နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်ကို အမှားအယွင်းမရှိ အနိုင်ယူပြီး ဇယားထိပ်ကို ယာယီ တက်လှမ်းခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀-၂ အာဆင်နယ်

အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို မိုလီနက်စ်မှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ခြေစွမ်း မကောင်းခဲ့ပေမယ့် အမှားအယွင်း မရှိ ကစားနိုင်ခဲ့ပြီး ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီ အိုနီးလ်ရဲ့ ဝုဗ် ကတော့ ၃-၄-၂-၁ နဲ့ အတူ ဆား၊ ကေးလ်မန်း၊ ဗျူနို၊ ဂိုးမက်စ်၊ ဒိုဟာတေး၊ ဘူနို၊ ဂိုးမက်စ်၊ ထရာအိုရေး၊ ချီရီဝါ၊ ဒွိုင်းလ်၊ ဟွမ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရာယာ၊ ခံစစ်မှာ ဝှိုက်၊ ခီဗီယော၊ ဆလီဘာနဲ့ ဂါဘရီရယ်၊ ကွင်းလယ်မှာတော့ ရိုက်စ်၊ အိုဒီဂတ်၊ ဟာဗတ်ဇ်၊ တိုက်စစ်မှာတော့ ဆာကာ၊ ထရာ့ဆက်ဒ်နဲ့ ဂျေဇုစ်တို့ ပါဝင်လာခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အပြန်အလှန်လည်း ရှိခဲ့လို့ ဂန်းနား ပရိသတ်တွေ ရင်တထိတ်ထိတ်နဲ့ အားပေးခဲ့ရပါတယ်။ အာဆင်နယ်က သူတို့ရဲ့ ကစားဟန် အတိုင်း High Pressing နဲ့ ကစားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုလည်း အသာစီးရခဲ့ပါတယ်။ ဒါပေမယ့် ဝုဗ်ရဲ့ တစ်ချက်တစ်ချက် တန်ပြန် တိုက်စစ်နဲ့ တုန့်ပြန်မှုတွေက အာဆင်နယ် အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဝုဗ်ရဲ့ မာကျောတဲ့ ခံစစ် ကလည်း ဘာလုပ်ချင်နေမှန်း မသိတဲ့ အာဆင်နယ် တိုက်စစ်မှူးတွေကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့လို့ ပထမပိုင်းကို ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးမယ်လို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၄၅ မိနစ် အရောက်မှာ ဂျေဇုစ်ရဲ့ မွေနှောက် ဖန်တီးပေးမှု ကနေ ထရော့ဆက်ဒ်က ကြုံသလို ကန်ခဲ့ရာမှာ ဂိုးထဲကို လှလှပပပဲ ဝင်သွားခဲ့လို့ အာဆင်နယ်တို့ အသက်ရှူချောင်ခဲ့ရပါတယ်။ အဓိက ကတော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲမှာ ရခဲ့တဲ့ ထရော်မာကြောင့် ကစားသမားတွေ အနေနဲ့ မဝံ့မရဲ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဆက်တိုက် ဖိကစားနေရင်း ကနေ မထင်မှတ်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရမှာကို ကြောင်ရွံနေပုံရပြီး နောက်က လိုက်ကစားရမယ့် ဖိအား ဒဏ်ကိုလည်း မခံချင်တဲ့ ပုံစံပါပဲ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ဝုဗ်ဘက်ကို တဖက်သတ် ဖိအားပေး နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Final Third ရောက်ရင် အာဆင်နယ်တို့ ဘောလုံး အပျက်များပြီး အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် တစ်ယောက်လည်း ပွဲတော်တော်လေး ပန်းနေပုံရပါတယ်။ အချိတ်အဆက်တွေ မမိ ဖြစ်နေပြီး နောက်ထပ် ဂိုးရဖို့ ကြိုးစားနေပေမယ့် အရာမထင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို ၅ မိနစ် မှာ‌တော့ အာဆင်နယ်တို့ အနိုင်သေချာစေမယ့် ဂိုးရခဲ့ပြီး အိုဒီဂတ်က ထောင့်ဖြတ် အနေအထား ကနေ ခပ်ကျဉ်းကျဉ်း ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ခြေစွမ်းမကောင်းဘူး ဆိုတာထက် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းရော၊ ကြံ့ခိုင်မှု အပိုင်းမှာပါ အားနည်းခဲ့တယ်လို့ မြင်ပါတယ်။ တစ်ဖက်က ဝုဗ်ရဲ့ ကစားဟန်ကြောင့်လည်း ဖြစ်နိုင်ပေမယ့် ဂန်းနားတွေ ကိုယ်တိုင်လည်း အားနည်းချက်တွေ ရှိခဲ့လို့ပါ။ ဘာဖြစ်ဖြစ် အာဆင်နယ်ဟာ မဖြစ်မနေ နိုင်ပွဲ ပြန်ရဖို့ လိုအပ်နေချိန်မှာ နိုင်လိုက်လို့ နောက်ပွဲတွေ အတွက် အားဖြစ်သွားပါလိမ့်မယ်။ ယုံကြည်မှုလည်း ပြန်ရသွားတဲ့ သဘော ရှိပြီး လက်ကျန် ၅ ပွဲမှာ အမှတ် ဘယ်လောက်ယူနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

တကယ်တမ်းက မီခဲလ် အာတေးတားရဲ့ အသင်း အတွက် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အားလုံး နီးပါး ခက်ခဲဖို့ ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ပွဲကျန် ကလည်း မလွယ်သလို စပါး၊ ယူနိုက်တက် တို့နဲ့ အဝေးကွင်း ပွဲစဉ်တွေ ကလည်း ခက်ခဲဖို့ ရှိပါတယ်။ ကျန် နှစ်ပွဲ ကတော့ ဘုန်းမောက်၊ အဲဗာတန် တို့နဲ့ ဖြစ်ပြီး ဘုန်းမောက် ကလည်း ခြေစွာနေလို့ သတိထားရမှာ ဖြစ်သလို အဲဗာတန်ရဲ့ တန်းဆင်းဇုန် ရုန်းအား တစ်ခုကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဝုဗ်ဟာ လာမယ့် ဧပြီ ၂၅ ကျရင် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပါတယ်။ အာဆင်နယ် ကတော့ ၂၄ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ လက်ကျန် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်