နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီ ပိုကောင်းပေမယ့် စပိန်ကိုလည်း လျှော့တွက်လို့ မရဘူး – ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ – စပိန်

ယူရို ၂၀၂၀ ကတော့ ဇာတ်ရှိန် အမြင့်ဆုံး ဖြစ်တဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိလာခြင်းနဲ့ အတူ လက်ရှိမှာ ချန်ပီယံဆုကို မျှော်လင့်နိုင်မယ့် အသင်း ၄ သင်းသာ ကျန်ပါတော့တယ်။ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် အဆင့်ထိ ချက်၊ ယူကရိန်း ဆွစ်ဇာလန်၊ ဒိန်းမတ် တို့လို အသင်းတွေ ပါဝင်လာခဲ့ပေမယ့် လက်ရှိ ဆီမီးဖိုင်မှာတော့ အီတလီ၊ စပိန်၊ အင်္ဂလန်နဲ့ ဒိန်းမတ် တို့သာ ကျန်ရှိပါတော့တယ်။ အခုလာမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ကိုတော့ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့မှာ လန်ဒန်မြို့က ဝင်ဘလေ ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီနှစ်ပွဲထဲမှာ အစဉ်အလာအရ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ အီတလီနဲ့ စပိန် တို့ရဲ့ တွေ့ဆုံမှုက အင်္ဂလန်-ဒိန်းမတ် ပွဲထက် ပိုပြီးတော့ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။
 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (အီတလီ)

အဇူရီ တို့ဟာ ယူရို ၂၀၂၀ မတိုင်ခင် ကတည်းက ရှုံးပွဲမရှိ စံချိန်တွေနဲ့ ဥရောပဘောလုံး မိုးကောင်းကင်ထက်မှာ ခပ်မြင့်မြင့် ပျံသန်းနေသူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲစုံ ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်နဲ့အတူ နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲဆက် ပေးဂိုးမရှိ ဆိုတဲ့ အကောင်းဆုံး ပုံစံနဲ့ ယူရိုပြိုင်ပွဲထဲကို ခေါင်းမော့ ရင်ကော့ပြီး ဝင်လာတာပါ။ လက်ရှိ မှာတော့ မန်ချီရဲ့ အသင်းက ၃၂ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရရှိထားပြီး ဖြစ်ပါတယ်။ ခံစစ် ဂုရုကြီးလို့ ညွှန်းဆိုရတဲ့ အထိ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေ မွေးထုတ် ပေးနေတဲ့ အီတလီ တို့ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခေတ်အဆက်အဆက် ပြိုင်ဘက် တော်တော်များများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် အီတလီဟာ ကစားပုံ ပျင်းရိစရာ ကောင်းတဲ့ အသင်း၊ စွဲဆောင်မှု မရှိတဲ့ အသင်းအဖြစ် အားလုံးက လက်ခံထားကြတာ ဖြစ်ပါတယ်။ မန်ချီနီ စတင်ကိုင်တွယ်ချိန် မှာတော့ “မူလလက်ဟောင်း ဒီဇိုင်းပုံစံသစ်နဲ့ အီတလီ” လို့ ဆိုရလောက် ခံစစ်ဟာ အရင်လိုပဲ ကျစ်လျစ် မာကျောနေဆဲ ဖြစ်ပေမယ့် တိုက်စစ်ပိုင်း ကတော့ အရင်လို ၁ ဂိုးလောက်နဲ့ ကျေနပ်တဲ့ အသင်း မဟုတ်တော့ပါဘူး။ အီတလီတို့ နောက်ဆုံး ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့တဲ့ ပွဲက ၁ ပွဲသာ ရှိခဲ့ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ ဆိုရင် အုပ်စု ပွဲစဉ် ၃ ပွဲမှာ ရဂိုး ၇ ဂိုး၊ ပေးဂိုးမရှိနဲ့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိခဲ့ပါတယ်။ ရှုံးထွက်နဲ့ ကွာတားဖိုင်နယ် အဆင့်မှာတော့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပေမယ့် ဩစတြီးယားနဲ့ ပွဲမှာ ၁ ဂိုး၊ ဘယ်ဂျီယံနဲ့ ပွဲမှာ ၁ ဂိုး ပေးခဲ့ရပေမယ့် အီတလီရဲ့ ခံစစ်က အင်္ဂလန် ခံစစ်လိုပဲ မာကျောနေဆဲ ဖြစ်ပါတယ်။ လက်ရှိ ကွာတားဖိုင်နယ် အဆင့်ထိ ၅ ပွဲ ကစားပြီးချိန် ဩစတြီးယားနဲ့ တစ်ပွဲပဲ ခြေစွမ်းပိုင်း အနည်းငယ်  ယိမ်းယိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ခံစစ်က ခီလီနီ-ဘိုနူချီ ပြန်လည် တွဲဖက်မှု၊ ဗာရက်တီ၊ ဘာရယ်လာ၊ ဂျော်ဂျင်ဟို တို့ရဲ့ လုပ်အားနှုန်းမြင့်တဲ့ ကွင်းလယ်၊ အင်ဆစ်ဂ်ညီ ခြေစွမ်းပြနေတဲ့ တိုက်စစ် တို့ကြောင့် ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးက ဘယ်ဂျီယံကို သက်သက်သာသာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ဒါဆိုရင် အီတလီမှာ အားနည်းချက် လုံးဝ မရှိတော့ဘူးလား ဆိုတော့… မဟုတ်ပါဘူး။ မြင်ရသလောက်တော့ အခု စပိန်ကို ရင်ဆိုင်ရမယ့် အဇူရီတို့ အတွက် အားနည်းချက် အနည်းဆုံး ၂ ချက် ရှိပါတယ်။ ပထမတစ်ချက်က မန်ချီနီရဲ့ အသင်း တိုက်စစ် လမ်းကြောင်း စတင်ရာ အဓိက ပင်မ ဖြစ်တဲ့ ဘယ်နောက်ခံလူ စပင်နာဇိုလာ ဖနောင့်ကြော ဒဏ်ရာကြောင့် ကာလရှည် အနားယူ သွားရတာ ဖြစ်ပါတယ်။ နောက်ထပ် ပြသနာ ကတော့ လာဇီယိုမှာ ဂိုးသွင်းကောင်းခဲ့ သလောက် အီတလီ မှာတော့ အခွင့်အရေးတွေ ဒိုင်ခံ ဖြန်းတီး ပစ်နေတဲ့ တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီ ဖြစ်ပါတယ်။ စပင်နာဇိုလာ နေရာမှာ ဝင်ကစားရမယ့်သူက အီမာဆင် ဖြစ်ပါတယ်။ အီမာဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့သလို လက်ရှိ ယူရို ၂၀၂၀ မှာလည်း မိနစ်ပေါင်း ၁၀၀ လောက်ပဲ ကစားထားရလို့ စိတ်ချရ မယ့် အနေအထားတော့ မရှိပါဘူး။ မန်ချီနီ အနေနဲ့ ဘယ်လို နည်းစနစ် အပြောင်းအလဲတွေ လုပ်လာမလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။ ဒါပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ဆီမီးဖိုင်နယ် တက်လာတဲ့ ၄ သင်းထဲမှာ အီတလီကို ယှဉ်နိုင်တာ အင်္ဂလန်ပဲ ရှိလို့ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းမျိုးသာ ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် စပိန် ဆိုတာ အဇူရီတို့ အတွက် မခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။

 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (စပိန်)

အီတလီနဲ့ ယှဉ်ရင် စပိန်ကို ဘာကြောင့် သဘောမကျရသလဲ ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ စပိန်ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ဆီမီးဖိုင်နယ် အထိ ရောက်လာခဲ့ပေမယ့် ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး လုံးဝ(လုံးဝ) ကို မမြင်တွေ့ရသေးပါဘူး။ ထပ်ပြီး ဆိုရရင် လက်ရှိ စပိန်ရဲ့ လက်ရှိ ခြေစွမ်းဟာ မြင်ခဲ့ဖူးသမျှ ထဲမှာ အညံ့ဆုံး ပါပဲ။ တိုက်စစ်က ဂျရတ် မိုရီနို၊ မိုရာတာ၊ ဖာရန်း တောရက်စ်တို့ သက်ဆိုင်ရာ ကလပ်အသင်း အသီးသီးမှာ တောက်ပခဲ့သမျှ စပိန် မှာတော့ ပုံမှန် ခြေစွမ်းတွေ ပျောက်ရှနေဆဲ ဖြစ်သလို ခံစစ် ကလည်း အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်/ညာ အစွန်က အက်ဇ်ပီလီကျူအာတာ၊ ဂျော်ဒီအဲလ်ဘာ တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ အပြစ်ပြောစရာ သိပ်မရှိပေမယ့် လာပေါ့တ်-ပါအူတောရက်စ်၊ လာပေါ့တ်-အဲရစ်ဂါစီယာ ဘယ်လိုတွဲတွဲ အခုချိန်ထိ တည်ငြိမ်မှု မရှိသေးတာ တွေ့ရပါတယ်။ ကွင်းလယ် ကတော့ ဆာဂျီယို ဘူးစကွက်စ် ပြန်လည် ပါဝင်လာချိန်မှာ ပုံစံကောင်း ပြန်ရသွားပေမယ့် ကိုကီက ခံစစ်ကို ပိုအားသန်တာကြောင့် တိုက်စစ်ကို ဖန်တီးပေးတဲ့ အပိုင်းမှာ ပက်ဒရီကိုပဲ အားကိုးနေရတာ ကတော့ စပိန်ရဲ့ နောက်ထပ် အားနည်းချက် တစ်ခုပါ။ အားသာချက်က စပိန်တို့ ခြေစွမ်း မကောင်းပေမယ့် ရှုံးထွက်မှာ ခရိုအေးရှားကို အချိန်ပိုမှာ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ပင်နယ်တီနဲ့ တက်လာတာကို ကြည့်တာနဲ့ ဒီပြိုင်ပွဲမှာ စပိန်ကို ကံတရားရဲ့ ဖေးမမှု ဘယ်လောက်အထိ အားကောင်းနေသလဲ သိနိုင်ပါတယ်။ ဒါ့အပြင် ယူရိုပြိုင်ပွဲမှာ မထင်မှတ်ထားတဲ့ အသင်းတွေနဲ့ ပြိုင်ပွဲတစ်လျှောက် အားနည်းတဲ့ အသင်းတွေဟာ ဗိုလ်စွဲ သွားတတ်တဲ့ အစဉ်အလာ ရှိခဲ့လို့ စပိန်တို့ တကယ်ပဲ မထင်မှတ်တဲ့ အနေအထားကနေ ဥရောပအောင်မြင်မှုကို နောက်ထပ် တစ်ကြိမ် ရယူသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။

စပိန်ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ဆီမီးဖိုင်နယ် အထိ ရောက်လာခဲ့ပေမယ့် ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး လုံးဝ(လုံးဝ) ကို မမြင်တွေ့ရသေးပါဘူး။
ယူရိုပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းအဖြစ် ချန်ပီယံ ၃ ကြိမ် ဖြစ်ထားတဲ့ စပိန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဥရောပမှာရော ကမ္ဘာမှာပါ ထိပ်သီးတွေ ဖြစ်တဲ့ အီတလီနဲ့ စပိန်တို့ဟာ ဘောလုံးသမိုင်းမှာ မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အီတလီက ပိုအောင်မြင်သလို ယူရိုမှာတော့ စပိန်က အအောင်မြင်ဆုံး အသင်း အဖြစ် ဂျာမနီ နဲ့အတူ ပူးတွဲ ရပ်တည်ထားနိုင်ပါတယ်။ ဒီလို ဘောလုံး အင်အားကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အကြိမ်ရေ စုစုပေါင်း ၃၆ ကြိမ် အထိ ရှိခဲ့ပြီး ခြေစမ်းပွဲ၊ ခြေစစ်ပွဲ၊ အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ စပိန်က ၁၂ ကြိမ် နိုင်၊ အီတလီ က ၁၁ ကြိမ် နိုင်၊ သရေကတော့ ၁၃ ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိခဲ့တဲ့ အပြင် ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့တာ သိသာပါတယ်။ ယူရို ပြိုင်ပွဲ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ ယူရို ၂၀၁၂ အုပ်စု အဆင့်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပေမယ့် ဗိုလ်လုပွဲ မှာတော့ စပိန်က ၄ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာတော့ ၁၆ သင်း ရှုံးထွက်မှာ တွေ့ဆုံခဲ့ကြပြီး အီတလီက ခီလီနီ၊ ပယ်လီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အီတလီ – စပိန် အချိန်ပြည့် 1X2 အီတလီ @ 2.43
ဇူလိုင် လ ၇ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အီတလီ အတွက်  ၂.၅၀ ဆနဲ့ စပိန် အတွက် ၃.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘယ်ရှုထောင့်က ကြည့်ကြည့် စပိန်ထက် အီတလီတို့ အဘက်ဘက်က အသာရ နေတယ် ဆိုတာကို‌ လက်ခံရပါလိမ့်မယ်။ ဘတပြန် ကျားတပြန် ကစားရလေ့ ရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် ခြေစွမ်း ပိုကောင်းတဲ့ အီတလီ အနိုင်သွားနိုင်သလို စပိန် ကလည်း ပြီးခဲ့တဲ့ ပွဲတွေက အမှားကို အချိန်မှီ ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင်တော့ စပိန် လည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် သိပ်အများကြီး မတွေးပဲ ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ မန်ချီနီရဲ့ အဇူရီသားတွေ ဘက်မှာပဲ ရဲရဲတင်းတင်း ရပ်တည်လိုက်ပါမယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်