နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ – ဩစတြေးလျတို့ ကွာတားဖိုင်နယ် တက်ဖို့ အခြေအနေ ကောင်းနေပြီး ရေပန်းအစားဆုံး စပိန်တို့ ရုန်းကန်ရမယ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(C) နောက်ဆုံး ပွဲစဉ်တွေ ကလည်း တခြား အုပ်စုတွေ လိုပဲ ကွာတားဖိုင်နယ်ကို ဘယ်အသင်း တက်ရောက်သွားနိုင်မလဲ ဆိုတာ နောက်ဆုံး မိနစ်တွေ အထိ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နာမည်ကြီး စပိန်တို့ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်၊ ဂိုးကွာခြားချက် +၁ နဲ့ ၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(C) ကို ဦးဆောင်နေခဲ့ပါတယ်။ အုပ်စု ဒုတိယ နေရာမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက် +၁ နဲ့ ဩစတြေးလျ၊ တတိယနေရာ မှာတော့ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက် -၁ နဲ့ အာဂျင်တီးနား၊ အီဂျစ် ကတော့ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁ မှတ်၊ ဂိုးကွာခြားချက် -၁ နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အုပ်စု နောက်ဆုံးပွဲ ရလဒ်တွေဟာ နောက်တစ်ဆင့် တက်ရေး အတွက် အဆုံးအဖြတ် ပေးသွားမယ့် သဘောရှိပြီး စပိန်တို့ အာဂျင်တီးနားနဲ့ တွေ့ဆုံနေတာကြောင့် ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေသလို ပွဲချောင်နေတဲ့ ဩစတြေးလျ ကလည်း လုံးဝပေါ့ဆလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။
 

ဩစတြေးလျ vs အီဂျစ်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅:၃၀ နာရီ)

ဩစတြေးလျတို့ ၂၀၂၀ အိုလံပစ် မတိုင်ခင် ခြေစမ်းပွဲတွေမှာ တောက်လျောက် ရှုံးပွဲ ဆက်ခဲ့တာကြောင့် စပိန်၊ အာဂျင်တီးနား တို့လို အသင်းတွေပါတဲ့ အုပ်စုမှာ စောစောစီးစီး အိမ်ပြန်ရမယ့် အသင်း အဖြစ် အားလုံးက ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိ အုပ်စု(C) ကနေ ကွာတားဖိုင်နယ် တက်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ပါပြီ။ ဂရေဟမ် အာနိုးလ်ရဲ့ အသင်းက အဖွင့်ပွဲမှာ အကောင်းဆုံး ခြေစွမ်းနဲ့ အာဂျင်တီးနားကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒုတိယပွဲ မှာလည်း အားစိုက် ကစားခဲ့ပေမယ့် ခြေစွမ်း ကွာဟနေတဲ့ စပိန်ကို အရှုံးပေးခဲ့ရပါတယ်။ စပိန် တိုက်စစ်ရဲ့ ထိုးဖောက်မှု တွေကို ဩဇီတို့ အတတ်နိုင်ဆုံး ပိတ်ဆို့ တားဆီးနေတဲ့ ကြားက အိုရာဇာဘယ်ရဲ့ တစ်လုံး တည်းသော သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဩစတြေးလျ အနေနဲ့ တစ်ဖက် က အာဂျင်တီးနားနဲ့ စပိန်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်ပြီး ကွာတားဖိုင်နယ် တက်ရေး စိတ်ချရဖို့ အတွက် ဆိုရင် အီဂျစ်ရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့လည်း အရေးကြီးပါတယ်။

အိုလံပစ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ၂ ကြိမ် တက်ခဲ့ဖူးတဲ့ အီဂျစ် အနေနဲ့ လက်ရှိ ၂၀၂၀ အိုလံပစ် မှာတော့ အုပ်စုတွင်း အားအနည်းဆုံး အသင်း ဖြစ်နေပြီး အခုအဆင့် ကနေပဲ လှည့်ပြန်ရဖို့ များနေပါတယ်။ အဖွင့်ပွဲမှာ စပိန်ကို သရေကစားနိုင်ခဲ့လို့ အီဂျစ်ရဲ့ ခြေစွမ်းကို မျှော်လင့်ခဲ့ပေမယ့် ဒုတိယ ပွဲမှာတော့ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိမှာ နောက်တစ်ဆင့် တက်ဖို့ ရာခိုင်နှုန်း တော်တော်လေး နည်းသွားခဲ့ပါပြီ။ ဒါပေမယ့် အီဂျစ်ဟာ ကစားခဲ့တဲ့ ၂ ပွဲလုံးမှာ ပြိုင်ဘက်တွေကို မာမာထန်ထန် တုန့်ပြန်သွားခဲ့ပြီး ကစားရခက်တဲ့ အသင်း ဆိုတာ သက်သေပြထားပါတယ်။ ဂုဏ်သိက္ခာ အတွက် တတ်နိုင်သမျှ မရှုံးအောင် ကစားမယ့် အီဂျစ်ကြောင့် ဩစတြေးလျ ကတော့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။

ဩဇီဟာ ကစားအား ကောင်းပြီး တိုက်စစ်အမြင် ရှိတယ်။ အခွင့်အရေးတွေကို အသုံးချတတ်တယ်။ အီဂျစ်က မိုဆာလာ၊ အယ်နီနီလို ကစားသမားမျိုး မပါလို့ ခေါင်းဆောင်မှု မဲ့နေပေမယ့် ကစားပုံ ကျစ်လျစ်ပြီး ခံစစ် မာကျောပါတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ် တက်ရေး စိတ်အားထက်သန်နေတဲ့ ဩစတြေးလျတို့ ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရသွားမယ် ထင်ပါတယ်။
 

စပိန် vs အာဂျင်တီးနား

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅:၃၀ နာရီ)

စပိန်ဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့ အတူ ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ဆု အတွက် ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် လက်ရှိ မှာတော့ နောက်တစ်ဆင့် တက်ရေး အဆုံးအဖြတ် အဖြစ် အာဂျင်တီးနားနဲ့ ကစားရတော့မှာပါ။ ယူရို ၂၀၂၀ ရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၆ ဦးအထိ ပြန်လည် ရွေးချယ်ထားခဲ့တဲ့ စပိန်ရဲ့ ခြေစွမ်းဟာ တကယ်တမ်း မှာတော့ မျှော်လင့်ထားတာနဲ့ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ အီဂျစ်ကို ဂိုးမရှိ သရေကျခဲ့ပြီး ဩစတြေးလျကို အသည်းအသန် ကစားပြီးမှ ၁ ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာကြောင့်သာ လက်ရှိ အုပ်စု(C) ကို ဦးဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ စပိန် ယူ-၂၃ အသင်းဟာ စပိန် အသင်းကြီး ကစားပုံနဲ့ ဆင်တူနေပြီး တစ်ပွဲကို ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းဆုံး ၁၀ ကြိမ်ထက် ပြုလုပ်နိုင်ပေမယ့် သွင်းဂိုးတွေ ကိုတော့ ခက်ခက်ခဲခဲ ရှာဖွေနေရဆဲ ဖြစ်ပါတယ်။ ဒီခြေစွမ်းနဲ့ ဆိုရင်တော့ လာမယ့်ပွဲမှာ ကျိန်းသေပေါက် ရုန်းကန်ရမယ့် သဘောရှိပြီး အခန့်မသင့်ရင် ရှုံးပါရှုံးသွားနိုင်ပါတယ်။

ဘာတစ္စတာ ကိုင်တွယ်နေတဲ့ အာဂျင်တီးနား ကလည်း လူငယ်ကြယ်ပွင့်များစွာ ပါဝင်နေပေမယ့် လက်ရှိ ၂၀၂၀ အိုလံပစ် မှာတော့  အားရစရာကောင်းတဲ့ ခြေစွမ်းခြေစမျိုး လုံးဝ မတွေ့ရသေးပါဘူး။ အဖွင့်ပွဲ မှာတင် ဩဇီကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပြီး နောက်ပွဲမှာ အီဂျစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် တစ်သင်းလုံး လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒါပေမယ့် အခုပွဲဟာ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တဲ့ အပြင် နောက်တစ်ဆင့် တက်ရေးအတွက် အဆုံးအဖြတ် ဖြစ်လို့ အာဂျင်တီးနားတို့ မဖြစ်မနေ အားစိုက် ကစား မှာတော့ သေချာပါတယ်။

အသင်းကြီး နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်နေပေမယ့် လက်ရှိမှာ ခြေစွမ်းပိုင်းက မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်နေတဲ့ အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာပါ့မလား ဆိုပြီး သံသယတော့ ဝင်မိပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းကို လုံးဝ သဘောမကျပေမယ့် မဖြစ်မနေ ရွေးချယ်ပါ ဆိုရင်တော့ ပြိုင်ပွဲကြီး အတွေ့အကြုံ ပိုသာတဲ့ စပိန်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်