နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနာဂတ်နဲ့ ပတ်သတ်လို့ အေးဂျင့် မငှားပဲ ကိုယ်တိုင် ဆုံးဖြတ်မယ့် ကင်မစ်ချ် | လာလီဂါ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘေယန်မြူးနစ် ကွင်းလယ် ကစားသမား ဂျော်ရွှာ ကင်မစ်ချ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတွေကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သတ်လို့ ကင်မစ်ချ်ကို အင်တာဗျူး မေးမြန်းခဲ့ရမှာတော့ ဂျာမန် လက်ရွေးစင်က အခုလိုပဲ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကွင်းလယ်ရော၊ ညာအစွန် ခံစစ်မှာပါ ကစားနိုင်ခဲ့တဲ့ ကင်မစ်ချ်ဟာ လာလီဂါ ကလပ် နှစ်သင်းစလုံးဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ကလပ်တွေ ဖြစ်ကြောင်း ချီကျူး ကင်ပွန်းတပ်သွားခဲ့တာ ဖြစ်ပါတယ်။ ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ စတုဂတ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၉ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် အခြားသော ဆုဖလားတွေလည်း ရယူနိုင်ခဲ့သူပါ။
ကင်မစ်ချ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၈ ပွဲ ပါဝင် ကစားပေးထားပြီး ကွင်းလယ်မှာ သာမက ညာအစွန်ခံစစ် အတွက်လည်း တူချယ်ရဲ့ အားကိုးရတဲ့ ကစားသမား အဖြစ် ဆက်ရှိနေခဲ့သူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်တော့တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ကင်မစ်ချ်ရဲ့ အဆိုအရ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှု အားလုံးဟာ သူ့ဆီကနေသာ တိုက်ရိုက်သွားကြောင်း သေချာမှု ရှိစေဖို့ အတွက်လည်း အေးဂျင့်ကို အသုံးမပြုကြောင်း ပြောကြားခဲ့ပါတယ်။ ကင်မစ်ချ်ကိုတော့ လာလီဂါ ကလပ်တွေ အပြင် ပရီးမီးယားလိဂ် အသင်းကြီးတွေ ကလည်း မျက်စိကျနေတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကွင်းလယ်ရော၊ ညာအစွန် ခံစစ်မှာပါ ကစားနိုင်ခဲ့တဲ့ ကင်မစ်ချ်ဟာ လာလီဂါ ကလပ် နှစ်သင်းစလုံးဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ကလပ်တွေ ဖြစ်ကြောင်း ချီကျူး ကင်ပွန်းတပ်သွားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ချီးကျူးခဲ့တဲ့ ကင်မစ်ချ်

ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်ခင် စပိန် သတင်းစာ Diario ASနဲ့ အင်တာဗျူးမှာ ကင်မစ်ချ်က သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ထင်ကြေးတွေကို ထုတ်ဖော် ပြောဆိုခဲ့ပြီး တူချယ် ဒီနွေရာသီမှာ ထွက်ခွာမှုက သူ့ရဲ့ အစီအစဉ်တွေကို သက်ရောက်မှု ရှိ၊ မရှိ ကိုလည်း ရှင်းလင်းသွားခဲ့ပါတယ်။
ကင်မစ်ချ်က “ဒါဟာ ကျွန်တော့် အတွက် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်း တစ်ခုပါ၊ ဒါပေမယ့် အခုအချိန်မှာ အရေးကြီးဆုံးတော့ မဟုတ်ပါဘူး။ စာချုပ်ချုပ်တဲ့ အခါ နည်းပြနဲ့ လက်မှတ်ထိုးမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် သိထားပါတယ်။ ကလပ်နဲ့ လက်မှတ်ထိုးမှာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဒါပေမယ့် နည်းပြက မင်းရဲ့ အဖွဲ့အပေါ် ဘယ်လို ထင်မြင်သလဲ ဆိုတာ သိဖို့လည်း အရေးကြီးပါတယ်။ ကလပ်ထဲက တခြားလူတွေက နည်းပြ ရွေးချယ်တာနဲ့ ပတ်သက်ပြီး စိတ်ပူနေကြပါတယ်။ ကျွန်တော် ဘေယန်မြူးနစ်နဲ့ စကားပြောချင်ပါတယ်၊ ကျွန်တော် အဲလိုလုပ်တဲ့ အခါ စာနယ်ဇင်းတွေကို အသိပေးမှာ မဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ နှစ်ပွဲ ကစားဖို့ ကိုပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဘေယန်ကို အရင် အသိပေးပါမယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ မက်ဒရစ် တို့ဟာ အံ့သြစရာ ကောင်းတဲ့ သမိုင်းကြောင်း ရှိတဲ့ အသင်းတွေပါ။” လို့ ကင်မစ်ချ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ကင်မစ်ချ်က အေးဂျင့် အသုံးမပြုခြင်း အကြောင်းရင်းကို ပြောကြားခဲ့ပြီး ဒီလို လုပ်ဆောင်ရခြင်းက သူ့ရဲ့ မိသားစု အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ် လို့လည်း ရှင်းပြခဲ့ပါတယ်။

“အားသာချက် ကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရှိတာပါ။ ဒါပေမယ့်လည်း ဒါက အားနည်းချက် တစ်ခု ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရတာ ခက်ပါတယ်။ မင်းရဲ့ ဆုံးဖြတ်ချက် အတွက် မင်းမှာသာ တာဝန်ရှိပါတယ်။ ဒါက ကျွန်တော့် အတွက် အရေးကြီးဆုံး အရာပါ။ အစည်းအဝေးမှာ တာဝန်ခံတွေ စကားပြောတာတွေကို တိုက်ရိုက် နားထောင်ရင်း ကလပ်၊ နည်းပြနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ပါတယ်။ ဒါက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် အလွန် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။” လို့ ကင်မစ်ချ်က ပြောဆို သွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်