နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစစ်ပွဲ အောင်မြင်ရေး ဂျော်ဂျီယာကို ကျော်ဖြတ်ရတော့မယ့် ဂရိ | ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် (ပွဲပြီးသုံးသပ်ချက်)

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ် နှစ်ပွဲ မှာတော့ ယူကရိန်းနဲ့ အိုက်စလန်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ 


ဂျော်ဂျီယာ ၂-၀ လူဇင်ဘတ်

ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ရေး အမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် နှစ်သင်းစလုံး အားစိုက်လာခဲ့ကြပြီး အိမ်ကွင်း အားသာချက်လည်း ရှိနေတဲ့ ဂျော်ဂျီယာတို့ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဂျီယာ ဘက်မှာ ခဗရာစခီလီယာလို့ နာမည်ကြီး ကစားသမား မပါဝင်နိုင်ခဲ့ပေမယ့် လူစာရင်းမှာတော့ ဥရောပ အခြေစိုက် ကစားသမား အများအပြား ပါဝင်လာခဲ့ပါတယ်။ လူဇင်ဘက် ကတော့ အားလုံး သိပြီးကြတဲ့ အတိုင်း အသင်းငယ် တစ်သင်း ဖြစ်တာကြောင့် အားနည်းခဲ့ပြီး ဂျော်ဂျီယာလို အသင်းမျိုးကို ပွဲချိန်ပြည့် ယှဉ်မကစားနိုင်ခဲ့ပါဘူး။

ဂျော်ဂျီယာက အိမ်ကွင်း အားသာချက်နဲ့ အတူ လူဇင်ဘတ်ကို ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတွေလည်း ပိုင်ဆိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ လူဇင်ဘတ် ကတော့ ခံစစ်ကို လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်နဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည်တွေ ကွာဟခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဂျော်ဂျီယာ အတွက် အနိုင်ဂိုးတွေ ကိုတော့ ပထမပိုင်း မိနစ် ၄၀ မှာ ဘွန်ဒက်စ်လီဂါ ၂ ကလပ် ကားလ်စ်ရူသာ မှာ ကစားနေတဲ့ ဇစ်ဗ်ဇီဗါဒီက သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၆၄ မိနစ်မှာလည်း သူကပဲ သွင်းယူပေးခဲတာ ဖြစ်ပါတယ်။ လူဇင်ဘတ် အတွက် ပိုဆိုးသွားစေခဲ့တာက ပွဲချိန် ၅၈ မိနစ်မှာ နောက်ခံလူ ချာနော့တ် အထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအတွက်ကြောင့်လည်း လူဇင်ဘတ်တို့ ပြန်လာနိုင်ဖို့ မဖြစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျော်ဂျီယာက ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီး ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
AFC ဘုန်းမောက်
အဲဗာတန်
1X2 သရေ @ 3.23
အဲဗာတန် အာရှ ဟန်းဒီးကပ် +0.25 @ 2.00
ဂိုးပေါ် 2.75 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂရိ ၅-၀ ကာဇက်စတန်

တစ်ဖက်မှာတော့ ဂရိက ယူအီးအက်ဖ်အေ အဖွဲ့ချုပ်‌ လက်အောက်ကို ပြောင်းလာတဲ့ ကာဇက်စတန်ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ ချေမှုန်းနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ဝင်ရောက် ကစားခွင့်ရဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဂရိဟာ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ နီးစပ်ခဲ့ပြီးမှ ပလေးအော့ဖ် ကစားရပေမယ့် ပုံစံကောင်း တစ်ခုနဲ့ အတူ ပထမခြေလှမ်း အဖြစ် ကာဇက်စတန်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဂရိဘက်က အမ်ဗရိုပါးနို့စ်၊ ဗလာချိုဒီမော့စ်၊ မန်တဲလ်လို့စ်၊ ဆီမီကတ်စ်၊ ပဲလ်ကတ်စ် တို့လို အားထားရတဲ့ ကစားသမားကောင်းတွေ များစွာနဲ့ ပွဲထွက်ခဲ့ပြီး ကာဇက်စတန် ကတော့ လူသိပ်မသိတဲ့ ပြည်တွင်း အခြေစိုက် ကစားသမားတွေကိုပဲ အားပြုခဲ့ရပါတယ်။

ဂရိဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ကာဇက်စတန်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ များစွားလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာဇက်စတန် ဘက်က မထင်ရင် မထင်သလို တန်ပြန် တိုက်စစ်နဲ့ ကစားပြီး ဂရိကို ဒုက္ခပေးဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒီအချက်ကပဲ ဂရိ အတွက် စိတ်ကြိုက်ဖြစ်ခဲ့ပြီး ကာဇက်စတန် ဂိုးပေါက်ကို ၅ ဂိုး အထိ သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂရိ အတွက် ဂိုးတွေ ကိုတော့ ဘက်ကာဆီးတပ်စ် (ပင်နယ်တီ)၊ ပဲလ်ကပ်စ်၊ လုန်းနီဒစ်၊ ကာဘယ်လစ်နဲ့ မာရိုကင် (OG) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပွဲအပြီးမှာ ဂရိတို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ဖို့လည်း နီးစပ်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်

ပလေးအော့ဖ် ဗိုလ်လုပွဲ မှာတော့ ဂျော်ဂျီယာနဲ့ ဂရိတို့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပြီး ဒီပွဲ ကလည်း လာမယ့် မတ် ၂၇ ရက် မနက် ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ခြေတက်နေတဲ့ ဂျော်ဂျီယာကို ဂရိတို့ လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်