နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပက်ဒရိုရဲ့ နောက်ကျဂိုးနဲ့ ဗီလာရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို အနှောင့်အယှက်ပေးလိုက်တဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရိုက်တန် ၁-၀ အက်စတွန်ဗီလာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အက်စတွန်ဗီလာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘရိုက်တန်က ယာအို ပက်ဒရိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ကတော့ တော်တော်များများရဲ့ ခန့်မှန်းချက်တွေနဲ့ လွဲခဲ့တယ်လို့ ပြောလို့ ရပြီး ဘရိုက်တန်က ပုံစံကောင်း တစ်ခုနဲ့ ဗီလာကို အသာစီးရယူ ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ၄-၂-၃-၁ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး အပြန်အလှန် ဖိအားပေးပြီး တိုက်စစ်ဖွင့် ကစားဖို့ ရည်ရွယ်ခဲ့ကြတာပါ။ ဘရိုက်တန် ဘက်မှာ ဗာဘရက်ဂျန်၊ ဝက်ဘ်စတား၊ ဒန့်ခ်၊ အီဂေါ၊ ဗဲလ်မန်း၊ ဂေးလ်မော၊ ဂရော့စ်၊ ပက်ဒရို၊ အဒင်ဂရာ၊ ဘူအန်နော့တီ၊ ဝဲလ်ဘက် တို့နဲ့ လူစုံထုတ်လာခဲ့ပါတယ်။ ဗီလာ ကလည်း အဓိက ဂိုးသမား မာတီနက်ဇ်၊ တေးလီမန့်စ် တို့က လွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အိုလ်ဆင်၊ ကားလို့စ်၊ ပါအူ၊ ဒစ်ဂ်နီး၊ ကွန်ဆာ၊ မက်ဂင်းန်၊ လူးဝစ်ဇ်၊ ရော်ဂျာစ်၊ ဒီယာဘီ၊ ဘိုင်လီ၊ ဝက်ကင်န်တို့ ပါဝင်လာခဲ့ပါတယ်။

ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး ခြေစွမ်းပိုင်းလည်း ဆိုးရွားနေပေမယ့် ဒီပွဲမှာတော့ ပုံစံကောင်း တစ်ခုနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်းက ပြိုင်ဘက်ကို ပွဲချိန် တစ်လျှောက်လုံး အခြေအနေ အရပ်ရပ်မှာ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှု အများအပြား ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်က တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၁၅ ကြိမ် ရှိခဲ့ရာမှာ ဂိုးပေါက် တည့်မှု ၈ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဗီလာ ကတော့ ဘရိုက်တန်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ အခက်အခဲ ရှိခဲ့ပြီး တစ်ပွဲလုံးမှာမှ ဂိုးပေါက် ကန်ချက် ၂ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ဘက်က ဂရော့စ်နဲ့ ဗီလာ ဘက်က မက်ဂင်းန်တို့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် သွင်းဂိုးတော့ မဖြစ်ခဲ့ပါဘူး။ ဘရိုက်တန် အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ပက်ဒရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဗီလာ ဂိုးသမား အိုလ်ဆင် အနေနဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာက ပင်နယ်တီ ကန်သွင်းတဲ့ ပက်ဒရိုကပဲ ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့လို့ ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ အိုလ်ဆင်ဟာ ဒီနေ့ပွဲမှာ အကောင်းဆုံး လက်စွမ်းတွေနဲ့ ဗီလာကို ကယ်တင်ပေးခဲ့ပေမယ့် အသင်း ကတော့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အသင်းက အရင်ပွဲတွေနဲ့ မတူပဲ ခြေစွမ်းပိုင်း အားနည်းချက် များစွာ ရှိခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။ ဗီလာဟာ ချဲလ်ဆီးကို သရေကျပြီးနောက်၊ အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးခဲ့ရသလို အခုလည်း ဘရိုက်တန်ကို ရှုံးခဲ့ရတာပါ။ ဘရိုက်တန်ဟာ အဆုံးသတ် သေချာခဲ့ရင်၊ အိုလ်ဆင်သာ လက်စွမ်းမပြနေခဲ့ရင် ဗီလာတို့ ဂိုးပြတ်တောင် ရှုံးသွားနိုင်ပါတယ်။

ဘရိုက်တန် ကတော့ နိုင်ပွဲ ရခဲ့ပေမယ့် ရှေ့ပွဲတွေမှာ ရလဒ်တွေ ဆိုးထားတာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဗီလာ ကတော့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့် အဆင့် ၅ နေရာက စပါးထက် တစ်ပွဲ ပိုကစားပြီး ၇ မှတ်ပဲ ဖြတ်ထားနိုင်တာကြောင့် လက်ကျန်ပွဲတွေမှာ အမှားခံလို့ မရတော့ပါဘူး။

ဘရိုက်တန်ဟာ လာမယ့် မေလ ၁၁ ရက်နေ့မှာ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဗီလာ ကတော့ ၁၀ ရက်နေ့မှာ အိုလံပီယာကော့စ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်