နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ – ကွာတားဖိုင်နယ် တက်လှမ်းခွင့် တစ်နေရာစာ အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမယ့် ဂျာမနီနဲ့ အိုင်ဗရီကို့စ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(D) နောက်ဆုံး ပွဲစဉ် အဖြစ် ဘရာဇီးလ်နဲ့ ဆော်ဒီအာရေဗျတို့ တွေ့ဆုံနေပြီး ဂျာမနီ ကတော့ အိုင်ဗရီကို့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ် အတွက်က နိုင်ပွဲရဖို့ သေချာသလောက် ရှိနေပေမယ့် ဂျာမနီနဲ့ အိုင်ဗရီကို့စ် တို့ကတော့ ကွာတားဖိုင်နယ် တက်လှမ်းခွင့် တစ်နေရာစာ အတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြရဦး မှာလည်း ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ဘရာဇီးလ်တို့ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ဂိုးကွားချက် +၂၊ ရမှတ် ၄ မှတ်နဲ့ အုပ်စု(D) ကို ဦးဆောင်နေပြီး အိုင်ဗရီကို့စ် ကတော့ ဘရာဇီးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် +၁ နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ နာမည်ကြီး ဂျာမနီ ကတော့ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ဂိုးကွာခြားချက် -၁၊ ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယ နေရာမှာ ရှိနေပြီး ဆော်ဒီအာရေဗျ ကတော့ ၂ ပွဲစလုံး ရှုံးနိမ့်ထားတာကြောင့် တစ်မှတ်မှ မရသေးပဲ ဂိုးကွာခြားချက် -၂နဲ့ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။
 

ဂျာမနီ vs အိုင်ဗရီကို့စ်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လည် ၂:၃၀ နာရီ)

ဘောလုံး လောကမှာ အရှိန်အဝါ သိသိသာသာ ကျဆင်းလာခဲ့တဲ့ ဂျာမနီတို့ ယူရို ၂၀၂၀ မှာ ကျရှုံးခဲ့သလို လက်ရှိ ၂၀၂၀ အိုလံပစ် မှာလည်း စိတ်ပျက်စရာ ခြေစွမ်းနဲ့ အတူ အုပ်စု တက်ဖို့တောင် မသေချာတော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘရာဇီးလ်ကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အဖွင့်ပွဲစဉ် ခြေစွမ်းကို ပြန်ကြည့်ရင် ဂျာမနီရဲ့ ဘောလုံး အဆင့်အတန်းဟာ ဘယ်လောက်အထိ နိမ့်ဆင်းသွားသလဲ ဆိုတာ သိနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဘောလုံးပေးပို့မှု အပိုင်းတွေမှာ သိပ်ပြီး မသိသာခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှုမှာ ဘရာဇီးလ်နဲ့ ၅ ဆနီးပါး ကွာဟခဲ့ပါတယ်။ ဘရာဇီးလ်က ဂိုးကန်သွင်းမှု ၂၅ ကြိမ် ပြုလုပ်ပြီး ဂိုးပေါက် ၁၄ ကြိမ်အထိ တည့်ခဲ့ပေမယ့် ဂျာမနီ ကတော့ ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ် သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ကလည်း ၄ ကြိမ်သာ ရှိခဲ့ပါတယ်။ ပိုဆိုးတာက ဆော်ဒီအာရေဗျလို ဘောလုံး အဆင့်အတန်း ကွာဟနေတဲ့ နိုင်ငံကို တစ်ပွဲလုံး အသည်းအသန် ကစားပြီးမှာ တစ်ဂိုး အသာနဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဆိုရင် ဘောလုံးပေးပို့မှု ၊ ဘောလုံးပိုင်ဆိုင်မှုတွေမှာ ဆော်ဒီကို ဂျာမနီတို့ လုံးဝ မယှဉ်နိုင်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပွဲတွေက ခြေစွမ်း အတိုင်းပဲ ဆိုရင်တော့ အခု လာမယ့်ပွဲ မှာလည်း အိုင်ဗရီကို့စ်ကို အနိုင်ရဖို့ မပြောနဲ့ သရေကျ ဖို့တောင် မနည်းကစားရမယ့် အခြေအနေ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ် ကတော့ ၂၀၀၈ ဘေဂျင်း အိုလံပစ်မှ စတင် ယှဉ်ပြိုင်ခဲ့တဲ့ အသင်း ဖြစ်ပေမယ့် အဲ့ဒီအချိန်တုန်း ကလည်း ကွာတားဖိုင်နယ် အထိ တက်ရောက်ခဲ့ဖူးပါတယ်။ နှစ်စဉ် လူငယ်ကြယ်ပွင့်တွေ တောက်လျောက် မွေးထုတ်ထားနိုင်တဲ့ အိုင်ဗရီကို့စ်ဟာ လက်ရှိ ၂၀၂၀ အိုလံပစ်ကို ဥရောပ အခြေစိုက် ကစားသမား အများစုနဲ့ လာရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြည်တွင်း ကစားသမား ဆိုလို့ ၂ ဦးလောက်ပဲ ပါဝင်ပါတယ်။ ယူနိုက်တက်က ဘိုင်ယီ၊ အာမက် ဒိုင်ယာလို၊ တိုရီနိုက ဆင်ဂို၊ အေစီမီလန်က ကက်ဆီ၊ ဖီအိုရင်တီးနားက ကူယာမီ တို့ကို အားပြုပြီး ပွဲထွက်နေတဲ့ အိုင်ဗရီကို့စ်ဟာ အဖွင့်ပွဲမှာ ဆော်ဒီကို ၂-၁နဲ့ အနိုင်ရပြီး ဒုတိယပွဲမှာ ကံတရားရဲ့ ဖေးမမှုနဲ့ ဘရာဇီးလ်ကို ဂိုးမရှိ သရေကစားနိုင်ခဲ့လို့ ရမှတ် ၄ မှတ် အထိ ပိုင်ဆိုင်ထားခဲ့ပါတယ်။ လာမယ့် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂျာမနီနဲ့ ကစားရမှာ ဖြစ်လို့ ထင်သလောက် လွယ်ကူမှာ မဟုတ်ပေမယ့် ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်မယ် ဆိုရင်တော့ အိုင်ဗရီကို့စ်တို့ မျှော်လင့်ထားတဲ့ အတိုင်း နောက်တစ်ဆင့် တက်ရောက်ဖို့ မခက်ခဲနိုင်ဘူးလို့ ထင်ပါတယ်။

ဂျာမနီရဲ့ လက်ရှိ ခြေစွမ်းကြောင့် တော်တော်လေး ခန့်မှန်းရခက်ပါတယ်။ မျှော်လည်း မမျှော်လင့်ရဲပါဘူး။ လူစာရင်း  အရဆိုရင် အိုင်ဗရီကို့စ်ကို ပိုပြီးသဘောကျနေပြီး စိတ်ဓာတ်ပိုင်း အရလည်း ဂျာမနီထက်လည်း သာပါတယ်။ ဒီအချက်တွေ ကြောင့်ပဲ အခုပွဲမှာ အိုင်ဗရီကို့စ်ကို အားပေးချင်ပါတယ်။
 

ဆော်ဒီအာရေဗျ vs ဘရာဇီးလ်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၂:၃၀ နာရီ)

ဘရာဇီးလ်ရဲ့ အရှေ့၊ အလယ်၊ နောက် ဘယ်နေရာကို ကြည့်ကြည့် ကစားသမားကောင်းတွေ တပုံချည်းပါပဲ။ ၂၀၂၀ အိုလံပစ် မှာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတောင့်တင်းဆုံး အင်အားနဲ့ လာရောက် ယှဉ်ပြိုင်တဲ့ ဘရာဇီးလ်တို့ အဖွင့်ပွဲစဉ် မှာတင်ပဲ ဂျာမနီကို ဂိုးပြတ် နှိပ်ကွပ် နိုင်ခဲ့ပါတယ်။ အဲ့နောက် ဒုတိယပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် အဓိက ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်သာ စောစောစီးစီး အနီကတ်နဲ့ မထွက်သွားခဲ့ရရင် အိုင်ဗရီကို့စ်ကို ကျိန်းသေပေါက် အနိုင်ကစား နိုင်စွမ်း အပြည့် ရှိပါတယ်။ အခု တွေ့ဆုံနေတဲ့ ဆော်ဒီအာရေဗျ ဆိုတာ ဘရာဇီးလ်နဲ့ ယှဉ်ရင် ဘောလုံး အဆင့်အတန်း အလှမ်း ကွာလွန်းတဲ့ အသင်း ဖြစ်ပါတယ်။ သေချာပေါက် အုပ်စု ပထမ အဖြစ်နဲ့ ကွာတားဖိုင်နယ် တက်ရောက်ခွင့် အတွက် ဘရာဇီးလ်တို့ လုံးဝ အမှားခံမှာ မဟုတ်ပါဘူး။

ဆော်ဒီအာရေဗျ ကတော့ ကစားပုံ မဆိုးလှဘူး ဆိုပေမယ့် နိုင်ပွဲ ရှာဖို့တော့ လုံလောက်တဲ့ ခြေစွမ်းမျိုး မရှိသေးပါဘူး။ အိုင်ဗရီကို့စ်နဲ့ ဂျာမနီလို အသင်းတွေကို မာမာထန်ထန်နဲ့ အကောင်းဆုံး တုန့်ပြန်ကစားသွားခဲ့ပြီး ဂိုးပြတ် မရှုံးတဲ့ အပြင် ချေပဂိုးတွေပါ ပြန်သွင်းနိုင်တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျတို့ ဘယ်လောက်ပဲ ခြေစွမ်း မာကျောပါစေ အခု ရင်ဆိုင်ရမယ့် အသင်းက ဘရာဇီးလ်ပါ။ ရစ်ချာလီဆင် ဦးဆောင်လာမယ့် ဘရာဇီးလ် တိုက်စစ်ကို ဆော်ဒီအာရေဗျ ခံစစ်က ပွဲချိန်ပြည့် တောင်ခံနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အခန့်မသင့်ရင် ဂိုးတွေ ပြတ်သွားဦးမယ့် ပွဲဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်