘက်ကတော့ အစောပိုင်းမှာ ဟီးရိုး ဖြစ်ခဲ့ကြတဲ့ ဒန်နီရယ်အော်လမိုနဲ့ အဲ့လ်ဗားရိုး မိုရာတာတို့ လွဲချော်ခဲ့ပါတယ်။ တစ်ပွဲလုံး အီတလီကို အသာစီးရယူ ကစားခဲ့ကြတဲ့ စပိန်တို့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲကြီး ၆ ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ပထမဦးဆုံးအကြိမ် လှည့်ပြန်ခဲ့ရပါတယ်။
 

ကြယ်ပွင့် ကစားသမား – ဖက်ဒရစ်ကို ခီယေဇာ

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဘိုနူချီ၊ ခီလီနီ)

တစ်ပွဲလုံး အီတလီကို အသာစီးရယူ ကစားခဲ့ကြတဲ့ စပိန်တို့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရသလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲကြီး ၆ ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ပထမဦးဆုံးအကြိမ် လှည့်ပြန်ခဲ့ရပါတယ်။
ပြိုင်ပွဲကြီး တစ်ခုရဲ့ ဆီမီးဖိုင်နယ် အဆင့်ထိရောက်ပြီးမှ ပထမဦးဆုံးအကြိမ် လှည့်ပြန်ခဲ့ရတဲ့ စပိန်

ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ အီတလီ အတွက် ဂိုးသွင်းပေးခဲ့တဲ့ ဖက်ဒရစ်ကို ခီယေဇာ က ရရှိသွားခဲ့ပါတယ်။ ခီယေဇာ အနေနဲ့ စပိန် နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ ကြားက ခက်ခက်ခဲခဲ သွင်းယူပေးခဲ့တာကြောင့် ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမား အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ ယူအီးအက်ဖ်အေ ရဲ့ နည်းစနစ် စောင့်ကြည့်လေ့လာသူ ကာရန်ကာက ပြောကြားခဲ့ပါတယ်။ စာရေးသူ စိတ်ကြိုက် ကစားသမား ဆိုရင်တော့ အီတလီနောက်တန်းက ဘိုနူချီနဲ့ ခီလီနီ တို့ပဲ ဖြစ်ပါတယ်။ အတွေ့အကြုံရင့် ခံစစ်မှူးတွေ ပီပီ စပိန်ရဲ့ ထိုးဖောက်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ဟန့်တားသွားနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး အပြင် ကွင်းလယ်က ဂျော်ဂျင်ဟို ဟာလည်း အီတလီ အတွက် အခက်အခဲတွေ ကြားက နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အတွက် အဓိကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
 
ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

•       အီတလီတို့ ယူရို ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမနီ ပြီးရင် အများဆုံးလည်း ဖြစ်ပါတယ်။

•       အီတလီနဲ့ စပိန်တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရခြင်း ဖြစ်ပါတယ်။ အီတလီတို့ အတွက် ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ တတိယအကြိမ်မြောက် ပွဲစဉ် ဖြစ်ပြီး စပိန် အတွက်တော့ ဒုတိယအကြိမ်မြောက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

•       အီတလီတို့ ယူရိုပြိုင်ပွဲ ၁၃ ပွဲဆက် နိုင်ပွဲဆက်မှု စံချိန် ရပ်တန့်သွားခဲ့ရပေမယ့်လည်း ၃၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကိုတော့ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

•       အီတလီ အသင်းရဲ့ ကစားသမား ၅ ဦး(ခီယေဇာ၊ ပက်ဆီနာ၊ အင်ဆစ်ဂ်ညီ၊ အင်မိုဘီလီ၊ လိုကတ်တယ်လီ)ဟာ ယူရိုပြိုင်ပွဲတစ်ခု အတွင်းမှာ ၂ ဂိုးနဲ့ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ယူရို ၂၀၀၀ မှာ ပြင်သစ် အသင်း တင်ထားခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

•       စပိန်တို့ အဓိကပြိုင်ပွဲကြီး ၆ ခုရဲ့ ဆီမီးဖိုင်နယ် အဆင့် ကနေ ပထမဦးဆုံးအကြိမ် လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

•       အီတလီ ခံစစ်မှူး ဘိုနူချီ အနေနဲ့ အီတလီ လက်ရွေးစင် အသင်းကြီး အတွက် ယူရိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ၁၇ ပွဲ ကစားခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

•       ဘိုနူချီနဲ့ ခီလီနီတို့ ဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ယူရို ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် ကစားရမယ့်သူတွေ ဖြစ်လာခဲ့ပါတယ်။

•       အီတလီနဲ့ စပိန်တို့ဟာ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မီလန်မြို့က ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါသေးတယ်။

 

လာမယ့်ပွဲစဉ်များ

စပိန်ကို ခက်ခက်ခဲခဲ ကစားပြီးမှ ယူရို ၂၀၂၀ ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းသွားခဲ့တဲ့ အီတလီတို့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ အင်္ဂလန်(သို့) ဒိန်းမတ် အသင်းနဲ့ ဝင်ဘလေကွင်းကြီးမှာ ထိပ်တိုက်တွေ့ဆုံ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်