နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စည်းချက်မညီတဲ့ အင်္ဂလန်ရဲ့ ဘင်သံတွေ ကြားက ယူရို ၂၀၂၀ ဖလားကို ရောမမြေဆီ သယ်ဆောင်သွားတဲ့ အဇူရီများ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ ၁ – ၁ အင်္ဂလန်

(လီယိုနာဒို ဘိုနူချီ ၆၇’)  (လုခ်ရှော ၂’)

(ပင်နယ်တီမှာ ၃-၂ နဲ့ အီတလီ အနိုင်ရ)

“ကျွန်တော် ကံကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ဂီယန်လီဂီ ဘူဖွန်နဲ့ ကစားခဲ့ရတယ်။ အခုတော့ ဂီယန်လီဂီ ဒွန်နာရူးမားနဲ့ ကစားရတယ်လေ။” ဗိုလ်လုပွဲအပြီး အင်တာဗျုးမှာ အီတလီ အသင်းခေါင်းဆောင် ခီလီနီ ပြောခဲ့တာပါ။ အီတလီ ဘောလုံးအသင်းရဲ့ မျိုးဆက် နှစ်ဆက်နဲ့ ဖြတ်သန်းခဲ့တဲ့ အသက် ၃၆ နှစ် အရွယ် ရှေ့မှီ၊ နောက်မှီ ခံစစ်မှူးကြီး ပြောသွားတဲ့ စကားက ပေါ့ပေါ့ပါးပါးလေးပါပဲ။ ဒါပေမယ့် ယူရို ၂၀၂၀ မှာ အီတလီ တို့ရခဲ့တဲ့ အောင်မြင်မှု အတွက်တော့ လေးနက်လွန်းခဲ့ပါတယ်။

ယူရို ၂၀၂၀ မှာ အီတလီတို့ ချန်ပီယံ ဖြစ်လာဖို့ အတွက် အဓိကအကျဆုံး ကစားသမား အဖြစ် ထိပ်ဆုံးက အမွှန်းတင် ဖော်ပြရမယ့် သူက ပင်နယ်တီ ကာကွယ်သူ ဟီးရိုး ဒွန်နာရူးမား ဖြစ်ပါတယ်။ ပြီးရင်တော့ အသင်းရဲ့ ပဲ့ကိုင်ရှင် မန်ချီနီ၊ ခံစစ်ရဲ့ ကျောက်ဆောင်တွေ ဖြစ်တဲ့ ဘိုနူချီနဲ့ ခီလီနီနဲ့ အသင်းရဲ့ အဓိက မောင်နှင်အား ဂျော်ဂျင်ဟို တို့က အဓိက ကျခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျိန်းသေတာက အီတလီ တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားခဲ့လို့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 

ကောက်ရိုးမီး မဟုတ်ခဲ့တဲ့ အဇူရီ

အီတလီဟာ ယူရို ၂၀၂၀ ချန်ပီယံဆုကို ရသင့်တဲ့ အသင်း ဖြစ်သလို တကယ်လည်း ရအောင် ယူသွားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ လျှမ်းလျှမ်းတောက် ကစားသမား တစ်ဦးမှ မပါပါဘူး။ အီတလီဟာ နည်းစနစ် ဗျူဟာပိုင်း ကြွယ်ဝတဲ့ နည်းပြ မန်ချီနီရဲ့ လက်အောက်မှာ လူကြီး၊ လူငယ် အချိုးကျ ဖွဲ့စည်းပြီး ရှုံးပွဲမရှိ၊ ပေးဂိုး မရှိ ဆိုတဲ့ စံချိန်တွေနဲ့ ယူရို ၂၀၂၀ တံခါးကို ခပ်ပြင်းပြင်း ဖွင့်ပြီး ဝင်လာခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် မန်ချီနီရဲ့ အသင်းက ကောက်ရိုးမီး မဟုတ်ခဲ့ပါဘူး။ ဗိုလ်လုပွဲရဲ့ နောက်ဆုံး မိနစ်အထိ တငွေ့ငွေ့နဲ့ လောက်မြိုက်ပြ သွားခဲ့တာက အားရစရာ ကောင်းလွန်းပါတယ်။ အီတလီရဲ့ မူ မပျောက်ခဲ့တဲ့ အတွက် ခံစစ်က ကျစ်လျစ် မာကျောဆဲ ဖြစ်သလို လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်နဲ့ တောင်ပံ တွေကြောင့် အရင်လို နှေးကွေးပြီး ပျင်းရိဖွယ် ကစားဟန်ကို လုံးဝ မမြင်တွေ့ရတော့ပါဘူး။ တိုက်စစ်က တစ်ကိုယ်ကောင်း ကစားသမား တချို့ ရှိတယ် ဆိုပေမယ့် နေရာစုံက ကစားသမားတွေ ဂိုးသွင်းနိုင်တဲ့ အတွက် အီတလီ အတွက် ဂိုးရဖို့ စိတ်ပူစရာ မရှိခဲ့ပါဘူး။
 

လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး လုပ်ခဲ့တဲ့ မန်ချီနီနဲ့ အီတလီ

ဗိုလ်လုပွဲမှာ ပွဲချိန် ၂ မိနစ် ကတည်းက လုခ်ရှောရဲ့ ဦးဆောင်ဂိုးကို မထင်မှတ်ပဲ ခွင့်ပြုလိုက်ရလို့ ပထမပိုင်း တစ်ပိုင်းလုံး ပြာသွားခဲ့ပေမယ့် ဆောက်ဂိတ်ပေးတဲ့ အခွင့်အရေးကို လက်လွှတ်မခံတဲ့ မန်ချီနီဟာ ဘာရယ်လာ၊ အင်မိုဘီလီ တို့ကို ထုတ်ပြီး ခရစ္စတန်တီ၊ ဘာရက်ဒီ တို့နဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲပြီးတဲ့နောက် အီတလီတို့ အင်္ဂလန်ရဲ့ ဂိုးပေါက်ကို စိတ်ကြိုက် တိုက်စစ်ဆင်နိုင်ခဲ့လို့ ပွဲချိန် ၆၇ မိနစ်မှာ လီယိုနာဒို ဘိုနူချီက ချေပဂိုး သွင်းယူပေးခဲ့ ပါတယ်။ အဲ့နောက်မှာ တောင်ပံက ခီယေဇာ ဒဏ်ရာရသွားလို့ ကစားအား ပြန်ကျသွားတာကြောင့်သာ စောစောစီးစီး ပွဲမပြီးခဲ့တာ ဖြစ်သလို အင်္ဂလန်တို့ သက်သာခဲ့ရတာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံး ပင်နယ်တီ ကန်ရတဲ့ အချိန်ထိကို  အီတလီရဲ့ ခြေစွမ်းက စိုးရိမ်စရာ  လုံးဝမရှိတော့ သလို အသင်းကြီး တစ်သင်းပီပီ တည်ငြိမ်စွာနဲ့ပဲ အဆုံးသတ်ပြီး ယူရို ၂၀၂၀ ချန်ပီယံဆုကို ရောမမြေဆီ ဒုတိယအကြိမ်မြောက် သယ်ဆောင်သွားနိုင်ခဲ့ပါတော့တယ်။ အချုပ်အားဖြင့် ဆိုရရင် နည်းပြ ကစပြီး အီတလီ တစ်သင်းလုံး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး လုပ်သွားနိုင်ခဲ့လို့ ယူရို ၂၀၂၀ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ဖလား ကြီးလည်း ရောမမြို့ဆီ ရောက်သွားလောက်ပါပြီ။ အီတလီသားတွေလည်း အောင်ပွဲခံပြီးလို့ ပီတိ အပြုံးတွေနဲ့ အမောဖြေနေလောက်ပါပြီ။ ဒါပေမယ့် လန်ဒန် မှာတော့ ယူရို ၂၀၂၀ အပူမီးတွေ တောက်လောက်နေဆဲပါ။ ဒါတွေ အားလုံးရဲ့ အဓိက တရားခံ ကတော့ နည်းပြ ဆောက်ဂိတ်ပါပဲ။ စာရေးသူရဲ့ အမြင် မဟုတ်ပါဘူး။ ကာယံကံရှင် ဆောက်ဂိတ် ကိုယ်တိုင် ဝန်ခံခဲ့ခြင်း ဖြစ်ပါတယ်။

အခုတော့…၅၅ နှစ်အကြာ ဝေးကွာနေခဲ့တဲ့ အောင်မြင်မှုနဲ့ အနီးဆုံးထိ ရောက်ခဲ့ပြီးမှ ပင်နယ်တီ နာကျင်မှုကို နောက်ထပ် တစ်ကြိမ် ရင်ဝယ်ပိုက်ရင်း နာမည်ကြီး ထမင်းငတ် အင်္ဂလန်တို့ ယူရို ၂၀၂၀ ကို မျက်ရည်စက်တွေနဲ့ပဲ နှုတ်ဆက်ခဲ့ရပြန်ပေါ့…။
ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ယူရို ၂၀၂၀ မှာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အင်္ဂလန််

 

ဆောက်ဂိတ်ရဲ့ ပထမအမှား

အုပ်စု ပွဲစဉ်တွေမှာ ပြောခဲ့ဖူးသလိုပဲ ဆောက်ဂိတ်ဟာ အင်္ဂလန်ရဲ့ ဂုဏ်ကို အမြင့်ဆုံး အထိ အတတ်နိုင်ဆုံး ပြန်ပြီး ဆွဲတင်ပေးနေသူပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဆောက်ဂိတ်ရဲ့ နည်းဗျူဟာက တော်တော်လေးကို နားလည်ရ ခက်ပါတယ်။ ကိုယ့်အသင်းရဲ့ ခံစစ်ကို အယုံလွန် သွားခဲ့တာပဲလား။ ဒါမှမဟုတ် ဦးဆောင်ဂိုး စောစောစီးစီး ရခဲ့လို့ အပျော်လွန်ပြီး မျောနေတာပဲလား။ အီတလီတို့ တပ်ပျက်နေချိန်မှာ နောက်ထပ် ဂိုးတွေသွင်းဖို့ အခွင့်အရေးတွေ ရခဲ့သားနဲ့ ဘာကြောင့်များ မကြိုးစားခဲ့သလဲ ဆိုတာ ဆောက်ဂိတ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ အသိဝင်တဲ့ အချိန်ကျတော့လည်း ပြိုင်ဘက်က ဘာဆိုလား ဆိုတဲ့ ခြေစွမ်းတွေကို တစ်ကွက်ပြီး တစ်ကွက် ထုတ်ပြနေခဲ့ပါပြီ။ အကယ်၍ လုခ်ရှောရဲ့ သွင်းဂိုးသာ ဒီလောက် မစောခဲ့ရင်၊ ဒါမှမဟုတ် ဆောက်ဂိတ်ရဲ့ ဗျူဟာသာ မမှားခဲ့ရင် ပွဲအဖြေ တမျိုးတဖုံ ပြောင်းကောင်း ပြောင်းသွားနိုင်ပါတယ်။
 

မှားပြီးရင်း မှားခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်ဟာ ပင်နယ်တီနဲ့ ပတ်သတ်လာရင် အမြဲတမ်းလိုလို နာကျင်ခဲ့ရတယ် ဆိုတာ ဆောက်ဂိတ် အနေနဲ့ ကစားသမားဘဝမှာ သာမက နည်းပြဘဝ မှာပါ ကိုယ်တိုင် ကြုံဖူးခဲ့ပြီးသားပါ။ ဒါကို ဝေါလ်ကာနဲ့ ဟန်ဒါဆင်လို အတွေ့အကြုံရင့် ကစားသမားတွေကို ထုတ်ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့လို လူငယ်တွေကိုမှ ပင်နယ်တီ ကန်ဖို့ ရွေးချယ်ခဲ့သလဲ ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သက်ဆိုင်ရာ ကလပ်တွေမှာ ပင်နယ်တီ ကန်သွင်းနေကျ မို့လို့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုကို ရွေးချယ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အမြင့်ဆုံး ဖိအားအောက် ရောက်နေချိန်မှာ အတွေ့အကြုံက စကားပြောလို့ စီနီယာတွေကိုပဲ ကန်သွင်းဖို့ ရွေးချယ်ခဲ့သင့်တာပါ။ နောက်ဆုံး အမှား ကတော့  ၁၉ နှစ်သားပဲ ရှိသေးတဲ့ (ရွိုင်းကိန်း ပြောသလို ကလေးပဲ ရှိသေးတဲ့) ဘာကာယို ဆာကာ ကိုမှ ရှိရှိသမျှ ဖိအားတွေ အကုန်ထမ်းခိုင်းပြီး အဆုံးအဖြတ် ပင်နယ်တီ ကန်စေခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အီတလီ ဘက်က ဂျော်ဂျင်ဟို ပင်နယ်တီ မဝင်ခဲ့လို့ အခွင့်အရေး ပြန်ရတဲ့ အချိန်မှာ စတာလင် ဒါမှမဟုတ် လုခ်ရှော နောက်ဆုံး ဂရီးလစ်ရှ်၊ ကယ်ဗင်ဖီးလစ် တို့လို အသက်ငယ်ပေမယ့် တည်ငြိမ်တဲ့ ကစားသမားတွေကို ကန်ခိုင်းခဲ့ရင်တောင် ပွဲအဖြေ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါရဲ့။

အခုတော့…၅၅ နှစ်အကြာ ဝေးကွာနေခဲ့တဲ့ အောင်မြင်မှုနဲ့ အနီးဆုံးထိ ရောက်ခဲ့ပြီးမှ ပင်နယ်တီ နာကျင်မှုကို နောက်ထပ် တစ်ကြိမ် ရင်ဝယ်ပိုက်ရင်း နာမည်ကြီး ထမင်းငတ် အင်္ဂလန်တို့ ယူရို ၂၀၂၀ ကို မျက်ရည်စက်တွေနဲ့ပဲ နှုတ်ဆက်ခဲ့ရပြန်ပေါ့…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်