နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာနဲ့ စိတ်အားထက်သန်မှု လွန်ဆွဲပွဲ (သို့) အီတလီနဲ့ အင်္ဂလန် တို့ရဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ – ပွဲကြိုသုံးသပ်ချက်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ – အင်္ဂလန်

ယူရို ၂၀၂၀ရဲ့ ဇာတ်ရှိန် အမြင့်ဆုံး၊ ရင်ခုန်စရာ အကောင်းဆုံး အခိုက်အတန့်ကို ရောက်ရှိလာခြင်းနဲ့ အတူ နာရီပိုင်း အတွင်းမှာပဲ အီတလီနဲ့ အင်္ဂလန် ဘယ်အသင်းက ဥရောပ ဘုရင်ဘွဲ့ကို ခံယူသွားမလဲ ဆိုတာ အဖြေထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ဘောလုံးကမ္ဘာမှာ ဘရာဇီးလ်နဲ့ ဂျာမနီတို့ ပြီးရင် အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အီတလီ အတွက်က ဥရောပချန်ပီယံဆုကို ဒုတိယအကြိမ် ကိုင်မြှောက်ခွင့်ရဖို့ ကြိုးပမ်းခြင်း ဖြစ်ပြီး နာမည်ကြီးသလောက် ဆုဖလားတွေနဲ့ ခပ်ဝေးဝေးမှာပဲ နေခဲ့ရတဲ့ အင်္ဂလန် အတွက် ကတော့ ဥရောပ ချန်ပီယံရှစ် ဆုဖလား ပထမဦးဆုံး အကြိမ် ကိုင်မြှောက်ခွင့် ရရှိရေး မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့တင် အီတလီ-အင်္ဂလန် ဗိုလ်လုပွဲဟာ တော်တော်လေး ရင်ခုန်စရာ ကောင်းနေသလို အခက်အခဲတွေကြားက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ယူရို ၂၀၂၀ ပြိုင်ပွဲကြီး ဘယ်လို အဆုံးသတ်မလဲ ဆိုတာကို လက်မလွှတ်တမ်း စောင့်ကြည့်အားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဆို ဗိုလ်လုပွဲ မတိုင်ခင် ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်း၊ အားသာချက်/အားနည်းချက်၊ သမိုင်းကြောင်း၊ ထိပ်တိုက်တွေ့ဆုံမှုတွေကို အရင်ဆုံး လေ့လာကြည့်ရအောင်…။

 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (အီတလီ)

အစောပိုင်းမှာ ပြောခဲ့သလိုပဲ အဇူရီ တို့ဟာ ယူရို ၂၀၂၀ မတိုင်ခင် ကနေ လက်ရှိ အချိန်ထိ ဥရောပ ဘောလုံးကောင်းကင်ယံမှာ လေဟုန်စီး ဝဲပျံနေပြီးအချိန်မရွေး အောင်မြင်မှုကို ထိုးသုတ်ဖို့ ဆာလောင်နေသူတွေ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဆိုတာထက် ၂၈ ပွဲနိုင်၊ ၅ ပွဲသရေ ဆိုတာကို ကြည့်ရုံနဲ့ အီတလီတို့ ဘယ်လောက်အထိ စွမ်းဆောင်ရည် ပြည့်ဝနေသလဲ ဆိုတာ သိသာပါတယ်။ နောက်ပြီး ၃၃ ပွဲဆက် ရှုံးပွဲမရှိ ဆိုတဲ့ စံချိန်မှာ ၁ ဂိုးထက် ပိုပေးခဲ့ရတဲ့ ပွဲမရှိခဲ့သလို ဂိုးလုံးဝ မပေးခဲ့ရတဲ့ ပွဲကလည်း ၂၃ ပွဲအထိ ရှိခဲ့ပါတယ်။ အီတလီရဲ့ ကစားကွက်၊ နည်းဗျူဟာပိုင်းကို ကြည့်မယ် ဆိုရင်လည်း အရင်လို ခံစစ်ကို လုံအောင်ပိတ်၊ တိုက်စစ်က သွင်းဂိုး ၁ ဂိုး ရရုံနဲ့ ကျေနပ်၊ ဂိုးမသွင်းနိုင်ရင် ပင်နယ်တီမှာ အနိုင်ယူပြီး ဆုဖလားတွေ သိမ်းပိုက်တတ်တဲ့ အရင်က အီတလီ မဟုတ်တော့ပါဘူး။ အသင်းမှာ စူပါစတား မရှိဘူး ဆိုတာသိထားလို့ ကိုယ့်အသင်းရဲ့ ကံကြမ္မာ၊ ကိုယ့်အသင်းရဲ့ အောင်မြင်မှုကို ကိုယ်တိုင် ထုဆစ်မှ ဖြစ်မယ် ဆိုတာ နားလည် သဘောပေါက်နေတဲ့ အချက်က အီတလီတို့ အတွက် အားရစရာ အကောင်းဆုံး အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါတွေ အားလုံး အတွက် အဓိက ကျခဲ့သူက ရော်ဘတ်တို မန်ချီနီပဲ ဖြစ်ပါတယ်။ မန်ချီနီ ကိုယ်တိုင်လည်း ကလပ်အသင်းတွေမှာ အောင်မြင်မှု ရခဲ့ပြီးတဲ့နောက်မှာ နိုင်ငံ့ လက်ရွေးစင်အသင်းနဲ့ အတူ အောင်မြင်မှု လိုချင်နေတယ် ဆိုတာ သူ့ရဲ့ ဟန်ပန်တွေကို ကြည့်တာနဲ့ သိသာပါတယ်။ ဒါပေမယ့် မန်ချီနီဟာ ပြာတတ်သူ မဟုတ်ဘူး။ တည်ငြိမ်မှု ရှိသလောက် ရိုးရှင်းသူလည်း မဟုတ်ပြန်ပါဘူး။ ပွဲမစခင်ရော၊ ပွဲချိန်အတွင်းမှာ အပြည့်အဝ အာရုံစိုက်တတ်သလို အမြဲတမ်း တွေးတောနေသူ ဖြစ်ပါတယ်။ နောက်ပြီး ပရိယာယ်များတယ်။ ဝှက်ဖဲတွေ ထုတ်သုံးတတ်တယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ နိုင်ပွဲရအောင် ယူဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။

အီတလီနဲ့ ပတ်သတ်ရင် လက်ရှိမှာ အားသာချက်တွေပဲ အများဆုံး ပြောနေရပေမယ့် အားနည်းချက် လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ အီတလီ ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ခီလီနီနဲ့ ဘိုနူချီတို့ နှစ်ဦးပေါင်း အသက်က ၇၀ ရှိနေတဲ့ အချက် တိုက်စစ်လမ်းကြောင်း အတွက် အဓိကအကျဆုံး စပင်နာဇိုလာ မပါဝင်နိုင်တဲ့ အချက်၊ တိုက်စစ်က အင်မိုဘီလီရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ တစ်ပွဲနဲ့ တစ်ပွဲ မျက်လှည့်ပြနေတဲ့ လော်ရန်ဇို အင်ဆစ်ဂ်ညီရဲ့ ခြေစွမ်း စတာတွေက အီတလီရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ကို့ယို့ကားယား နိုင်သွားစေနိုင်တဲ့ အရာတွေပါပဲ။ ဒါတွေ အားလုံးထက် အရေးကြီးဆုံး အချက်က အီတလီဟာ အရင် အီတလီ မဟုတ်တော့သလိုပဲ အင်္ဂလန်ကလည်း အရင်က အင်္ဂလန် မဟုတ်တော့တာ ဖြစ်ပါတယ်။ ကျိန်းသေတာက အင်္ဂလန်ဟာ အီတလီတို့ ဖြတ်သန်းခဲ့သမျှ ပြိုင်ဘက်တွေ အားလုံးထက် ပိုပြီး ခက်ခဲမယ့် အသင်း ဖြစ်နေတာပါပဲ။

လက်ရှိယူရို၂၀၂၀အုပ်စုနောက်ဆုံးပွဲစဉ်မှာချက်ကိုအနိုင်ရတဲ့အချိန်ထိအင်္ဂလန်ကိုမမျှော်လင့်ခဲ့ပေမယ့်ဂျာမနီနဲ့ရှုံးထွက်ပွဲစဉ်မှာဆောက်ဂိတ်ရဲ့ဗျူဟာ၊ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုစပြီးသတိပြုမိခဲ့မိပါပြီ။
ယူရို ၂၀၂၀ မှာသမိုင်းတစ်လျှောက် အကောင်းဆုံးခြေစွမ်း၊ စုဖွဲ့မှု၊ ယုံကြည်ချက်တွေပိုင်ဆိုင်ထားတဲ့ အင်္ဂလန်

 

ဖြတ်သန်းမှုနဲ့ အားသာချက်/အားနည်းချက် (အင်္ဂလန်)

အီတလီ အကြောင်း ပိုးစိုးပက်စက် ညွှန်းပြီးတဲ့နောက်မှာ အင်္ဂလန် အကြောင်း ဆက်ညွှန်းပါဦးမယ်။ စာရေးသူ အတွက် အင်္ဂလန် ဆိုတာ ရင်းနှီးတာထက် ပိုတဲ့ အသင်းတစ်သင်း ဖြစ်တယ်။ စာရေးသူတို့ တစ်မိသားစုလုံး အင်္ဂလန်ကို အားပေးပါတယ်။ သူတို့ အတွက် အင်္ဂလန်ကို အားပေးရခြင်း အကြောင်းပြချက် ကိုယ်စီ ရှိနိုင်ပေမယ့် ကိုယ့်အတွက် ကတော့ အင်္ဂလန်ဟာ အရင်းနှီးဆုံး ရှိခဲ့ပေမယ့် အားပေးဖို့အထိ လုံလောက်တဲ့ ကြိုက်နှစ်သက်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ (အားပေးခဲ့မိရင်လည်း အမြဲတမ်း ကြေကွဲခဲ့ရမှာ အသေအချာပါပဲ)။ ဒါပေမယ့်… လက်ရှိ ယူရို ၂၀၂၀ မှာတော့ အင်္ဂလန်ဟာ ဗန်းစကားနဲ့ ဆိုရရင် အတည်ပေါက်တွေ လုပ်ပြနေပါပြီ။ အားမပေးခဲ့ဘူးပေမယ့် အင်္ဂလန် ကစားခဲ့တဲ့ ပွဲအားလုံးနီးပါး ကြည့်ခဲ့ဘူးတဲ့ စာရေးသူရဲ့ သက်တမ်းတစ်လျှောက် အင်္ဂလန်ရဲ့ လက်ရှိ ခြေစွမ်း ကတော့ အကောင်းတကာ့ အကောင်းဆုံးပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆောက်ဂိတ်ရဲ့ အသင်းက ဆီမီးဖိုင်နယ် အထိ တက်ခဲ့သလို နေးရှင်းလိဂ်မှာ တတိယရခဲ့တဲ့ အထိကို အင်္ဂလန်ရဲ့ ခြေစွမ်းကို လုံးဝ အထင်မကြီးခဲ့ပါဘူး။ လက်ရှိ ယူရို ၂၀၂၀ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ချက်ကို အနိုင်ရတဲ့ အချိန်ထိ အင်္ဂလန်ကို မမျှော်လင့်ခဲ့ပေမယ့် ဂျာမနီနဲ့ ရှုံးထွက်ပွဲစဉ်မှာ ဆောက်ဂိတ်ရဲ့ ဗျူဟာ၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စပြီး သတိပြုမိခဲ့မိပါပြီ။လွယ်ကူတဲ့ ပြိုင်ဘက်လို့ ပြောနိုင်ပေမယ့် ယူကရိန်းနဲ့ ကွာတားဖိုင်နယ်မှာ ကစားသမားရဲ့ တည်ငြိမ်မှု၊ ကစားပုံ ကျစ်လျစ်မှု၊ လျင်မြန်မှုတွေက စာရေးသူ အတွက် မျက်စိကျစရာ ဖြစ်ခဲ့သလို ဒိန်းမတ်လို့ စိတ်ဓာတ်ပိုင်းရော နည်းဗျူဟာ လိုက်လျောညီထွေမှု ရှိရှိ ကစားနိုင်တဲ့ အသင်းကို ကျော်ဖြတ်ပြခဲ့တဲ့ အင်္ဂလန်ကို ဒီနှစ် ယူရိုမှာ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်တယ် လို့တောင် ချီးကျူးမိခဲ့ပါတယ်။ တကယ်ပဲ အင်္ဂလန်တို့ ချန်ပီယံ ဖြစ်နိုင်မလား။ ဗိုလ်လုပွဲ ရောက်တဲ့ အချိန်ထိ တိုင်အောင် သေချာပေါက် မပြောရဲသေးပါဘူး။ တစ်ဖက်က ပြိုင်ဘက် အီတလီ ကလည်း ခေသူ မဟုတ်တာထက် ပိုတဲ့ ခြေစွမ်းရှိနေလို့ပါပဲ။

အင်္ဂလန်ရဲ့ အားနည်းချက် ဆိုပြီး ပြောဖို့က ခက်ပါတယ်။ ဝင်ဘလေ မှာ ကစားရတဲ့ ဗိုလ်လုပွဲ ဖြစ်လို့ အိမ်ရှင် ပရိသတ်အား ကလည်း ရှိနေပြန်ပါတယ်။ ကစားအားချင်း ယှဉ်ရင်လည်း အီတလီ ထက် သာနေသလို ခံစစ်က ပြိုင်ပွဲ တစ်လျှောက်လုံး ပြီးခဲ့တဲ့ ဒိန်းမတ်နဲ့ ပွဲမှာပဲ ၁ ဂိုး ပေးခဲ့ရတယ်။ ကွင်းလယ်က ကယ်ဗင်ဖီးလစ်၊ ဒစ်ကလန်ရိုက်စ်တို့  အကောင်းဆုံး ပုံစံမှာ ရှိနေသလို တိုက်စစ်မှာ ဂိုးသွင်းခြေရနေတဲ့ ကိန်း၊ တောင်ပံက စတာလင်၊ ဆာကာ ဒါမှမဟုတ် ဆန်ချို၊ ဂရီးလစ်ရှစ်။ ဘယ်ကစားသမားကို သုံးသုံး၊ အင်္ဂလန် ဟာ အဘက်ဘက်က တောင့်တင်းလွန်းနေတယ်။ တစ်ချက်ရှိတာက ယူရိုမှာ အိမ်ရှင်အသင်းတွေ ချန်ပီယံ ဖြစ်ခဲ့သလား ဆိုတာပါ။ ယူရို ၈၄ မှာ အိမ်ရှင် ပြင်သစ် တို့ ချန်ပီယံ ဖြစ်ခဲ့ဖူးတာက လွဲရင် ကျန်တဲ့ ယူရို ပြိုင်ပွဲတွေမှာ အိမ်ရှင်တို့ အခြေအနေ မလှပခဲ့ပါဘူး။ အနီးစပ်ဆုံး ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ အကောင်းဆုံး စုဖွဲ့မှု၊ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အိမ်ရှင် ပြင်သစ်တို့ မထင်မှတ်တဲ့ အနေအထားတွေ ကနေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာကို ကြည့်ခြင်းအားဖြင့် အိမ်ရှင် အားသာချက် ရှိနေရုံနဲ့ ချန်ပီယံဖြစ်ဖို့ ကျိန်းသေပေါက် တွက်ဆထားလို့ မရတာ အသိသာကြီးပါ။
 

ကစားကွက် အခင်းအကျင်းနဲ့ လက်ရှိ ခြေစွမ်း

လက်ရှိ ခြေစွမ်းအရ အီတလီဟာအင်္ဂလန်ထက်သာတဲ့ အချက်က နည်းပါတယ်။ ဒါပေမယ့် ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်၊ ယူရို ချန်ပီယံ ၁ ကြိမ် ရရှိထားတဲ့ အီတလီဟာ အောင်ပွဲတွေနဲ့ ရင်းနှီးပြီးသား ဖြစ်သလို ဗိုလ်လုပွဲ အတွေ့အကြုံမှာ အင်္ဂလန် ထက် အသာကြီးပါ။ အင်္ဂလန်ဟာ ကစားအား ကောင်းတယ်။ လျင်မြန်တယ်။ ဆောက်ဂိတ်ရဲ့ ဗျူဟာ အောက်မှာ အသားကျနေတယ် ဆိုပေမယ့် အီတလီဟာလည်း တည်ငြိမ်တယ်။ အသက်ကြီးလာလေ ပိုကောင်းလာလေလို့ ပြောရမယ့် ခံစစ်၊ ဘာရယ်လာ၊ ဗာရက်တီ၊ ဂျော်ဂျင်ဟို တို့ရဲ့ လုပ်အားနှုန်း ကောင်းလွန်းတဲ့ ကွင်းလယ်က အင်္ဂလန်ကို ကောင်းကောင်း ထိန်းချူပ် ကစားသွားနိုင်စွမ်း ရှိတယ်။ အင်္ဂလန် အတွက် မျှော်လင့်ရမှာက ပြိုင်ပွဲ အတွေ့အကြုံနည်းတဲ့ အီမာဆင်နဲ့ အမှားတချို့ လုပ်တတ်တဲ့ ဒီလော်ရန်ဇို တို့ရဲ့ ခံစစ်အစွန် နေရာတွေကနေ ထိုးဖောက်နိုင်ဖို့ပါပဲ။ ကျိန်းသေတာက အီတလီ အနေနဲ့ ၄-၃-၃ ကစားကွက် ကိုပဲ အသုံးပြုလာနိုင်ပြီး အင်္ဂလန် ကတော့ ခံစစ် ၃ ဦးနဲ့ ကစားမလား ပုံမှန်အတိုင်း ၄ ဦးနဲ့ပဲ ရင်ဆိုင်မလား ဆိုတာ ဆောက်ဂိတ်ရဲ့ ဗျူဟာ အပေါ် မူတည်ပါတယ်။ ကွင်းလယ်ချင်း ယှဉ်ရမယ့် ပွဲလို့လည်း ထင်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ၂၇ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အီတလီက ၁၀ ကြိမ် နိုင်၊ အင်္ဂလန်က ၈ ကြိမ်နိုင်၊ ၉ ကြိမ် သရေကျထားခဲ့ပါတယ်။ ထူးထူးခြားခြား အီတလီနဲ့ အင်္ဂလန်တို့ ပြိုင်ပွဲကြီး ၂ ခုမှာ တွေ့ဆုံခဲ့ဖူးပါတယ်။ ၂၀၁၂ ယူရို ကွာတားဖိုင်နယ် အဆင့်မှာ မိနစ် ၉၀ ပြည့်ချိန် အထိ ဂိုးမရှိ သရေကျနေခဲ့လို့ အချိန်ပို၊ ပင်နယ်တီ တွေအထိ ကစားခဲ့ရတာပါ။ အီတလီက ပင်နယ်တီ မှာ ၂-၄ နဲ့ အနိုင်ရပြီး ကျော်ဖြတ်နိုင်ခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု အဆင့် မှာလည်း အီတလီ က ၁-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့နောက်ပိုင်း ခြေစမ်းပွဲ ၂ ပွဲ ကစားခဲ့ရာမှာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်တွေပဲ ထွက်ပေါ်ထားခဲ့တာ တွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အီတလီ – အင်္ဂလန် 1X2 သရေ @ ၃.၀၀
ဇူလိုင်လ၁၂ရက်, ည၁:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအီတလီ အတွက်  ၃.၁၀ ဆနဲ့အင်္ဂလန် အတွက်၂.၆၂ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၀၀ ဆ ကြေးဖွင့်ထားတာတွေ့ရပါတယ်။ ကြေးဖွင့်ထားချက်အရ သိပ်ပြီး မကွာလှသလို ခြေစွမ်းပိုင်းအရလည်း ခန့်မှန်းရ ခက်လှပါတယ်။ အထက်မှာ တော်တော်များများ ပြောခဲ့ပြီးပြီ ဖြစ်လို့ အနိုင်အရှုံးကို တည့်ပဲ ခန့်မှန်းရမယ် ဆိုရင် မိနစ် ၉၀ အတွင်း သရေရလဒ်ကို ရွေးချယ်တာက ပိုပြီး ပျော်ရွှင်ရမယ် ထင်ပါတယ်။ ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ဆိုရင်တော့ အဘက်ဘက်က အားအင်အပြည့်နဲ့ ကြိုးစားနေတဲ့ အင်္ဂလန်ကို သူတို့အတွက် ပထမဦးဆုံး ဥရောပ ချန်ပီယံဆု ရသွားစေချင်ပေမယ့် အတွေ့အကြုံ၊ တည်ငြိမ်မှု အပိုင်းမှာ သာတဲ့ အီတလီ တို့ပဲ ချန်ပီယံ ဖြစ်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်