နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါ့ခ်မှာ ဗီလာတို့ ဝုဗ်ကို အနိုင်ရသွားမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အက်စတွန်ဗီလာ – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဒီပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တနင်္ဂနွေနေ့ မနက် ၁၂ မှာ ကစားမှာ ဖြစ်ပြီး အက်စတွန်ဗီလာက ဝုဗ်ကို ဗီလာပါ့ခ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ဝုဗ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတိုင်းမှာ ရုန်းကန်နေရတဲ့ ဗီလာတို့ ဒီတစ်ကြိမ် အိမ်ကွင်းမှာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အားခဲနေတဲ့ အသင်းပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် ဗီလာတို့ စပါးနဲ့ ၃ မှတ်၊ ယူနိုက်တက်နဲ့ ၆ မှတ်သာ ကွာဟနေပြီး လက်ကျန် ပွဲတွေမှာ အမှတ်များများ စုဆောင်းနိုင်ဖို့ လိုအပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဗီလာက ယူရိုပါကွန့်ဖရင့်လိဂ် ကလည်း တွဲကစားနေရလို့ ဗျာများနေခဲ့ပြီး ဘယ်ပြိုင်ပွဲကို အဓိက အာရုံစိုက်သွားမလဲ ဆိုတာ ကြည့်ရပါမယ်။ ဒါ့အပြင် အခုပွဲမှာ တွေ့ဆုံချိန်တိုင်း အမြဲတမ်းလိုလို ဒုက္ခပေးတတ်တဲ့ ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဗီလာ အတွက်တော့ ခေါင်းကိုက်စရာပါပဲ။

ဝုဗ် ကတော့ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့် နိုင်ပွဲတွေ ရှိသလို ရှုံးပွဲတွေလည်း ရှိနေဆဲပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဖူလ်ဟမ်၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ စပါးကို အနိုင်ရထားပြီး ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ် ကို‌တော့ ရှုံးနိမ့်ထားပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် မှာလည်း ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီ ကိုတောင် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ဝုဗ်ရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။ ဒါ့အပြင် ဝုဗ်ဟာ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ညံနေပြီး ရှုံးပွဲ ကလည်း ၇ ပွဲ ရှိထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဖူလ်ဟမ်၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ စပါးကို အနိုင်ရထားပြီး ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ် ကို‌တော့ ရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

ဗီလာ ဘက်က မက်ဂင်းန် ပွဲပယ် ပြစ်ဒဏ် ထိထားပြီး မင်းဂ်၊ ဘူအန်ဒီရာ၊ ကာမာရာ တို့ကတော့ ကာလရှည်ကြာ အနားယူနေရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကတ်ရှ်၊ ဟောက်စ်နဲ့ ဂျက်ကော့ဗ် ရမ်ဆေး တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ လန်းဂ်လတ်၊ တောရက်စ်၊ မိုရီနို၊ ကွန်ဆာ၊ တေးလီမန့်စ်၊ လူးဝစ်ဇ်၊ ဘိုင်လီ၊ ရော်ဂျာစ်၊ ဒူရန်၊ ဝက်ကင်န်စ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ဗျူနို၊ ကေးလ်မန်း၊ နူရီ၊ ဆီမီဒို၊ ဂိုးမက်စ်၊ လီမီနာ၊ ဘယ်လီဂါဒီ၊ နီတို၊ ဆာရာဘီယာ၊ ဖရေဆာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဗီလာက ၅ ကြိမ်နိုင်၊ ဝုဗ်က ၈ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျထားပါတယ်။ ဗီလာဟာ ဝုဗ်ကို ၂၀၂၀ နောက်ပိုင်း ကတည်းက အနိုင်မရတော့တာ ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ ဝုဗ်က ဗီလာကို ၃ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေ ကစားထားပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။ ဝုဗ် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2မှာ ဗီလာ နိုင်ရင် ၁.၆၂ ဆ ရမှာ ဖြစ်ပြီးတော့ ဝုဗ်နိုင်ရင်တော့ ၄.၄၄ ဆနဲ့ သရေ ဆိုရင်တော့ ၃.၈၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေ အရှုံး၊ ၁ လုံး သရေ ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက ဖွင့်ပါတယ်။ ဝုဗ်ဟာ ဗီလာကို အမြဲတမ်း ဒုက္ခပေးလေ့ ရှိပေမယ့် အမှတ်လိုအပ်နေတာကြောင့် နောက်ပိုင်း ပွဲတွေမှာ အားထည့်လာတဲ့ ဗီလာကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ်။ ဗီလာတို့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်