နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ ယူကရိန်း၊ အစ္စရေးလ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အိုက်စလန် | ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ် နှစ်ပွဲ မှာတော့ ယူကရိန်းနဲ့ အိုက်စလန်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ 

ဘော့စနီးယား ၁-၂ ယူကရိန်း

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး အတွက် အားထည့်ကစားခဲ့ကြပါတယ်။ ယူကရိန်း ဘက်မှာတော့ လူနင်၊ ဇဘာညီ၊ ဇင်ချန်ကို၊ မူဒရစ်ခ်၊ ဒိုးဗွတ်ခ် တို့လို ကြယ်ပွင့် ကစားသမားတွေ ပါဝင်လာခဲ့ပြီး ကစားရခက်တဲ့ ဘော့စနီးယားရဲ့ အိမ်ကွင်းမှာ အသာရဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။ ဘော့စနီးယား ကတော့ အိမ်ကွင်း အားသာချက် ရှိခဲ့ပေမယ့် ယူကရိန်းကို ပွဲချိန်ပြည့် ယှဉ်ကစားဖို့တော့ မလွယ်ကူခဲ့ပါဘူး။ 

ပွဲချိန် မိနစ် ၅၀ လောက် အထိ နှစ်သင်းစလုံး လိုအပ်နေတဲ့ သွင်းဂိုးတွေ မရရှိခဲ့ပဲ ယူကရိန်း ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ တောက်လျောက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ရရှိသွားခဲ့တာက ဘော့စနီးယား ဖြစ်ပြီးတော့ ပွဲချိန် ၅၆ မိနစ်မှာ ယူကရိန်း ခံစစ်မှူး မက်တိဗ်ယန်ကိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူကရိန်းတို့ လူစားပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပြီး ချေပဂိုး ရဖို့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဟတ်ဆူလိတ်ခ်နဲ့ မယ်လင်နော့ဗ်စကီးတို့ ဝင်လာခဲ့ချိန်မှာတော့ ယူကရိန်းကွင်းလယ်က လုပ်အားနှုန်း ပိုကောင်းသွားခဲ့ပြီး သွင်းဂိုးတွေ ရဖို့လည်း အခြေအနေကောင်းသွားခဲ့ပါတယ်။ အဲ့‌နောက် ပွဲကစားချိန် ၈၅ မိနစ်မှာတော့ ယူကရိန်းတို့ ချေပဂိုး ပြန်ရခဲ့ပြီး ကိုနိုပလီယာရဲ့ ဖန်တီးပေးမှု ကနေ ရာယမ်ချက်ခ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၈၈ မိနစ် မှာတော့ ယူကရိန်းတို့ အနိုင်ဂိုး ရခဲ့ပြီး ဂီရိုနာနဲ့ အတူ ခြေစွမ်းပြနေတဲ့ ဒိုးဗွတ်ခ်က ရာယမ်ချက်ခ်ရဲ့ ဖန်တီးပေးမှုကို အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်
ဘရန့်ဖို့ဒ်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ (Draw) @ 3.49
ဂိုးပေါ် 3.00 @ 1.98
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အစ္စရေးလ် ၁-၄ အိုက်စလန်

တစ်ဖက်မှာ ကစားခဲ့တဲ့ အစ္စရေးလ်နဲ့ အိုက်စလန်တို့ ကစားခဲ့ကြပြီး ဖီဖာရဲ့ ကမ္ဘာ့အဆင့် သိပ်မကွာတဲ့ နှစ်သင်း ဖြစ်ပေမယ့် တကယ်တမ်း ကစားချိန်မှာလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်း ပိုသေချာတဲ့ အိုက်စလန်က ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးလ်က ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပင်နယ်တီက တဆင့် ဇာဟာဗီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ၃၉ မိနစ်မှာ ဂတ်ဒ်မန်ဆန်က ချေပပေးခဲ့သလို ထရော့စတာဆန်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အားထည့်ခဲ့ကြပေမယ့် နောက်ခံလူ ရီဗီဗို အနီကတ်ပြ ထုတ်ခံခဲ့ရလို့ အစ္စရေးလ်ကို အားနည်းသွားစေခဲ့ပါတယ်။ ဒါကြောင့် အိုက်စလန်တို့ သွင်းဂိုး ထပ်မံ ရရှိခဲ့ပြီး ချေပဂိုး စသွင်းပေးခဲ့တဲ့ ဂတ်ဒ်မန်ဆန် ကပဲ ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အိုက်စ်လန်တို့ ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

လာမယ့်ပွဲစဉ်ပလေးအော့ဖ် ဗိုလ်လုပွဲ မှာတော့ ယူကရိန်းတို့ အိုက်စလန် ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး လက်ရှိ ခြေစွမ်းအရတော့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။ ဒီပွဲကလည်း လာမယ့် မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်