နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကယ်ဗင်ဖီးလစ် (သိုမဟုတ်)‌ ဘီရဲယ်ဆာရဲ့ အကောင်းဆုံး ထုဆစ်မှုနဲ့ ယူရို ၂၀၂၀မှာ ပွဲလယ်တင့်ခဲ့တဲ့ ယော့ခ်ရှိုင်းယား ပီယာလို

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မော်ရင်ဟိုက ယော့ခ်ရှိုင်းယား ပီယာလို ဆိုပြီး ချီးကျူးတယ်။ ကာပယ်လို ကတော့ ပီယာလိုနဲ့ မနှိုင်းသင့်တဲ့ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဆိုပြီး သုံးသပ်ပြန်တယ်။ အဲ့နောက် အက်ရှ်လေကိုးလ် ကတော့ အရင်က ဝေဖန်ခဲ့တာတွေကို တောင်းပန်ကြောင်း သူဟာ လက်ရှိ အင်္ဂလန်အသင်း အတွက် မရှိ မဖြစ် အရေးပါသူ ဖြစ်ကြောင်း ပြောသွားပြန်တယ်။ အများစု ကတော့ အင်္ဂလန် ကွင်းလယ်ရဲ့ စွမ်းအားမြင့် အင်ဂျင်တစ်လုံး ပါဆိုပြီး ချီးကျူးကြပါတယ်။ ဒီလိုမျိုး ယူရို ၂၀၂၀ အပြီး အင်္ဂလန် ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေသူဟာ လိဒ်စ်ယူနိုက်တက်ရဲ့ ကွင်းလယ် ဗိုလ်ချုပ် ကယ်ဗင် ဖီးလစ်ပဲ ဖြစ်ပါတယ်။

ကယ်ဗင် ဖီးလစ်ကို လိဒ်စ်ယူနိုက်တက်မှာ ကစားတဲ့ အချိန်ထဲက မြင်ဖူးပြီးသား ဖြစ်လို့ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး သံသယတော့ သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဗြိတိန် မီဒီယာတွေဟာ တစ်ခုခု ဆိုရင် အလွန်အကျူး ချဲ့ကား ရေးသားလေ့ ရှိတာကြောင့် အနီးစပ်ဆုံး ကယ်ဗင်ဖီးလစ်ရဲ့ ယူရို ၂၀၂၀ စွမ်းဆောင်ရည် အချက်အလက်တွေ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေက လိဒ်စ်ယူနိုက်တက်နဲ့ ဖြတ်သန်းမှုတွေကို တတ်နိုင်သမျှ လက်လှမ်းမှီ သလောက် ပြန်ကြည့် ရပါတော့တယ်။
 

ဘီရဲယ်ဆာရဲ့ အပြောင်မြောက်ဆုံး လက်ရာ

ကယ်ဗင်ဖီးလစ်ဟာ ဘီရဲယ်ဆာရဲ့ ဖန်တီး ထုဆစ်မှု တွေထဲက အပြောင်မြောက်ဆုံး လက်ရာ တစ်ခုလို့ ပြောလို့တောင် ရပါတယ်။ မာဆယ်လို ဘီရဲလ်ဆာ စတင် ကိုင်တွယ်ချိန် ၂၀၁၈ ခုနှစ် မှာ ကယ်ဗင် ဖီးလစ်ကို ကွင်းလယ် တိုက်စစ် နေရာ ကနေ ကွင်းလယ် ခံစစ် နေရာကို ပြောင်းလဲ ကစားခိုင်းခဲ့ပါတယ်။ အဲ့နောက် “ဓားကောင်း တစ်လက်ရဖို့ မီးအပူရှိန်ဟာ အရေးကြီး သလို ခပ်နာနာ ထုနှက်ဖို့လည်း လိုအပ်တယ်” ဆိုတဲ့ စကား အတိုင်းပါပဲ။ လိဒ်စ်ယူနိုက်တက်ကို ရောက်စ မှာပဲ ဘီရဲယ်ဆာ အနေနဲ့ စည်းကမ်းပိုင်းကို သိသိသာသာ တင်းကြပ်ခဲ့သလို ကစားသမားတွေကိုလည်း နည်းစနစ် မျိုးစုံနဲ့ မောင်းပါတော့တယ်။ တစ်နာရီကို မိုင် ၁၀၀ နှုန်းနဲ့ ၅ မိနစ်ကြာ မရပ်မနား ဘောလုံး ကစားစေခဲ့တဲ့ ဘီရဲယ်ဆာရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လူသတ် ဘောလုံး ကစားနည်း ဆိုပြီး အသင်းသားတွေ ကတောင် နာမည် ပေးခဲ့ကြပါတယ်။ ဘီရဲယ်ဆာရဲ့ နည်းစနစ်ဟာ ခက်ခဲကြမ်းတမ်း လွန်းပေမယ့် တကယ့် လက်တွေ့မှာ လုပ်အားနှုန်းကို တိုးတက် စေတာကြောင့် ကယ်ဗင်ဖီးလစ် အပါအဝင် ကစားသမား အားလုံး ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြပါတယ်။ ကစားအားနဲ့ အတူ စိတ်ဓာတ်ပိုင်း ဆိုင်ရာကိုလည်း မြင့်မားလာအောင် လေ့ကျင့်ပေးခဲ့လို့ ပင်ပန်းပေမယ့် အကျိုး ဘယ်လောက် ရှိတယ်  ဆိုတာ ပြီးခဲ့တဲ့ ရာသီက လိဒ်စ် အသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ကယ်ဗင်ဖီးလစ်ဟာ ဘီရဲယ်ဆာ လက်ထက်မှာ ၁၄ ပေါင်လောက် အထိ ကျသွားပြီး ပိုပြီး သွက်လက် လာသလို နဂိုကလည်း ပင်ကိုယ် ပါရမီ ရှိထားသူ ဖြစ်တော့ ဘောလုံး နည်းစနစ် ဗျူဟာပိုင်း မှာလည်း အချိန်တိုတွင်း ကျွမ်းကျင် ပိုင်နိုင်လာခဲ့ပါတယ်။
 

ဆောက်ဂိတ်ရဲ့ အမြော်အမြင် ကြီးမားမှု

စတာလင်ရဲ့ သွင်းဂိုးထက် သူ့ရဲ့ ဖန်တီးမှုက ပိုပြီး ပညာသားပါခဲ့လို့ ကယ်ဗင်ဖီးလစ် ဆိုတဲ့ နာမည်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ကာလ အတွင်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တဖြည်းဖြည်း ရေပန်းစား လာခဲ့ပါတယ်။
အင်္ဂလန်ရဲ့ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်ချေ ရှိကြောင်း ခန့်မှန်း ခံထားရတဲ့ ကယ်ဗင်ဖီးလစ်

ဒီလိုနဲ့ ဘီရဲယ်ဆာရဲ့ ယုံကြည်ခြင်း အားကိုးခြင်း ခံရလာရသူ ကယ်ဗင်ဖီးလစ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံရှစ်မှာ ၄၂ ပွဲ ကစားခဲ့ရပြီး၊ ၂၀၁၉-၂၀ မှာတော့ ၃၇ ပွဲနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် မှာလည်း ဒဏ်ရာရနေချိန် ကလွဲလို့ တစ်ရာသီလုံးမှာ ၂၉ ပွဲတိတိ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။ တစ်ရာသီထက် တစ်ရာသီ ပိုပြီး တိုးတက်လာခဲ့တဲ့ ကယ်ဗင်ဖီးလစ်ကို လက်ရွေးစင် အသင်းကြီး အတွက် ရည်မှန်းပြီး စောင့်ကြည့်နေသူက ဂါရက်သ် ဆောက်ဂိတ် ဖြစ်ပါတယ်။ ဒီနေရာ မှာတော့ ဆောက်ဂိတ်ရဲ့ အမြှော်အမြင် ရှိမှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ အသင်း တစ်သင်းရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်တဲ့ ကွင်းလယ်မှာ ထိပ်သီးလိဂ် ပြိုင်ပွဲအတွေ့အကြုံ နည်းသလို ယူရို မတိုင်ခင် လက်ရွေးစင်အသင်းမှာ ၈ ပွဲသာ ကစားထားတဲ့ ကယ်ဗင်ဖီးလစ်ကို နောက်ထပ် လူငယ်ကစားသမား ဒက်ကလန် ရိုက်စ်နဲ့ ယုံယုံကြည်ကြည် တာဝန်ပေးခဲ့လို့ ဆောက်ဂိတ်ရဲ့ တစ်ချက် မှားတာနဲ့ ဝေဖန်ဖို့ အားလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။
 

အင်္ဂလန်ရဲ့ ပီယာလို

ဒီလိုနဲ့ ခရိုအေးရှားနဲ့ ယူရို ၂၀၂၀ အဖွင့် ပွဲစဉ်မှာ ဆောက်ဂိတ်ရဲ့ အဆန်းထွင်ခြင်းလား အကွက်လျှိုခြင်းလား မသိတဲ့ နည်းစနစ်ပိုင်းကြောင့် တစ်သင်းလုံး ခြေစွမ်းမကောင်းတဲ့ ကြားက ကယ်ဗင်ဖီးလစ် အနေနဲ့ ထူးထူးခြားခြား တောက်ပ နိုင်ခဲ့ပါတယ်။ စတာလင်ရဲ့ သွင်းဂိုးထက် သူ့ရဲ့ ဖန်တီးမှုက ပိုပြီး ပညာသားပါခဲ့လို့ ကယ်ဗင်ဖီးလစ် ဆိုတဲ့ နာမည်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ကာလ အတွင်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တဖြည်းဖြည်း ရေပန်းစား လာခဲ့ပါတယ်။ အဲဒီပွဲမှာ ပထမပိုင်း တစ်ပိုင်းလုံး ရာနှုန်းပြည့် ဘောလုံး ပေးပို့မှု ပြုလုပ်နိုင်ခဲ့တဲ့သူ ဆိုလို့ ကယ်ဗင်ဖီးလစ် တစ်ယောက်သာ ရှိခဲ့ပြီး ပြိုင်ဘက် အသင်းက နာမည်ကြီး ကွင်းလယ် အင်ဂျင် မိုဒရစ်တောင် သူ့လို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှ လွဲချော်မှု ၂ ကြိမ်ပဲ ရှိခဲ့ပြီး ဘောလုံး ပေးပို့မှု ၃၃ ကြိမ်မှာ ၃၁ ကြိမ် အောင်မြင်ခဲ့တဲ့ စွမ်းဆောင်မှုကြောင့် ချက်ချင်းပဲ ကယ်ဗင်ဖီးလစ်‌ ကနေ ယော့ခ်ရှိုင်းယား ပီယာလို၊ အင်္ဂလန် ပီယာလို စသဖြင့် အီတလီရဲ့ ကွင်းလယ် မာစတာ အန်ဒရီ ပီယာလိုနဲ့ ချီးကျူး ခိုင်းနှိုင်းခဲ့ကြ ပါတော့တယ်။

 
ဒီလို ချီးကျူးနေတဲ့ အချိန်မှာ ကယ်ဗင်ဖီးလစ်ရဲ့ တုန့်ပြန်မှုက အင်္ဂလန် ပရိသတ်တွေရဲ့ ရင်ကို မထင်မှတ်ပဲ ပိုပြီး လှုပ်ခတ်သွားစေခဲ့ ပြန်ပါတယ်။ ကယ်ဗင်ဖီးလစ်က ” လူတွေက ကျွန်တော့်ကို မနေ့တုန်းက (ခရိုအေးရှားနဲ့ ပွဲတုန်းက) ကွင်းထဲမှာ နေရာအနှံ့ ရှိနေတယ် ဆိုပြီး ချီးကျူးကြပါတယ်။ ဒါပေမယ့် အန်ဂိုလို ကန်တီ သာဆိုရင် ကျွန်တော် ပြေးခဲ့တာထက် နှစ်ဆလောက် ပိုပြေးနိုင်မှာ သေချာပါတယ်” တဲ့ဗျား။ အသက် ၂၅ နှစ် အရွယ် လူငယ်လေးရဲ့ ကိုယ့်ကိုယ်ကို ချိုးနှိမ်မှုက လေးစားစရာပါပဲ။ ပြီးတော့ ခြေစွမ်း နည်းနည်းလေး ပြနိုင်ပြီ ဆိုတာနဲ့ မီဒီယာတွေက မြှောက်ထိုးပင့်ကော် လုပ်တာက တစ်ကြောင်း၊ ပင်ကိုယ် ဗီဇကြောင့် တစ်ကြောင်း မော်ကြွား သွားတတ်တဲ့ အင်္ဂလန် ကြယ်ပွင့် အများစု ကြားမှာ ရှားရှားပါးပါး ကစားသမား ဖြစ်နေလို့ ကယ်ဗင်ဖီးလစ်ဟာ ပိုပြီး အာရုံစိုက်ခံ ရပါတော့တယ်။
 

ပထမဦးဆုံး အတွေ့အကြုံနဲ့ အကောင်းဆုံး ခြေစွမ်း

ဒီလိုနဲ့ တစ်ပွဲနဲ့ တစ်ပွဲ ပုံမှန် ခြေစွမ်းပြခဲ့သူ ကယ်ဗင်ဖီးလစ် ဟာ အုပ်စု ကနေ ၁၆ သင်းအဆင့် ရှုံးထွက်၊ ရှုံးထွက် ကနေ ကွာတားဖိုင်နယ်၊ ကွာတားဖိုင်နယ် ကနေ ဆီမီးဖိုင်နယ်၊ နောက်ဆုံးမှာ ဗိုလ်လုပွဲ အထိ ပွဲချိန် စုစုပေါင်း ၆၆၅ မိနစ် အထိ ကစားသွားခဲ့ရပါတယ်။ ပစ်ခ်ဖို့ဒ်နဲ့ ဂျွန်စတုန်းစ်တို့ ပြီးရင် အင်္ဂလန် အတွက် ပွဲချိန် အများဆုံး ကစားခဲ့ရတာ ဖြစ်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲ တစ်လျှောက်လုံး မှာလည်း အီတလီက ဂျော်ဂျင်ဟို ပြီးရင် လုပ်အားနှုန်း အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို တိုက်စစ်ပိုင်းမှာ ဘောလုံးပေးပို့မှု ၃၄၄ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၃၀၁ ကြိမ်နဲ့ ၈၇ ရာခိုင်နှုန်း တိကျခဲ့ပါတယ်။ ခံစစ်ပိုင်းကို ပြန်ကြည့်ရင်လည်း ဘောလုံး ပြန်လည် ဆယ်ယူမှု ၃၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သလို လုယူမှု ၁၃ ကြိမ်မှာ ၉ ကြိမ် အထိ အောင်မြင်ခဲ့ပြီး ပြိုင်ပွဲဝင် ကစားသမား အားလုံးထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။ ဂိုးရရန် ကြိုးပမ်းမှု ၄ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၄ ကြိမ် အထိ ရှိခဲ့တဲ့ ကယ်ဗင်ဖီးလစ်ဟာ ပြိုင်ပွဲ တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင် အကောင်းဆုံး ၁၁ ဦး စာရင်းမှာ မပါနိုင်ပေမယ့် နေရာစုံ ကနေ အသင်းအပေါ် အကျိုးပြုခဲ့သူ ဆိုတာတော့ လက်ခံရမှာ ဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ ၄ ရာသီ နီးပါး၊ ပရီးမီးယားလိဂ်မှာ ၁ ရာသီ နီးပါးသာ ကစားထားခဲ့သူ တစ်ယောက် အတွက် ယူရိုပြိုင်ပွဲမှာ နိုင်ငံ့လက်ရွေးစင် အသင်းကြီးရဲ့ အဓိက စွမ်းဆောင်ရှင် ဖြစ်လာဖို့ ဆိုတာ တော်ရုံ မျှော်လင့်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် ကယ်ဗင်ဖီးလစ် ကတော့ အကောင်းဆုံး တာဝန်ကျေ သွားခဲ့ပါတယ်။
 

ဆေးစက်ကျရာ အရုပ်ထင်၊ နေရာတိုင်းနဲ့ အံဝင်ခဲ့သူ

နောက်တစ်ချက်က ဖီးလစ်ဟာ အသင်း အတွက် ဒီပွဲမှာ တိုက်ခိုက်သူ ဖြစ်ပေမယ့် နောက်ပွဲ မှာတော့ ကာကွယ်သူ အဖြစ် ပြောင်းလဲနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းမှာ ကွင်းလယ် ခံစစ်ကို အဓိက ကစားခဲ့ရာ ကနေ ဆောက်ဂိတ်ရဲ့ အသင်း မှာတော့ ကွင်းလယ် တိုက်စစ်ကို ပိုပြီး အသားပေး ကစားရတဲ့ ပုံစံ တွေ့ရပါတယ်။ ဒီလို နည်းစနစ် အကူးအပြောင်းမှာ အကောင်းဆုံး ကစားသွားခဲ့တဲ့ ကယ်ဗင်ဖီးလစ်ဟာ ရုပ်ပိုင်းဆိုင်ရာမှာ သာမက စိတ်ပိုင်းဆိုင်ရာ မှာလည်း အရွယ်နဲ့ မလိုက်အောင် ရင့်ကျက် တည်ငြိမ်သူ ဖြစ်ပါတယ်။ အသင်းဖော်ကောင်း ပီသသူ၊ ခေါင်းဆောင်မှု စိတ်ဓာတ် အပြည့်ရှိသူ၊ နောက်ဆုံး တစ်ချက်က ရရှိခဲ့သမျှ အောင်မြင်မှုကို တန်ဖိုးထားတတ်သူ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆာကာကို အောင်ပွဲခံနေတဲ့ အီတလီ အသင်းသားတွေ ကြားက ပြေးပြီး အားပေး နှစ်သိမ့်ခဲ့သူဟာ ကယ်ဗင်ဖီးလစ် ဖြစ်သလို ပင်နယ်တီ မဝင်ခဲ့သူတွေကို လူမျိုးခွဲခြား တိုက်ခိုက်မှုတွေ ရှိလာချိန် အရင်ဆုံး ပြန်လည် ခုခံ ပြောဆိုခဲ့သူ ဟာလည်း ကယ်ဗင်ဖီးလစ်ပဲ ဖြစ်ပါတယ်။ သဘော အကျဆုံး အချက်က အတွေ့အကြုံ နုပေမယ့် ပြိုင်ပွဲတစ်လျှောက် ကစားသွားတဲ့ ပုံစံဟာ တစ်ချက် မပျာခဲ့သလို အောင်မြင်မှုနဲ့ အနီးဆုံး ရောက်ပြီးမှ ဆုံးရှုံးရချိန် မှာလည်း မျက်ရည် လုံးဝ မကျသွားခဲ့သလို နည်းပြ ဆောက်ဂိတ်နဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့‌ ရှော၊ ကိန်း တို့နဲ့ လိုက်ပြီး အသင်းဖော်တွေကို နှစ်သိမ့်ပေးခဲ့သူ ဖြစ်ပါတယ်။
 

ဝေါ့တ်လီ လမ်းမတွေ ထက်က နာကျင်စရာ နေ့ရက်များ

ကယ်ဗင်ဖီးလစ်ရဲ့ ကစားသမား ဘဝ ဖြတ်သန်းမှုတွေ၊ တောက်ပမှု တွေကို ပြောရင် ငယ်ဘဝ ဖြတ်သန်းမှု ကိုလည်း မပါမဖြစ် ထည့်ပြီး ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်တိုတွင်း အောင်မြင်လာခဲ့တဲ့ ယော့ခ်ရှိုင်းယား လူငယ်လေးရဲ့ ငယ်ဘဝဟာ နာကျင်မှုတွေ၊ ခက်ခဲမှုတွေနဲ့ ပြည့်နှက်နေလို့ပဲ ဖြစ်ပါတယ်။ ပြောရရင် ဘဝနာခဲ့သူ တစ်ယောက်ပေါ့။ ဂျမေကာနွယ်ဖွား ဖခင်နဲ့ အိုင်ယာလန်နွယ်ဖွား မိခင်တို့ ကနေ မွေးဖွားလာတဲ့ ကယ်ဗင်ဖီးလစ် ဟာ ယော့ခ်ရှိုင်းယား ပြည်နယ်ရဲ့ ဝေါ့တ်လီ လမ်းမတွေ ထက်မှာ မသိသူ မရှိခဲ့တဲ့ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ ဝီလ်စတန် ထောင်ထဲကို အဝင်အထွက် လုပ်နေရတဲ့ ဆိုးသွမ်းတဲ့ ဖခင်ကြောင့် ကယ်ဗင်ဖီးလစ်တို့ မိသားစုဟာ တော်တော်လေးကို ချို့တဲ့ ခဲ့တာပါ။ မိခင် ဖြစ်သူဟာ ကယ်ဗင်ဖီးလစ် အပါအဝင် ၃ မြွှာပူး မွေးဖွားခဲ့ပေမယ့် လ အနည်းငယ် အကြာမှာ အငယ်ဆုံး သမီးလေးကို ဆုံးပါး ခဲ့ရပါတယ်။ ကယ်ဗင်တို့ မောင်နှမ နှစ်ဦးဟာ ကျောင်းက အခမဲ့ ကျွေးမွေးတဲ့ မုန့်တွေကို စားခဲ့ရတဲ့ အထိ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။
 

ဝင်ဘလေ ကွင်းထဲက ကယ်ဗင် မမြင်တွေ့သွားရတဲ့ အဘွား ဗယ်လ်

မိခင်နဲ့ အဘွားဖြစ်သူ ဗယ်လာရီ ခရော့စ်ဘီ တို့နဲ့ ကြီးပြင်းလာခဲ့သူ ကယ်ဗင်ဖီးလစ်ဟာ မာမားဘွိုင်းလို့ စနောက် ခံရလေ ့ရှိပေမယ့် အပြုံးတွေ နဲ့ပဲ တုန့်ပြန်တတ်သူ ဖြစ်ပါတယ်။ အဘွား ဗယ်လ်ဟာ ကယ်ဗင်ရဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံး လူသားတစ်ဦးလည်း ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာချိန် အထိ နောက်ကနေ တောက်လျောက် လိုက်ပါ လာတတ်သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျမေကာနဲ့ အိုင်ယာလန် အသင်း တွေမှာ ပါဝင် အရွေးချယ်ခံခွင့် ရှိခဲ့ပေမယ့် စိန်ခေါ်မှုတွေကို နှစ်သက်ပြီး  ပိုပြီး အောင်မြင်ချင်တဲ့ ကယ်ဗင်ဖီးလစ် တစ်ယောက် နာမည်ကျော် တွေနဲ့ အပြိုင် အင်္ဂလန် အတွက်ပဲ ပါဝင် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အဖြစ် အရွေးခံရချိန်မှာ ဝမ်းသာစရာ သတင်းကို ပထမဆုံး ဖုန်းဆက်ပြီး ပြောခဲ့သူဟာလည်း အဘွား ဗယ်လ် ကိုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ဝင်ဘလေ ကွင်းထဲက ကယ်ဗင်ဖီးလစ်ရဲ့ တောက်ပမှုတွေ ကိုတော့ ဗယ်လ် တစ်ယောက် မမြင်တွေ့ သွားရရှာပါဘူး။ ကိုဗစ် ရောဂါဆိုးကြီးက စောစောစီးစီး ခေါ်ဆောင်သွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒိန်းမတ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲအပြီးမှာ အီယန်ရိုက် ကိုယ်တိုင် ဗယ်လ်နဲ့ ပတ်သတ်ပြီး အမှတ်တရ စကားပြော သွားခဲ့သလို ကယ်ဗင်ဖီးလစ် ဟာလည်း အဖွားဗယ်လ် နာမည်နဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အောက်မေ့ သတိရကြောင်း ပြသခဲ့ပါတယ်။

နောက်ဆုံး သတင်းတွေအရတော့ ကယ်ဗင်ဖီးလစ်ရဲ့ ယူရို ၂၀၂၀ မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဥရောပထိပ်သီး ကလပ်ပေါင်း များစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘီရဲယ်ဆာကို လေးစားရတဲ့ ကယ်ဗင်ဖီးလစ်ဟာ ပြောင်းရွှေ့ကြေး များများနဲ့ ကမ်းလှမ်း လာခဲ့ရင်တောင် အဲလန်ရုတ်ဒ်ကို စွန့်ခွာဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်။ ဘီရဲယ်ဆာ ထုဆစ်ခဲ့တဲ့ ယော့ခ်ရှိင်းယား ပီယာလို တဖြစ်လဲ ကယ်ဗင်ဖီးလစ် ကတော့ ယော့ခ်ရှိုင်းယား အခြေစိုက် ကလပ် မှာပဲ နောက်ထပ် နှစ်အတော်ကြာ ဖြတ်သန်းမယ်လို့ ယုံကြည်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်