နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ – ဂုဏ်သိက္ခာ အတွက် ကြေးတံဆိပ်ဆု အရယူဖို့ ကြိုးစားလာမယ့် ဂျပန်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မက္ကဆီကို – ဂျပန်

 
ဩဂုတ်လ ၆ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ညနေ ၅:၃၀ နာရီ။
၂၀၂၀ အိုလံပစ် အမျိုးသားဘောလုံး ပြိုင်ပွဲ တတိယနေရာလုပွဲ အဖြစ် လာမယ့် ဩဂုတ်လ ၆ ရက်နေ့မှာ အိမ်ရှင် ဂျပန်နဲ့ မက္ကဆီကိုတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ လက်ရှိ ၂၀၂၀ အိုလံပစ် အုပ်စု အဆင့်မှာ တွေ့ဆုံထားခဲ့ပြီး အိမ်ရှင် ဂျပန်က ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပေမယ့် မက္ကဆီကိုရဲ့ ခြေစွမ်း ကလည်း လျှော့တွက်လို့ မရတာကြောင့် ကြေးတံဆိပ်ဆု လုပွဲ ကလည်း ကျိန်းသေပေါက် ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာ သေချာပါတယ်။ 
 

လက်ရှိ ခြေစွမ်း

မက္ကဆီကို ကလည်း ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ဆုကို မျှော်လင့်နိုင်တဲ့ ခြေစွမ်းမျိုး ရှိခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ကြေးတံဆိပ်ဆုနဲ့ပဲ ဖြေသိမ့်ဖို့ ကြိုးစားရတော့မယ့် အသင်းပါ။
မျှော်လင့်ချက် ကိုယ်စီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမယ့် မက္ကဆီကိုနဲ့ ဂျပန်

အိမ်ရှင်ဆိုတဲ့ အချက်ကို ခဏထားပြီး ခြေစွမ်းအရ ကြည့်မယ် ဆိုရင်တောင် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင် ဂျပန် ယူ-၂၃ အသင်းရဲ့ စွမ်းဆောင်ရည်က အားရစရာပါ။ အုပ်စု (၄) အုပ်စုမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ကွာတားဖိုင်နယ်ကို တက်လာတဲ့ အသင်း ဆိုလို့ ဂျပန်သာ ရှိပါတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ တောင်အာဖရိကကို ၁-၀၊ မက္ကဆီကိုကို ၂-၁၊ ပြင်သစ်ကို ၄-၀ ရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာ နယူးဇီလန်ကို ခက်ခက်ခဲခဲ ကစားပြီးမှ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကျော်ဖြတ်ခဲ့ရသလို ဆီမီးဖိုင်နယ်မှာ ရေပန်းအစားဆုံး စပိန်နဲ့ တွေ့ဆုံခဲ့လို့ ကြေးတံဆိပ်ဆု လုရဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အကောင်းဆုံး စုဖွဲ့မှု ရှိနေတဲ့ ဂျပန်ဟာ ပြိုင်ဘက်တိုင်းကို သူတင်ကိုယ်တင် ကစားနိုင်ဆဲ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ စပိန်ကို မိနစ် ၁၂၀ အထိ ကစားခဲ့ပြီး အက်ဆန်ဆီရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုး ကြောင့်သာ ဂျပန်တို့ ရွှေတံဆိပ်ဆု အိမ်မက် ပျက်ဆီးခဲ့ရတာ ဖြစ်ပါတယ်။ ဆာကိုင်း၊ မာယာ ယိုရှီဒါ၊ အီတာကူရာ၊ နာကာယာမာ၊ တိုမီယာဆု ရှိနေတဲ့ ခံစစ်က တည်ငြိမ်ပြီး မာကျောသလို အန်ဒို၊ တာနာကာ တို့ရဲ့ ကွင်းလယ် ကလည်း တိုက်စစ်နဲ့ ခံစစ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနေတာ တွေ့ရပါတယ်။ ဟာတာတေ၊ ဒိုအန်တို့ရဲ့ လျင်မြန်တဲ့ တောင်ပံတွေ အပြင် ဂျပန် မက်ဆီ ဆိုပြီး နာမည်ကြီးနေတဲ့ ကူဘို ကလည်း ပြိုင်ပွဲ တစ်လျှောက်လုံးမှာ အကောင်းဆုံး‌ တောက်ပပြ နေပါတယ်။ ဂျပန်ရဲ့ အဓိက အားနည်းချက်က အထောင် တိုက်စစ်နေရာ ဖြစ်ပါတယ်။ ယူအီဒါ၊ ဟာယာရှီ တို့လို လူငယ်တွေ အနေနဲ့ ကစားအား ကောင်းပေမယ့် တကယ်တမ်း အဆုံးအဖြတ် ဆိုတဲ့ အချိန်မျိုးမှာ ပွဲအဖြေကို ပြောင်းလဲပေးဖို့ အတွေ့အကြုံ နုနယ်လွန်းနေတာ တွေ့ရပါတယ်။ ယူ ၂၃ အသင်းရော၊ လက်ရွေးစင် အသင်းကြီးကိုပါ ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြ မိုရီယာဆု ကတော့ အခုပွဲ မှာလည်း သူ့စိတ်ကြိုက် ၄-၂-၃-၁ ကစားကွက် နဲ့ပဲ ပွဲထွက်လာဖို့ ရှိပြီး သေချာတာ ကတော့ သူ့ရဲ့ ကစားသမားတွေကို ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အတူ ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေး ကစားနိုင်ဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။

မက္ကဆီကို ကလည်း ၂၀၂၀ အိုလံပစ် ရွှေတံဆိပ်ဆုကို မျှော်လင့်နိုင်တဲ့ ခြေစွမ်းမျိုး ရှိခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ကြေးတံဆိပ်ဆုနဲ့ပဲ ဖြေသိမ့်ဖို့ ကြိုးစားရတော့မယ့် အသင်းပါ။ ပြသနာက ကြေးတံဆိပ်လုပွဲမှာ အုပ်စု ပွဲမှာတုန်းက ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင် ဂျပန်နဲ့ပဲ ထပ်မံ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ တကယ်တမ်းက ဂျပန်ကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် မက္ကဆီကိုတို့ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အရေးကြီးတဲ့ အချိန်မှ ကစားသမား တစ်ယောက်သာ အထုတ် မခံခဲ့ရဘူး ဆိုရင် အိမ်ရှင်ကို အနိုင်ယူနိုင်စွမ်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုက ဆုတံဆိပ် တစ်ခု အတွက် အဆုံးအဖြတ်ပွဲ ဖြစ်နေတာကြောင့် နည်းပြ ဂျေမီ လိုဇာနို အနေနဲ့ ပထမအကျော့ ကလိုပဲ တွက်ဆထားရင်တော့ ကျိန်းသေပေါက် မှားသွားနိုင်ပါတယ်။ ပြိုင်ဘက်ဟာ အိမ်ရှင် ဖြစ်သလို စိတ်ဓာတ် မာကျောပြီး ကစားရခက်တဲ့ အသင်း ဖြစ်နေတာ ပြီးခဲ့တဲ့ ပွဲတွေကထက် ပိုပြီးတောင် အာရုံစိုက်ထားဖို့ လိုပါလိမ့်မယ်။ လက်ရှိ ကစားပုံ အရတော့ မက္ကဆီကို အတွက် ၄-၁-၂-၃ ထက် ၄-၃-၃ က ပိုပြီး အလုပ်ဖြစ်နေလို့ တောင်ပံတွေ ကနေ တိုက်စစ်ကို တိုက်ရိုက် ပံ့ပိုးပြီး အရမ်းအမောင်း အားသာချက်နဲ့ ဂျပန် နောက်တန်းကို ခြိမ်းခြောက် ကစားစေမယ့် သဘော ရှိပါတယ်။ ပြီးခဲ့တဲ့ ဘရာဇီးလ်၊ တောင်ကိုရီးယားတို့နဲ့ ပွဲတွေက ခြေစွမ်းအတိုင်း ကစားမယ် ဆိုရင်တောင် မက္ကဆီကိုတို့ ဂျပန်ကို အနိုင်ယူလို့ ရတဲ့ အခြေအနေမှာ ရှိလို့ အတတ်နိုင်ဆုံး အမှားနည်းဖို့ပဲ လိုအပ်ပါတယ်။ လက်ရွေးစင် အသင်းကြီး က ကွန်ကာကပ်ဖ် ရွှေဖလားမှာ ဒုတိယဆုနဲ့ပဲ ကျေနပ်ထားရတာကြောင့် လူငယ် အသင်း အနေနဲ့ တတ်နိုင်သမျှ ၂၀၂၀ အိုလံပစ် ကြေးတံဆိပ်ဆုကို အရယူပြီး အိမ်ပြန်နိုင်ဖို့ မျှော်လင့်ထားမှာ သေချာပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှု

 

 
အစောက ပြောခဲ့သလိုပဲ ၂၀၂၀ အိုလံပစ် အုပ်စု အဆင့်မှာ တွေ့ဆုံထားပြီး ဂျပန်က ၂-၁ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၂ လန်ဒန် အိုလံပစ် ဆီမီးဖိုင်နယ် မှာတုန်း ကလည်း တွေ့ဆုံခဲ့ဖူးပြီး မက္ကဆီကိုတို့ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မှတ်မှတ်ရရ အဲ့ဒီပြိုင်ပွဲမှာပဲ မက္ကဆီကို တို့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အိုလံပစ် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ 
 

ခန့်မှန်းရလဒ် : မက္ကဆီကို ၀ – ၁ ဂျပန် 

ဒီနှစ် အိုလံပစ်မှာ မက္ကဆီကို ရော၊ ဂျပန်ရော နှစ်သင်းလုံးကို သဘောကျနေတဲ့ အတွက် ခန့်မှန်းရ ခက်ပါတယ်။ ခြေညီတဲ့ နှစ်သင်း ကစားကြမယ့် ပွဲဖြစ်လို့ ထုံးစံအတိုင်း ပွဲချိန် ရှည်ဦးမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ နိုင်လိုစိတ်နဲ့ အတူ အားစိုက်မှု နည်းနည်းလေး ပိုသာသွားနိုင်တဲ့ ဂျပန် ကိုပဲ အားပေးချင်ပါတယ်။ အိမ်ရှင်လည်း ဖြစ်နေတာကြောင့် ဂုဏ်သိက္ခာ အရ ဂျပန်တို့ပဲ ကြေးတံဆိပ်ဆုကို မဖြစ်မနေ အရယူသွားမယ်လို့ ထင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်