နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဂျော်ဂျီယာ | ယူရို ၂၀၂၄

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျော်ဂျီယာ ၀၀ ဂရိ (ပင်နယ်တီ ၄)

ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ ၃ ပွဲထဲက အစောဆုံး ပွဲစဉ် အဖြစ် ဂျော်ဂျီယာနဲ့ ဂရိတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တော်တော်လေးလည်း အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် အတွင်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပို ပင်နယ်တီ အထိ ရောက်ရှိခဲ့ပြီး ဂျော်ဂျီယာတို့ ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲ ကစားခွင့်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂျော်ဂျီယာက ၃-၄-၃ အခင်းအကျင်းနဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့တာက လွဲရင် လူဇင်ဘက် ပွဲက လူစာရင်း အတိုင်းနီးပါး ပါဝင်သွားခဲ့ပါတယ်။ မီကော်တာဇီ နေရာမှာ ခါဗရာစခီလီယာ တစ်ဦးတည်းသာ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂရိကတော့ ကာဇက်စတန်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိပဲ ပွဲထွက်လာခဲ့ပြီး ဂျော်ဂျီယာကို အသာစီးနဲ့ ကစားဖို့ ပြင်ဆင်လာခဲ့တာ‌ တွေ့ရပါတယ်။

တကယ်တမ်း ကစားချိန်မှာလည်း ဂရိကပဲ ပွဲစဉ် တစ်လျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂျော်ဂျီယာ ကတော့ အိမ်ကွင်းမှာ ကစားရတာ ဖြစ်ပေမယ့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဂရိဟာ ဘောလုံးပိုင်ဆိုင်မှု ရနေရတာက လွဲလို့‌ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပဲ ဂျော်ဂျီယာ ရဲ့ ၃ ယောက်တန်း ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ဂျော်ဂျီယာ ကတော့ တန်ပြန်တိုက်စစ်နဲ့ ဂရိကို ပြန်လည် တုန့်ပြန်သွားခဲ့ပြီး အမှန်တကယ်လည်း ထိထိရောက်ရောက်နဲ့ ဂရိ ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းစလုံး လိုအပ်နေတဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် အချိန်ပို အထိ ရောက်ခဲ့ပါတယ်။ ပွဲက ပွဲချိန်ကြာလာလေ စိတ်ဝင်စားဖို့ ပိုကောင်းလာလေ ဖြစ်ခဲ့ပြီး ဂျော်ဂျီယာရဲ့ သမိုင်းသစ် ရေးထိုးဖို့ စိတ်အားထက်သန်မှုက ကြောက်မက်ဖွယ်ရာကောင်းခဲ့ပါတယ်။

ဒီလိုနဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ ဘက်မှာတော့ ဂျော်ဂျီယာ ဘက်က မီကော်တာဇီ တစ်ဦးတည်း လွဲချော်ခဲ့ပေမယ့် ဂရိ ဘက်ကတော့ ဘာကာဆီတက်စ်၊ ဂီယာကူမာကစ်တို့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ဂျော်ဂျီယာတို့ ပင်နယ်တီ ရလဒ် ၄-၂ နဲ့ ဂရိကို အနိုင်ရပြီး သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ယူရို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသွာားခဲ့ပါတယ်။ ပွဲအပြီးမှာဆိုရင် ဂျော်ဂျီယာ ဘောလုံး ပရိသတ်တွေဟာ ကွင်းထဲ အထိ ဝင်ရောက်ကာ ကစားသမားတွေနဲ့ အတူ အောင်ပွဲခံခဲ့တာကို မြင်ရတာ ဝမ်းသာစရာ ဖြစ်ပါတယ်။

ဂရိ ကတော့ ယူရို ပြိုင်ပွဲကို ၄ ကြိမ် ခြေစစ်ပွဲ အောင်မြင်ဖူးပြီး ၁၉၈၀ မှာ အုပ်စု အဆင့်၊ ၂၀၀၄ ခုနှစ်မှာ ချန်ပီယံ၊ ၂၀၀၈ မှာ အုပ်စု၊ ၂၀၁၂ ခုနှစ်မှာ ကွာတားဖိုင်နယ်တွေ ရောက်ခဲ့ဖူးတဲ့ အသင်းပါ။ ဒါပေမယ့်လည်း အဲ့ဒီနောက်ပိုင်းက စလို့ ပြိုင်ပွဲ နောက်ဆုံး ၃ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာဟာ ယူရို ၂၀၂၄ မတိုင်ခင် ခြေစမ်းပွဲတွေ ကစားဖို့ ရှိဦးမှာ ဖြစ်ပြီး ဘယ်အသင်းနဲ့ ကစားမလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဂရိဟာ လာမယ့် ဇွန်လ မှာတော့ ဂျာမနီနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်