နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 Prediction Challenge – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ – ကွာတားဖိုင်နယ် တက်ရေး အကြိတ်အနယ် ကစားရဦးမယ့် အုပ်စု(B) အသင်းများ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (B)ရဲ့ အသင်းတွေ ဟာလည်း ကွာတားဖိုင်နယ် တက်ရေး မထင်မှတ်ပဲ နောက်ဆုံး မိနစ်တွေ အထိ အကြိတ်အနယ် ကစားကြရဖို့ ရှိနေပါတယ်။ အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ ၃ မှတ်စီ ရရှိထားတာကြောင့် တောင်ကိုရီးယား၊ ဟွန်ဒူးရပ်စ်၊ နယူးဇီလန်နဲ့ ရိုမေးနီးယားတို့ ၄ သင်းလုံး နောက်တစ်ဆင့် တက်ရေး အတွက် မျှော်လင့် ကိုယ်စီ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ အုပ်စု(B) မှာ ၄ သင်းလုံး ရမှတ် ၃ မှတ်စီ တူညီနေပေမယ့် တောင်ကိုရီးယားက ဂိုးကွာခြားချက် +၃ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဟွန်ဒူးရပ်စ်နဲ့ နယူးဇီလန် ကတော့ ဂိုးကွာခြားချက် ၀ ဂိုးချင်း တူညီနေပေမယ့် ထိပ်တိုက် တွေ့ဆုံမှု သာတဲ့ ဟွန်ဒူးရပ်စ်က အုပ်စု ဒုတိယနေရာ မှာ ရပ်တည်နေခဲ့ပါတယ်။ နယူးဇီးလန်က အုပ်စု တတိယနေရာနဲ့ ရိုမေးနီးယား ကတော့ ဂိုးကွာခြားချက် -၃ ဖြစ်နေတဲ့ အတွက် အုပ်စု အောက်ဆုံးမှာ ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စု နောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားနဲ့ ဟွန်ဒူးရပ်စ်၊ ရိုမေးနီးယားနဲ့ နယူးဇီလန်တို့ တွေ့ဆုံနေတဲ့ အပြင် တစ်သင်းနဲ့ တစ်သင်း ကလည်း ခြေစွမ်းချင်းလည်း သိပ်မကွာကြလို့ ခန့်မှန်းရတော့ ခက်ပါတယ်။
 

ရိုမေးနီးယား – နယူးဇီလန်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃:၀၀ နာရီ)

၂၀၂၀ အိုလံပစ် အမျိုးသားဘောလုံး ပြိုင်ပွဲမှာ ကစားအား ကောင်းတဲ့ အသင်းတစ်သင်းလို့ ပြောရမယ့် နယူးဇီလန် ဟာ အဖွင့်ပွဲစဉ်မှာ တောင်ကိုရီးယားကို အနိုင်ကစားပြီး ၃ မှတ်ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒုတိယပွဲ မှာတော့ နယူးဇီလန်တို့ ဟွန်ဒူးရပ်စ်ကို တစ်ပွဲလုံး အသားစီးနဲ့ ကစားပြီးမှ လူစားဝင် ကစားသမား ရိုင်ဗက်စ်ရဲ့ နောက်ကျဂိုးကြောင့် မထင်မှတ်ပဲ  ၂-၃ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဝက်စ်ဟမ်းက ခရစ်ဝုဒ်၊ ဝင်စတန် ရိဒ်တို့ရဲ့ ဦးဆောင်မှုနဲ့ ရုန်းအားကောင်းတဲ့ နယူးဇီလန် ဟာ ပြိုင်ဘက်ကို ပွဲချိန်ပြည့် ခြိမ်းခြောက် ကစားနိုင်တဲ့ အသင်း ဖြစ်ပြီး ခံစစ်ပိုင်း အားနည်းချက် တချို့ကို အချိန်မှီ ပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

မှတ်မှတ်ရရ ရိုမေးနီးယား ဘောလုံး အသင်း အနေနဲ့ ၁၉၆၄ တိုကျို အိုလံပစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် တိုကျိုမြို့ မှာပဲ ကျင်းပတဲ့ ၂၀၂၀ အိုလံပစ် ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုမေးနီးယားဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်းတစ်သင်း ဖြစ်ပေမယ့် အဖွင့်ပွဲမှာ ဟွန်ဒူးရပ်စ် နောက်ခံလူ အိုလီဗာရဲ့ လက်ဆောင်ဂိုးနဲ့ အဖိုးတန် ၃ မှတ် ရလိုက်တာက လက်ရှိမှာ ရိုမေးနီးယားရဲ့ ကွာတားဖိုင်နယ် တက်ရေး မျှော်လင့်ချက်ကို ရှင်သန်နေစေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပွဲ မှာတော့ ရိုမေးနီးယားတို့ ကံမကောင်းနိုင်တော့ပဲ တောင်ကိုရီးယားကို ၄ ဂိုးပြတ် ရှုံးနိမ့်မှုနဲ့ အတူ အုပ်စု အောက်ဆုံး အထိ ဆင်းပေးထားခဲ့ရပါတယ်။ ဘယ်လိုပဲပြောပြော ရိုမေးနီးယားတို့ အခုပွဲမှာ အနိုင်ရရှိတာနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်လို့ ကျိန်းသေပေါက် ဖောင်ဖျက် ကစားမယ့် သဘော ရှိနေပါတယ်။

လက်ရှိ အခြေအနေအရ ဆိုရင်တော့ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက သိပ်ပြီး မကွာဘူးလို့ ပြောလို့ရပါတယ်။ နှစ်သင်းလုံး ပြီးခဲ့တဲ့ပွဲမှာ ခံစစ်က အမှားတွေ လုပ်ခဲ့ကြပေမယ့် ခရစ်ဝုဒ်လို တိုက်စစ်မှူးမျိုး ပိုင်ဆိုင်ထားတဲ့ နယူးဇီလန်တို့ ဂိုးရဖို့ ကြိုးပမ်းတဲ့ အပိုင်းမှာ ရိုမေးနီးယားထက် ပိုပြီး လွယ်ကူမယ် ထင်ပါတယ်။ ကြိုးစား အားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပိုကောင်းတဲ့ နယူးဇီလန် ကိုပဲ မျှော်လင့်ထားချင်ပါတယ်။

 

တောင်ကိုရီးယား – ဟွန်ဒူးရပ်စ်

(ဇူလိုင်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃:၀၀ နာရီ)

အိမ်ရှင် ဂျပန် ပြီးရင် ၂၀၂၀ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် အာရှ အသင်း ၃ သင်းထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် တောင်ကိုရီးယားတို့ နယူးဇီလန်နဲ့ အဖွင့်ပွဲမှာ ခြေချော်ခဲ့ပေမယ့် ဒုတိယပွဲ မှာတော့ လီကန်အင်ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့အတူ ၄-၀ ရလဒ်နဲ့ ရိုမေးနီးယားကို အနိုင်ရခဲ့ပါတယ်။ ဆွန်ဟောင်မင် သာ ပါဝင်လာခဲ့ရင် တောင်ကိုရီးယားတို့ အခုထက် ပိုကောင်းတဲ့ အခြေအနေ တစ်ခုကို မျှော်လင့်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ မဆိုးဘူးလို့ ပြောရမှာပါ။ ဘော့ဒိုးက ဟွမ်အီဂျို၊ ဗလင်စီယာ က လီကန်အင် တို့အပြင် ဂျေလိဂ်နဲ့ ကေလိဂ် တို့မှာ ကစားနေတဲ့ လူငယ်ကြယ်ပွင့်တွေနဲ့ အလုပ်ဖြစ်နေတဲ့ တောင်ကိုရီးယားတို့ အခက်အခဲမရှိ နောက်တစ်ဆင့် တက်သွားဖို့ များပါတယ်။

ဒါပေမယ့် ဟွန်ဒူးရပ်စ်ရဲ့ ခြေစွမ်းကိုတော့ လုံးဝ လျော့တွက်လို့မရပါဘူး။ ဟွန်ဒူးရပ်စ်ဟာ အမေရိကန်ကို ကျော်ဖြတ်ပြီး ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်သလို ၂၀၁၆ ရီယို အိုလံပစ် မှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ရိုမေးနီးယားကို ရှုံးနိမ့်ခဲ့တဲ့ အဖွင့်ပွဲမှာရော၊ နယူးဇီလန်ကို အနိုင်ရခဲ့တဲ့ ဒုတိယပွဲမှာပါ ဟွန်ဒူးရပ်စ်ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ရပြီး ဖြစ်လို့ အခုပွဲမှာလည်း တောင်ကိုရီးယား ကို ကျိန်းသေပေါက် ခက်ခဲစေဦးမှာပါ။

တောင်ကိုရီးယား ခြေစွမ်းပိုသာပေမယ့် ဟွန်ဒူးရပ်စ် ကလည်း အိုလံပစ်နဲ့ ကံစပ်သလို လက်ရှိမှာ ထင်သလောက် စွမ်းဆောင်ရည် မနိမ့်တဲ့ အသင်း ဖြစ်ပါတယ်။ အကြိတ်အနယ် ကစားရမယ့် ပွဲဖြစ်ပြီး ရှုံးနိမ့်တဲ့ အသင်းက အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ရမယ့် သဘောရှိလို့ အနိုင်ရလဒ် အတွက် တိုက်စစ်ဖွင့် ကစားကြရင်း ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။ နောက်တစ်ဆင့် တက်မယ့် အသင်း ဆိုရင်တော့ ခြေစွမ်းနဲ့ တည်ငြိမ်မှု ပိုသာတဲ့ တောင်ကိုရီးယား ကိုပဲ ရွေးချယ်ချင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်