နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲက ခက်ခဲနိုင်ကြောင်း ညီးတွားခဲ့တဲ့ တူချယ် | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒဏ်ရာ ပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အခက်တွေ့နိုင်တယ်လို့ ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ တူချယ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ညီးတွား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ဖရန်ဖတ် အသင်းနဲ့ကစားခဲ့ရပြီး နှစ်ဂိုး တစ်ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ကွင်းလယ်လူ ကွန်ရက်ဒ် လိုင်မာနဲ့ နောက်ခံလူ ဒီလစ်ဂျ် တို့ဟာ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ ပွဲအပြီး မှာတော့ တူချယ်က Laimer ဟာ ခြေချင်းဝတ် လိမ်သွားခဲ့ပြီး ဒီလစ်ဂျ် ကတော့ ဒူးအရွတ် ဒဏ်ရာ ရရှိခဲ့တာကြောင့် သူတို့ နှစ်ဦးဟာ ဒီကနေ့ ညမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပွဲအမှီ ပြန်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျမဲလ် မူဆီအာလာ ကလည်း ဒူးဒဏ်ရာကြောင့် နောက်ဆုံး နှစ်ပွဲဆက် လွဲချော်ထားတာ ဖြစ်ပါတယ်။ တူချယ်က “မူဆီအာလာ ဟာ ပွဲအလွန် ကစားချင်နေပြီး ကျွန်တော်လည်း သူ့ကို ကစားစေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက် ကတော့ နာကျင်မှု ဒဏ်မခံစားရပေမယ့် မနေ့က ပြန်လည် ခံစားခဲ့ရတာကြောင့် လေ့ကျင့်ရေး အစီအစဉ်ကို ရပ်နားလိုက်ရပါတယ်” လို့ ပြောကြားထားပါတယ်။ ဒါကြောင့် မူဆီအာလာ ကလည်း ရီးရဲလ်နဲ့ ပွဲကို လွဲချော်ဖို့ များနေတာ ဖြစ်ပါတယ်

ဒါ့အပြင် အူပါမီကာနို၊ ဆာနေးနဲ့ ဆာ့ဂျ် ဂနာဘရီ တို့ကလည်း ပွဲထွက် လူစာရင်းမှာ ပါဝင်လာနိုင်ဖို့ မသေချာပေမယ့် ပွဲမတိုင်ခင်တော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာမယ်လို နည်းပြ ဖြစ်သူက ယုံကြည်နေပါတယ်။ ဒါ့အပြင် ကင်စလေ ကိုမန်နဲ့ Sacha Boey တို့ကတော့ ပွဲအမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ မဖြစ်နိုင်သလို ဘွန်နာ ဆားနဲ့ ဘွတ်ချ်မန်း တိုကတော့ ရာသီကုန်ထိ အနားယူနေရဦးမှာ ဖြစ်ပါတယ်။

တစ်ဖက်က ရီးရဲလ်မက်ဒရစ် အသင်း ဘက်မှာတော့ နောက်ခံလူတွေ ဖြစ်ကျတဲ့ ဒေးဗစ် အလာဘာ၊ ဖာလန်း မန်ဒီနဲ့ သီဘောက် ကော့တွာစ် တို့ သေချာပေါက် လွဲချော်ဖို့ ရှိပြီး အားထားရတဲ့ တိုက်စစ်မှူး ရိုဒရီဂို ကတော့ ပွဲအမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနိုင်ချေ ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်းအရ ဆိုရင် ဘေယန်မြူးနစ်ရဲ့ ဂိုးပေါက်ကို မန်ဝဲလ် နော်အာပဲ စောင့်ကြပ်လာဖို့ ရှိပြီး ဗဟိုခံစစ် မှာတော့ ကင်မင်ဂျေးနဲ့ ဒိုင်ယာတို့ တွဲဖက် ပွဲထွက်လာဖို့ ရှိနေပါတယ်။ Full Back တွေ အဖြစ် အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ ကင်မစ်ချ် တို့ကို အသုံးပြုလာနိုင်ပါတယ်။ ကွင်းလယ် မှာတော့ ဂိုရက်ဇ်ကာ၊ ပက်ဗ်လိုဗစ်၊ မူဆီအာလာ၊ တောင်ပံ နှစ်ဖက်မှာ ရာဖေးလ် ဂွာရဲရိုး၊ သောမက်စ် မူလာနဲ့ တိုက်စစ် မှာတော့ ဟယ်ရီကိန်းပဲ ဦးဆောင်လာဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ လူနင်၊ ရူဒီဂါ၊ ချူအာမန်နီ၊ ဗက်ဇ်ကွက်ဇ်၊ မန်ဒီ၊ ကာမာဗင်ဂါ၊ ခရူးစ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ ပါဝင်လာဖို့ ရှိပါတယ်။

ဘွန်ဒက်စ်လီဂါမှာ သူတို့ ၁၁ နှစ်ကြာ အုပ်စိုးနိုင်ခဲ့မှု ရပ်တန့်သွားခဲ့ရတဲ့ ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ အပြည့်အဝ အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီအကုန်မှာ ဂျာမန် ထိပ်သီး ကလပ်နဲ့ လမ်းခွဲတော့မယ့် သောမက်စ် တူချယ် အနေနဲ့လည်း ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ရယူသွားချင်တဲ့ သဘော ရှိနေပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဘုရင်ကြီးနဲ့ တွေ့ဆုံနေလို့ ခက်ခဲနိုင်ပေမယ့် အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွေမှာ ၈ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဘေယန်မြူးနစ်က ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၅ ကြိမ် နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ဗိုလ်လုပွဲ တက်ခဲ့သလို ဖိုင်နယ်မှာလည်း လစ်ဗာပူးလ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်