နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ – ဂျပန်နဲ့ မက်ဆီကိုတို့ ကွာတားဖိုင်နယ် တက်မယ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျပန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံး ပြိုင်ပွဲ ကတော့ အုပ်စု‌ နောက်ဆုံး ပွဲစဉ်တွေ အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (A) မှာတော့ အိမ်ရှင် ဂျပန်နဲ့ အတူ မက္ကဆီကို၊ ပြင်သစ်၊ တောင်အာဖရိက ယူ-၂၃ အသင်းတွေ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

လက်ရှိ အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲလုံး အနိုင်ရထားတဲ့ ဂျပန် အသင်း ကတော့ ရမှတ် ၆ မှတ်နဲ့ ကွာတားဖိုင်နယ် တက်ဖို့ သေချာသလောက် ရှိနေခဲ့ပြီး ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားတဲ့ မက္ကဆီကို အသင်း ဟာလည်း ဂိုးကွာခြားချက် အရ နောက်တစ်ဆင့် အတွက် အခြေအနေ ကောင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ ပြင်သစ် ကတော့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အိမ်ရှင် ဂျပန်နဲ့ တွေ့ဆုံနေလို့ ခက်ခက်ခဲခဲ ကစားရမယ့် အပြင် အနိုင်ရခဲ့ရင်တောင် မက္ကဆီကိုနဲ့ တောင်အာဖရိက ပွဲရလဒ်ကို ကြည့်ရဦးမှာ ဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့ ရာခိုင်နှုန်း တော်တော်လေး နည်းနေပါတယ်။ တောင်အာဖရိက အသင်း ကတော့ မျှော်လင့်ချက် မရှိတော့လို့ ဂုဏ်သိက္ခာ အတွက်ပဲ အုပ်စု နောက်ဆုံးပွဲကို ကစားရတော့မှာ ဖြစ်ပါတယ်။
 

ပြင်သစ် – ဂျပန်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ)

၂၀၂၀ အိုလံပစ် မှာ အိမ်ရှင် ဂျပန်တို့ မက္ကဆီကို၊ ပြင်သစ် အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် နောက်တစ်ဆင့် တက်ဖို့ ရုန်းကန်ရမယ်လို့ အားလုံးက ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယိုရှီဒါ၊ အန်ဒို၊ ဆာကိုင်း တို့ရဲ့ ဦးဆောင်မှုနဲ့ အတူ ကူဘို၊ တာနာကာ၊ ဒိုအန်၊ မီယိုရှီ၊ အီတာကူရာ၊ နာကာယာမာ တို့လို ဥရောပ အခြေစိုက် လူငယ် ကစားသမားတွေရဲ့ တောက်ပမှုကြောင့် လက်ရှိမှာ ကွာတားဖိုင်နယ် တက်ဖို့ သေချာသလောက် ရှိနေခဲ့ပါပြီ။ အဖွင့် ပွဲစဉ်မှာ ဂျပန်တို့ တောင်အာဖရိကကို ပွဲချိန် ၇၁ မိနစ် ရောက်မှ ကူဘို သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ပြိုင်ဘက်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး စပိန်ကို သရေကစားနိုင်ခဲ့တဲ့ ဂျပန်တို့ တည်ငြိမ်၊ ထက်မြက်တဲ့ ခြေစွမ်းကို ဆက်ပြီး ထိန်းထားနိုင်တယ်လို့ပဲ ဆိုရမှာပါ။ ဒုတိယပွဲမှာ မက္ကဆီကို ကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ပထမပိုင်း မှာတင်ပဲ ကူဘို၊ ဒိုအန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ချက်ရှိတာက မက္ကဆီကို ကစားသမားတွေရဲ့ အဆုံးသတ် အားနည်းမှုနဲ့ ပွဲချိန် ၆၈ မိနစ်မှာ နောက်ခံလူ ဗက်စ်ကွက်ဇ် အနီကတ်ပြ ထုတ်ပယ်ခံရမှုကြောင့် ဂျပန်တို့ ကံကောင်းခဲ့တာလည်း ပါပါတယ်။ ဘာပဲပြောပြော ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်၊ ဂိုးကွာခြားချက် +၂ ရှိနေတဲ့ ဂျပန်တို့ ပြင်သစ်ကို သရေကစားနိုင်ရုံနဲ့ အုပ်စု ပထမ ရရှိမှာ ဖြစ်တာကြောင့် ကျိန်းသေပေါက် အားစိုက် ကစားလာပါလိမ့်မယ်။

၁၉၈၄ လော့စ်အိန်ဂျလိစ် အိုလံပစ်မှာ ရွှေတံဆိပ် တစ်ကြိမ် ရဖူးတဲ့ ပြင်သစ်တို့ လက်ရှိ ပြိုင်ပွဲမှာ အောင်မြင်မှု ပြန်ရဖို့ အားခဲထားတာ ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကလပ်အသင်းတွေရဲ့ ကစားသမား စေလွှတ်ဖို့ ငြင်းဆန်မှုကြောင့် ဂစ်ဂ်နက်၊ သော်ဗင် တို့က လွဲလို့ မထင်မရှား ဆယ်ကျော်သက် ကစားသမားတွေကိုပဲ ရွေးချယ်ခဲ့ရတာကြောင့် လက်ရှိ မှာလည်း အုပ်စု ကနေပဲ လှည့်ပြန်ရဖို့ များနေပါပြီ။ အဖွင့်ပွဲမှာ မက္ကဆီကို ကို ၄-၁နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲ မှာတော့ တောင်အာဖရိကကို အသည်းအသန် ကစားပြီးမှ ဂစ်ဂ်နက်ရဲ့ ဟက်ထရစ် အပါအဝင် ၄-၃ နဲ့ ကပ်နိုင်ခဲ့လို့ အဖိုးတန် ၃ မှတ် ရရှိထားတာ ဖြစ်ပါတယ်။

ဂျပန် အတွက်က ဖိအား သိပ်မရှိပေမယ့် ပြင်သစ် ကတော့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်နေသေးတယ် ဆိုရင် တတ်နိုင်သမျှ အားကုန်ထုတ် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါတောင် မသေချာပါဘူး။ အိမ်ရှင် အားသာချက်၊ လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှု၊ အတွေ့အကြုံ၊ အဘက်ဘက်က သာနေတဲ့ ဂျပန်တို့ အနိမ့်ဆုံး သရေ ကစားပြီး အုပ်စု ပထမ နေရာကို အရယူသွားပါလိမ့်မယ်။
 

တောင်အာဖရိက – မက္ကဆီကို

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ)

၂၀၂၀ အိုလံပစ်မှ ၃ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ တောင်အာဖရိက ဘောလုံးအသင်း အနေနဲ့ အုပ်စု ကနေ ၃ ကြိမ်မြောက် အဖြစ် လှည့်ပြန်ရဖို့ သေချာနေခဲ့ပါပြီ။ အသက်လွန် ကစားသမား ၁ ဦးသာ ပါဝင်ခဲ့ပြီး ပြည်တွင်း ကစားသမား လူငယ်ကစားသမားတွေနဲ့ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ တောင်အာဖရိက တို့ ခြေစွမ်း အရမ်း မဆိုးခဲ့ပေမယ့် အဖွင့်ပွဲမှာ ဂျပန်ကို ၁-၀၊ ဒုတိယပွဲမှာ ပြင်သစ်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့လို့ တစ်မှတ်မှ မရသေးပဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေခဲ့တာပါ။ ဂျပန်က ပြင်သစ်ကို နိုင်ပြီး တောင်အာဖရိကတို့ မက္ကဆီကို ကို ၄ ဂိုးပြတ် အနိုင်ရမယ် ဆိုရင်တော့ နောက်တစ်ဆင့် တက်နိုင်မှာ ဖြစ်ပေမယ့် ဖြစ်နိုင်ချေ နည်းလွန်းပါတယ်။

မက္ကဆီကို ကတော့ ၂၀၂၀ အိုလံပစ်မှာ ခြေစွမ်း ထက်မြတ်နေပြီး အဖွင့်ပွဲမှာ ပြင်သစ် ကိုတောင် ၄-၁ နဲ့ အနိုင်ယူခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒုတိယပွဲ မှာတော့ ကံဆိုးစွာနဲ့ ပင်နယ်တီ ပေးခဲ့ရသလို ပွဲချိန် မိနစ် ၂၀‌ လောက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ၂-၁ ရလဒ်နဲ့ အိမ်ရှင် အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက် +၂ နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေခဲ့တဲ့ မက္ကဆီကိုတို့ အုပ်စု နောက်ဆုံးပွဲမှာ အားအနည်းဆုံး‌ တောင်အာဖရိကနဲ့ ကစားရမှာ ဖြစ်တာကြောင့် အုပ်စု ပထမနေရာ ရဖို့ထက် ကွာတားဖိုင်နယ် သေချာပေါက် တက်ရောက်နိုင်ဖို့ အတွက် မဖြစ်မနေ နိုင်ပွဲရှာဖို့ ကြိုးစားလာပါလိမ့်မယ်။

နှစ်ပွဲမှာ ရှုံးပွဲဆက် ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် တောင်အာဖရိကရဲ့ ခြေစွမ်းကို အထင်သေး လို့တော့ မရပါဘူး။ ကစားအား ကောင်းပြီး ဂိုးသွင်းခြေလည်း ရှိပါတယ်။ မက္ကဆီကို ကလည်း တိုက်စစ် ဦးစားပေးတဲ့ အသင်း ဖြစ်တာကြောင့် ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဦးမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် အနိုင် ၃ မှတ် ကတော့ မက္ကဆီကို အတွက်ပဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်